CITY-TECH ASSOCIATES
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
ရင်မှာအကြင်နာရှိတာ ကောင်းတဲ့အစဉ်အလာ အကြင်နာတရား ရင်မှာပွား အကောင်းမြတ်ဆုံး စိတ်ထား။ တို့ဗုဒ္ဓဘုရားဖြစ်ရတာ မဟာ ကရုဏာကြောင့်ရယ်ပါ၊ သတ္တ၀ါတွေကို အလွန်သနား ဘုရားဖြစ်အောင် သူကြိုးစား။ဘုရားဖြစ်တော့ သူကယ်တင် ဒုက္ခအပေါင်းလွတ် ကြောင်းပင် ဟောမြွက်ချွေတဲ့ အမြိုက်တရား ဒုက္ခခပ်သိမ်း ငြိမ်းစေသား။ အကြင်နာတရားရဲ့အစွမ်းဟာ ဘုရားတစ်ဆူတောင်ဖြစ်နိုင်တာ အကြင်နာတရားအစဉ်သာပွား စွမ်းအားကြီးသူဖြစ်စေသား . . .။
စိတ်ရဲ့သဘာဝက ဟိုအာရုံကူး၊ ဒီအာရုံကူး၊ ဟိုတွေး၊ ဒီတွေး၊ ဟိုကြံ၊ ဒီကြံပဲ။ ကောင်းတဲ့အခါလည်း ကောင်းတယ်။ဆိုးတဲ့အခါလည်း ဆိုးတယ်။ စိတ်ကူးတာ၊တွေးတာ၊ကြံတာကို '၀ိတက်'လို့ခေါ်တယ်။ ၀ိတက်ရဲ့ကျက်စားနိုင်တဲ့ နယ်ပယ်က အကျယ်ကြီးတော့ မဟုတ်ဘူး။ ခြောက်နေရာပဲရှိတယ်။ အဲဒီ ခြောက်နေရာရဲ့အပြင်ဘက်ကို ကျော်ပြီးတော့ သူထွက်လို့မရဘူး။
တချို့က ကိုယ့်အတွက်ကိုယ်ပဲတွေးတယ်။ ဒါကို'ကာမ၀ိတက်'လို့ခေါ်တယ်။ တချို့ကျတော့ သူ့အတွက်ပါတွေးတယ်။ ဒါကို'နေက္ခမ္မ၀ိ တက်' လို့ခေါ်တယ်။တချို့က သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းပဲတွေးတယ်။ ဒါကို 'ဗျာပါဒ၀ိတက်' လို့ခေါ်တယ်။တချို့က သူတစ်ပါး ကောင်းရာကောင်းကြောင်းပဲတွေးတယ်။ ဒါကို'အဗျာပါဒ၀ိတက်'လို့ခေါ်တယ်။တချို့ သူတစ်ပါးကို နှိပ်စက်ဖို့၊ ညှဉ်းပန်းဖို့၊ ဒုက္ခပေးဖို့ပဲ တွေးတယ်။ဒါကို '၀ိဟဒသာဝိတက်' လို့ခေါ်တယ်။တချို့က သူတစ်ပါးကို ကူညီဖို့၊စောင့်ရှောက်ဖို့၊ ကယ်တင်ဖို့ပဲတွေးတယ်။ ဒါကို 'အ၀ိဟ ဒသာဝိတတ်'လို့ခေါ်တယ်။ အ၀ိဟဒသာဆိုတာ ကရုဏာပဲ။
ကရုဏာဆိုတာ ပါဋိဝေါဟာရပဲ။ သူ့ရဲ့အဓိပ္ပာယ်က ဒုက္ခရောက် နေတဲ့သူတွေကိုမြင်ရတဲ့အခါ လူကောင်း၊ သူကောင်းတို့ရဲ့စိတ်နှလုံးကို တုန်လှုပ်သွားစေတဲ့သဘောဟာ ကရုဏာလို့ဆိုတယ်။ဒုက္ခရောက်နေ သူတွေကိုဒီအတိုင်းမကြည့်ရက်ဘူး၊ မမြင်ရက်ဘူး၊ လျစ်လျူမရှု ရက်ဘူး၊ မျက်နှာလွှဲခဲပစ်မလုပ်ရက်ဘူး။ ရောက်ဆဲဒုက္ခတွေကနေလွတ်မြောက် သွားအောင်ကယ်ဆယ်တယ်၊ စောင့်ရှောက်တယ်၊ ကူညီ တယ်၊ အားလုံးအဆင်ပြေအောင်လုပ်ပေးတယ်။ ဒါကရုဏာပဲ။
ဒုက္ခရောက်နေသူတွေရဲ့ ဒုက္ခတွေကိုဖျက်ဆီးပေးတာ၊ ဖယ်ရှားပေးတာ၊ ကရုဏာ၊ မိမိရဲ့သနားကြင်နာမှုကို ဒုက္ခသည်တွေရဲ့အပေါ်မှာ ဖြန့်ကြက်ပေးတာ၊မိမိရဲ့အကြင်နာတရားကိုဒုက္ခသည်တွေရဲ့အပေါ်မှာ နွေးထွေးစွာ လွှမ်းခြုံပေးတာ ကရုဏာ၊ ဒီလိုလည်းစာကဖွင့်ဆို တယ်။ အစားဆင်းရဲရင် အစားမဆင်းရဲအောင်၊ အစားချမ်းသာအောင်လုပ်ပေးတာ၊အနေဆင်းရဲရင် အနေမဆင်းရဲအောင်၊ အနေချမ်းသာ အောင်လုပ်ပေးတာ။ အကြင်နာမျက်လုံး၊ အကြင်နာစကားလုံး၊ အကြင်နာလက်တို့ဖြင့် ဒုက္ခသည်တွေရဲ့ မျက်နှာလေးတွေပြုံးလာအောင် ကိုယ်စိတ်နှစ်ပါးချမ်းသာအောင်လုပ်ပေးတာ ကရုဏာပါပဲ။
အ၀ိဟဒသာခေါ်တဲ့ ကရုဏာတရား၊ အကြင်နာတရားဟာအလွန်မြင့်မြတ်တဲ့တရားပါ။ မဟတ္တမဂန္ဓီရယ်လို့ အိန္ဒိယရဲ့ 'မဟာဝိညာဉ်တော် ကြီး'၊ တစ်ကမ္ဘာလုံးက အလေးအမြတ်ပြုရတဲ့သူတော်စင်ကြီးဖြစ်ခဲ့တာ သူ့နှလုံးသားထဲက ကရုဏာတရားကြောင့်ပါ။
သုမေဓာရသေ့လေးဟာ သူများလို တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့သာဆိုရင် ဂေါတမဗုဒ္ဓရယ်လို့ဘုရားဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဒီပင်္ကရာဘုရားရှင်ရဲ့နောက်တော်ပါးမှာ ရဟန္တာတစ်ဆူအနေနဲ့ လိုက်ပါသွားချင်ရင် ရနိုင်တဲ့အခွင့်အရေး သူ့မှာအပြည့်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသူ့ကိုယ်ပိုင်အခွင့်အရေးကိုလက်လွှတ်အဆုံးရှုံးခံလိုက်ပါတယ်။ သတ္တ၀ါတွေကိုသိပ်သနားတတ်တဲ့ 'မဟာကရုဏာတော်' အကြင်နာတရားကြောင့်ပါပဲ။
ဘုရားဆိုတာ သာမန်လူသားကနေမှ ဘုရားဖြစ်ရတာပါ။ သာမန်လူသားတစ်ယောက်ကို သုံးလောကထွတ်ထား သဗ္ဗညုဘုရားဖြစ်အောင် ထုဆစ်ဖန်ဆင်းပေးလိုက်တာဟာ ကရုဏာတရားပါ။ သာမန်ကရုဏာတော့လည်းမဟုတ်ပါဘူး။ သိပ်ပြီးတော့အင်အားကြီးတဲ့ကရုဏာမို့ 'မဟာ'တပ်ပြီး 'မဟာကရုဏာ' လို့တင်စားခေါ်ကြပါတယ်။ လောကမှာ အခက်ခဲဆုံးအရာဟာဘုရားဖြစ်ဖို့ပါ။ အဲဒီလိုအခက်ခဲဆုံးဖြစ်တဲ့ ဘုရားလိုပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီး ဘ၀မျိုးကိုတောင် ကရုဏာသွန်းလောင်းပုံထုနိုင်ပါတယ်။ အဲဒီလောက်စွမ်းပါတယ်။
'အတ္တ' ကို တဏှာ၊ မာန၊ ဒိဋ္ဌိ တို့နဲ့ထူထောင်ပါတယ်။ 'ပရ' ကိုတော့ ကရုဏာနဲ့ထူထောင်ရပါတယ်။အကြင် နာတရားနဲ့ထူထောင်ရပါ တယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိ အားကြီးတဲ့သူဟာ 'အတ္တ' ကိုပဲထူထောင်ပါတယ်။ 'ပရ' ကိုမသိကျိုးကျွံပြုထားပါတယ်။ 'ပရ' ဆိုတာ တဏှာ၊ မာန၊ ဒိဋ္ဌိတို့က အပြင်အပဖြစ်တဲ့လူမျိုးစု၊ ဆွေမျိုးစု၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည်နဲ့အတူ တစ်သီး၊ ပုဂ္ဂလတို့လည်းပါဝင်ပါတယ်။ ဘုရားရှင် လိုပုဂ္ဂိုလ်မျိုးတောင်မှအကြင်နာတရားနဲ့ထူထောင်လို့၊တည်ဆောက်လို့ရတယ်ဆိုရင် ကျန်တာတွေကတော့ ပြောစရာမရှိတော့ပါဘူး။ တကယ်လိုအပ်တာက အကြင်နာတရားပါ။ ကြင်နာသနားတတ်တဲ့နှလုံးသားပါ။
အကြင်နာတရားရဲ့ စွမ်းအားတွေကိုပြောရတာများသွားပါပြီ။ အခုဆောင်းပါးရဲ့လိုရင်းဦးတည်ရာကိုပြောပါတော့မယ်။ မြန်မာလူမျိုးဆို တာ ဆန်ကိုအဓိကထားစားတဲ့လူမျိုးပါ။ ရန်ကုန်သူ၊ ရန်ကုန်သားတွေလည်း ဆန်ကိုပဲစားကြတာပါ။ တစ်နည်းဆန်စားတယ်ဆိုတာ ထမင်းစားတာကိုပြောချင်တာပါ။ ရန်ကုန်တစ်မြို့လုံး ဘယ်ဆန်စားကြတာလဲဆိုတော့ အများစုက ဧရာဝတီတိုင်းဘက်ကဆန်ကိုစားကြ တာပါ။ ဒီတော့ဧရာဝတီတိုင်းကလယ်သမားတွေဟာ ရန်ကုန်သူ၊ ရန်ကုန်သားတို့ရဲ့ ဆန်ရှင်၊ထမင်းရှင်တွေပါ။
'ထမင်းရှင်ပါ' ဆိုတဲ့စကားလုံးကတော့ အနုပညာလောကသားတွေ အများဆုံးသုံးတဲ့ စကားလုံးပါ။ အနုပညာ ရှင်အများစုလည်းသူတို့ ထမင်းရှင်တွေကိုကြင်နာနေကြတာတွေ့နေရပါတယ်။ ဒါပေမဲ့ လူငယ်အဆိုတော်စူပါအချို့ထွက်မလာလို့လည်း ဂျာနယ်စာမျက်နှာတွေမှာ အသံတွေကြားနေရပါတယ်။ တကယ့်ရင်ထဲ၊အသည်းထဲက ကြင်နာကြရမှာပါ။ တကယ်လိုအပ်တာတွေကိုဖြည့်ဆည်းပေးကြရမှာပါ။
ပြန်လည်ထူထောင်ရေးကိစ္စတွေက နှစ်ချီ၊ လချီလုပ်ကြရမှာပါ။ စားစရာလေးပေး၊ ၀တ်စရာလေးပေးနေရုံလောက်နဲ့မလုံလောက်ပါဘူး။ အဓိက၊ကနေစရာပါ။ လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းစတဲ့ အဆောက်အအုံကိစ္စတွေစဉ်းစားရပါမယ်။ 'စားဝတ်နေ ရေး' ဆိုတဲ့အတိုင်း အစား၊ အ၀တ်ပြီးတော့ နေရေးအတွက်စီစဉ်ကြရပါမယ်။ လိုအပ်တာတွေကို အကြင်နာတရားလက်ကိုင်ထားပြီး ၀ိုင်းဝန်းထူထောင်ပေးကြရပါမယ်။ အမှန်တကယ်လိုအပ်တာတွေက လယ်ထွန်စက်၊ ဓာတ်မြေသြဇာ၊ ဒီဇယ်ဆီ၊ ပဲ့ထောင်လှေစသည်တို့ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများရဲ့ဖော်ပြချက်မှာပါရှိပါတယ်။
အဓိကက သူတို့ဘ၀သူတို့ ရပ်တည်နိုင်အောင်၊ ရုန်းကန်နိုင်အောင်၊ ထူထောင်ပေးဖို့၊ တည်ဆောက်ပေးကြဖို့ပါပဲ။တစ်ယောက်အားနဲ့မရ၊ တစ်သောင်းအားနဲ့ဆိုရင်တော့ရနိုင်ပါတယ်။ အစုအဖွဲ့တွေစုဖွဲ့ပြီးတော့ တစ်ဖွဲ့တစ်ရွာ၊ တစ်ဖွဲ့တစ်ရွာစသည်ဖြင့် လိုအပ်တဲ့ထူထောင် ရေး၊ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်သွားကြရင်သိပ်ကောင်းပါမယ်။ ရန်ကုန်မြို့ကြီးကလူအများစုဟာ 'ပေါ်ဆန်း' မှစားကြတာပါ။ ထမင်းကို ကြင်နာကြသလို ထမင်းရှင်ကိုလည်း ကြင်နာကြဖို့လိုပါတယ်။ 'ထမင်းရှင်ကို ကြင်နာလှည့်ပါ'လို့ အားလုံးကို ဖိတ်ခေါ်လိုက်ချင် ပါတယ်။
Ref : BiweeklyEleven
Posted by ဘိုဘို at 11:25 AM 1 comments
Labels: အကူအညီ
Mozilla Firefox 3 Versionသစ်အား ကမ္ဘာတစ်ဝန်းရှိ အင်တာနက်သုံးစွဲသူများက စတင်ထွက်ရှိသည့် အချိန်မှစ၍ ၂၄နာရီအတွင်း Download ဆွဲချမှုအရေအတွက်မှာ ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်းသိရသည်။
လွှင့်တင်ပြီး ငါးနာရီအတွင်း Downloadလုပ်သူအရေအတွက်ကပင် ယခင် Version များထွက်ရှိသည့် ပထမနေ့၌ Download ပြုလုပ် သည့် ပမာဏကိုကျော်လွန်သွားခဲ့သည်။ Firefox သုံးစွဲသည့် အင်တာနက်အသုံးပြုသူများ ၀ိုင်းဝန်း၍ စံချိန်တင်နိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ အင်တာနက်မှ Download ဆွဲချယူမှုအများဆုံးစံချိန်မျိုးမှာ ယခင်က ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် ထည့်သွင်းခဲ့ခြင်းမရှိသော် လည်း ယခုစံချိန်ကို အသိအမှတ်ပြုခံသွားရရန် စီစဉ်ထားသည်။
Firefox 3 ၌ ၀င်နေကျဝက်ဘ်ဆိုက်များ သီးသန့်မှတ်သားနိုင်မှု၊ ဗိုင်းရပ်စ်ကူးစက်စေသော ၀က်ဘ်ဆိုက်များအား ပိတ်ပင်မှုနှင့် အခြားမြန်နှုန်းမြင့်ဝန်ဆောင်မှုများ ပါဝင်သည်။
Mozilla Firefox browserသည် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ Internet Explorer ပြီးလျှင် ကမ္ဘာတစ်ဝန်း လူသုံးအများဆုံး Browser ဖြစ်သည်။
Posted by ဘိုဘို at 1:22 AM 1 comments
Labels: အားလုံးအတွက် နည်းပညာ
ဂျာမန်ကားကုမ္ပဏီဘီအမ်ဒဗလျူသည် အ၀တ်ကိုယ်ထည်ဖြင့် ဖုံးအုပ်ထားသည့်ကား Gina ကို ထုတ်လုပ်လိုက်ကြောင်း သိရသည်။
အ၀တ်စမျှင်ပုံစံကို လိုသလိုပြောင်းလဲနိုင်ပြီး ခလုတ်တစ်ချက်နှိပ်ရုံဖြင့် မီးလုံးနှင့်အမိုးဖွင့်၊ ပိတ်လုပ်နိုင်ရန် စီစဉ်ထားသည်။ ပြိုင်ကားပုံစံ Gina ၏ ကိုယ်ထည်ကို ချုပ်ရိုးမဲ့အ၀တ်ဖြင့်သာ လွှမ်းခြုံထားသောကြောင့် သတ္တုကိုယ်ထည်ကဲ့သို့မဟုတ်ဘဲ ပုံစံအလွယ်တကူ ပြောင်းလဲနိုင်သည်။
ကားကိုယ်ထည်အ၀တ်မှာ သတ္တုဝိုင်ယာကြိုးပျော့များ ပါဝင်ပြီး ဟိုက်ဒရောလစ်စနစ်ဖြင့် ထိန်းထားသော ငွေမျင်ချည်ထည်ဖြစ်သည်။ Gina မှာ Geometry and Functions In Adaptions ၏ အတိုကောက်ဖြစ်သည်။ ချုပ်ရာ၊ ဖာရာမရှိသော တစ်လွှာတည်းရှိသည့် အ၀တ်ကိုယ်ထည်ကြောင့် ကားဘောနတ်ဖုံး၊ အမိုးဟူ၍ သီးသန့်အစိတ် အပိုင်းများမပါရှိတော့ဘဲ စက်ဖုံးဖွင့်လို၊ အမိုးဖွင့်လိုပါက ဟိုက်ဒရောလစ်စနစ်ဖြင့် ယာဉ်မောင်းသူက ဖွင့်နိုင်မည် ဖြစ်သည်။ အင်ဂျင်ကိုကြည့်လိုပါက ဘောနတ်ဖုံးဖွင့်သကဲ့သို့မဟုတ်ဘဲ လူငယ်၏တီရှပ်အင်္ကျီကို ရင်ဘတ်ဆွဲဟသကဲ့သို့ ဖွင့်ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ယင်းကားသစ်ကို ထုတ်လုပ်ရောင်းချသွားဦးမည် မဟုတ်ဘဲ စီးပွားဖြစ်ရောင်းချသွားနိုင်ရန် ဆက်လက်လေ့လာသွားမည်ဖြစ်သည်။
Posted by ဘိုဘို at 1:06 AM 1 comments
Labels: အားလုံးအတွက်
ဒါပုံကတော့ အရင်တုန်းက မျက်စီစမ်းတဲ့စာလေးပါ..
အခုခေတ်မှာတော့ ဒီဇိုင်းပြောင်းသွားပါပြီ..
အခုခေတ်ဒီဇိုင်းမှာကော သင့်မျက်လုံးအား ဘယ်လောက်ကောင်းလဲ.. စမ်းကြည့်ပါလား
Posted by ဘိုဘို at 5:16 PM 9 comments
Labels: ဟာသလေးများ
အကောင်းဆုံးဖြစ်အောင်
ငါလုပ်ပေးနေရလို့ ငါ့ဘ၀အတွက်
ငါ့ဆန္ဒကိုတောင် .. ငါမသိခဲ့ရဘူး ...
ကံကြမ္မာဆိုတာ လူကလုပ်တာပါဆို
ငါလုပ်တာ ဘာမှဖြစ်မလာခဲ့ ...
cါခံခဲ့ရတဲ့ အကြွေးတွေအတွက် ...
လောကကို မျက်နှာချင်းဆိုင် ...
ကံကြမ္မာကို ဗျင်းနိုင်ဖို့ ...
ကဲ .. အခုငါအိပ်နေတယ် ...
Posted by ဘိုဘို at 3:29 PM 2 comments
Labels: တွေးမိတွေးရာ
၁၅၀၀ ပြည့်လာအောင်
ငါဘက်က အချစ်တွေ
ပုံအောပေးခဲ့လည်း
တဖက်သက်သာ ဖြစ်ခဲ့ရတယ်..
ငါအိပ်မက်တွေ အကြောင်း
နင်တကယ်ပဲ မသိခဲ့တာလား ???
မသိဟန်ဆောင်နေခဲ့တာလား ???
ငါတကယ်ကိုပဲ
မစဉ်းစားတတ်တော့ဘူးဟာ...
ဆော်ရီးပါ သူငယ်ချင်းရယ်..။
နင်မချစ်နိုင်မှန်း သိပေမယ့်လည်း
ငါနင့်ရဲ့ အချစ်ကို
မျှော်လင့်နေမိတုန်းပဲ..
ငါရဲ့မဖြစ်နိုင်တဲ့
မျှော်လင့်ချက် တစ်ခုအတွက်
လျှော်ကြေးအနေနဲ့
ဒီနှလုံးသားကို နင့်စိတ်ကြိုက်
စီရင်ခွင့် ပေးထားပါတယ်...
Posted by ဘိုဘို at 5:46 PM 4 comments
Labels: တွေးမိတွေးရာ
ဒီပုံလေးက ကျွန်တော်နဲ့ Online မှာ မောင်နှမလိုခင်တဲ့ ကောင်မလေးတယောက်ရဲ့ Friendster ထဲကနေယူထားတာပါ..Friendster ka ဒီပုံလေးရဲ့ပိုင်ရှင်ဘယ်သူလဲ သိလား.. အဲဒီကောင်မလေးက အရမ်းချောတယ်... သူ့အစ်ကိုကလည်း အရမ်းချောတယ်.. သူ့ညီမလောက်နီးနီးချောတာ.. ဒီဘလော့ဂ်ကိုလာလည်တဲ့ ကောင်မလေးတွေ သူ့အစ်ကို ကို စိတ်ဝင်စားရင်ပြောနော်.. ကျွန်တော်ပြောပေးမယ်.. အခမဲ့ကူညီမှာနော်...နောက်ပြီး သူငယ်ချင်းတို့ကော ဒီပုံထဲက အကောင်လေးတွေနဲ့ အတူတူ စာသင်ချင်ကြလား.. သင်ချင်ရင်ပြောနော်..
Posted by ဘိုဘို at 3:41 PM 1 comments
Labels: အကြိုက်ဆုံး ဓါတ်ပုံများ
* နိုင်ငံတကာသတင်းဆိုသည်မှာ CCTVကိုဆိုလိုခြင်းဖြစ်သည်။
* အခြားနိုင်ငံမှ မိမိထံလာပါက "ဂါရ၀ပြုတွေ့ဆုံရန်"လာခြင်းဖြစ်ပြီး၊ မိမိကသွားရသူဖြစ်ပါက "သွားရောက်တွေ့ဆုံ"ဟုသုံးစွဲရသည်။
* သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ၊ နှစ်ယောက်စမှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍ တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)
* နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကိုဆိုလိုခြင်းဖြစ်သည်။
* နိုင်ငံတော်အကြီးအကဲများသည် "လိုအပ်သည်များကိုဖြည့်စွက်မှာကြား၍ ပြန်လည်ထွက်ခွာသွား"သူများသာဖြစ်ကြသည်။
* ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် “အဝါရောင်ဝမ်းဆက်” သို့မဟုတ် “အပြာရောင်ဝမ်းဆက်" များသာဝတ်ဆင်ကြသည်။
* မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ် (၂၀)နီးပါးတည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍ မကုန်နိုင်။
* နိုင်ငံတော်၏အသုံးစရိတ်နှင့်ရသုံးမှန်းခြေငွေစာရင်းသည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။ (ဝါ) အသိပေးရန်မလိုအပ်။
* ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်းများဆောက်လုပ်ရာတွင်နိုင်ငံတော်မှ စေတနာဖြင့်အကုန်အကျခံပေးနေရသည်။
* စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများသည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံးအဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။
* မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစုအတွက် မြန်မာ့ အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓါတ်" ဆိုသည့်ဖွင့်ဆိုချက်ကို လွင့်ထုတ်ပေးနေရသည်။
* နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်းသည် သတင်းထူးဖြစ်သည်။
* ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများသည် ပညာရေး၏အရေးပါပုံကို မသိကြချေ။ နိုင်ငံတော်အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟု မှာကြားရသည် ဟူ၏။
* အမြဲကြားရလေ့ရှိသည့်စကားလုံးများ "ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"
* အမြဲမကြားရသောစကားလုံးများ "စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာသွားခြင်း"
* မေးခွန်းနှင့်အဖြေမှန်အောင်မဖြေနိုင်ပါက ပြန်ကြားရေးဝန်ကြီး ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိကောင်းရန်မလို။)
Posted by ဘိုဘို at 11:35 AM 8 comments
Labels: ဟာသလေးများ
1. Watch the sunset together.
2. Whisper to each other.
3. Cook for each other.
4. Walk in the rain.
5. Hold hands
6. Buy gifts for each other.
7. Roses.
8. Find out their favorite cologne/perfume and wear it every time you're together.
9. Go for a long walk down the beach at midnight.
10. Write poetry for each other.
11. Hugs are the universal medicine.
12. Say only when you mean it and make sure they know you mean it.
13. Give random gifts of flowers/candy/poetry etc.
14. Tell her that she's the only girl you ever want. Don't lie!
15. Spend every second possible together.
16. Look into each other's eyes.
17. Very lightly push up her chin, look into her eyes, tell her you love her, and kiss her lightly.
18. When in public, only flirt with each other.
19. Put love notes in their pockets when they aren't looking.
20. Buy her a ring.
21. Sing to each other.
22. Always hold her around her hips/sides.
23. Take her to dinner and do the dinner for two d eal.
24. Spaghetti? (Ever see Lady and the Tramp?)
25. Hold her hand, stare into her eyes, kiss her hand and then put it over your heart.
26. Dance together.
27. I love the way a girl looks right after she's fallen asleep with her head in my lap.
28. Do cute things like write I love you in a note so that they have to look in a mirror to read it.
29. Make excuses to call them every 5 minutes
30. Even if you are really busy doing something, go out of your way to call and say I love you.
31. Call from your vacation spot to tell them you were thinking about them.
32. Remember your dreams and tell her about them.
34. Tell each other your most sacred secrets/fears.
35. Be Prince Charming to her parent s.
36. Brush her hair out of her face for her.
37. Hang out with his/her friends.
38. Go to church/pray/worship together.
39. Take her to see a romantic movie and remember the parts she liked.
40. Learn from each other and don't make the same mistake twice.
41. Describe the joy you feel just to be with him/her.
42. Make sacrifices for each other.
43. Really love each other, or don't stay together.
44. Let there never be a second during any given day that you aren't thinking about them, and make sure they know it.
45. Love yourself before you love anyone else.
46. Learn to say sweet things in foreign languages.
47. Dedicate songs to them on the radio.
48. Fall asleep on the phone with each other.
49. Stand up for them when someone talks trash.
50. Never forget the kiss goodnight and always remember to say, "Sweet dreams."
Posted by ဘိုဘို at 5:47 AM 1 comments
Labels: အားလုံးအတွက်
အင်းဆက်ပိုးမွှားများကို ကြော်လှော်၊ ချက်ပြုတ်စားသုံးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ် သည့်အပြင် သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းမွန်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။
ပုရစ်ကြော်၊ ပေါက်ဖတ်ကင်စသည်တို့သည် အာဟာရမျိုးစုံပါဝင်သည့် ဟင်းလျာဖြစ်သကဲ့သို့ သမားရိုးကျအသားများ စားသုံးခြင်းထက် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု နည်းသည်ဟုဆိုသည်။
အချို့သောအင်းဆက်များသည် အသားနှင့်ငါးများထက် ပရိုတိန်းပါဝင်မှု နှစ်ဆပိုသည့်အပြင် ကျန်းမာရေးအတွက် လိုအပ်သောဗီတာမင် နှင့် သတ္တုဓာတ်များ ပါဝင်နေသည်။
အဆီပါဝင်မှုများသော အသင့်စားမုန့်ထုပ်များ၏ ဈေးကွက်ကိုပင် ပိုးမွှားများက အစားထိုးဝင်ရောက်လာလိမ့်မည်ဟု ပညာရှင်အချို့က ခန့်မှန်းနေကြသည်။
လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၁၃ နိုင်ငံ၌ ပိုးမွှားအမျိုးအစား ၁၇၀၀ခန့်ကို စားစရာတစ်ခုအဖြစ် နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေကြပြီ ဖြစ်သည်။
တိုင်ပေတွင် ပုရစ်ကြော် ဆီပူထိုး၊ ပေါက်ဖတ်ကြော်တို့မှာ လူကြိုက်များသော စားစရာများဖြစ်နေသည်။ မက္ကဆီကိုတွင်လည်း ပေါက်ဖတ် ကင်၊ ပိုးတုံးလုံးဟင်းလျာများမှာ ဈေးကြီးပေးရသော စားစရာများဖြစ်နေသည်။
ပါပူအာနယူးဂီနီတွင် ငှက်ပျောသီးအတွင်းထည့်၍ထုပ်သော သာကူပိုးကောင်ဆိုသော စားစရာဆန်း တစ်မျိုးကို စားသုံးနေကြသကဲ့သို့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းသားများသည်လည်း ပုစဉ်းကိုစားကြသည်ဟုဆိုသည်။
အရှေ့တောင်အာရှ ဈေးကွက်အတွင်းတွင် သရေစာမုန့်ထုပ်များမှာ လမ်းဘေးစာအဆင့်တွင်သာရှိနေသော်လည်း ပိုးမွှားများကိုကြော် လှော် ချက်ပြုတ်စားသည်များမှာစားသောက်ဆိုင်ကြီးများတွင်သာ ရရှိနိုင်သော တန်ဖိုးကြီးပစ္စည်းဖြစ်သည်။
မြောက်အာဖရိကတွင်လည်း နှံကောင်ကို 'ကောင်းကင်ပုစွန်'ဟု တင်စားကြပြီး အလွန်နှစ်ခြိုက်ကြသော အစားအစာဖြစ်သည်။ ဥရောပ တွင် ပိုးမွှားဟင်းလျာများမှာ ရေပန်းစားခြင်း မရှိသေးပေ။
ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ပညာရှင်ပက်ထရစ်ဒါ့စ်တင်က ပိုးမွှားများကို စားချင်စဖွယ်သာပြင်ဆင်နိုင်ပါက ဈေး ကွက်ကျယ်ပြန့်လာမည်ဟု သုံးသပ်ခဲ့သည်။
''ပိုးကောင်တွေကို မြင်နေကျရွံစရာ၊ ကြောက်စရာပုံစံမျိုးမဖြစ်အောင် တည်ခင်းဖို့တော့လိုပါတယ်''ဟု ဒါ့စ်တင်ကသုံးသပ်ခဲ့သည်။
ယခုနှစ် အစောပိုင်းကလည်း 'ဗဥက အင်းဆက်ပိုးမွှားများကို စားသောက်ဖွယ်ရာအဖြစ် စားသုံးခြင်း (Entomophagy)' ဟုခေါ်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုလုပ်ခဲ့ပြီဖြစ်သည်။
ပိုးမွှား စားသောက်ဖွယ်ရာများ၏ အခန်းကဏ္ဍ မည်မျကျယ်ပြန့်လာဦးမည်ဆိုသည်ကမူစောင့်ကြည့်ရဦးမည်ဖြစ်သည်။
Source: Daily Mail
Ref : BiweeklyEleven
Posted by ဘိုဘို at 1:03 PM 5 comments
Labels: အားလုံးအတွက်
လေဘေးသင့်သူများအတွက် ကယ်ဆယ်ရေးအလှူများမှာ များစွာထိရောက်ကြပါသည်။ လက်ရှိအချိန်တွင်မူ ကယ်ဆယ်ရေး အလှူနှင့် အတူ ပြန်လည်ထူထောင်ရေးအလှူများမှာလည်း လိုအပ်လျက်ရှိနေသည်။
ထို့ကြောင့် ဒုက္ခသည်တောင်သူများအနေဖြင့် ကယ်ဆယ်ရေးအလှူနှင့်အတူ မိမိတို့ဘ၀ထူထောင်ရေး အတွက် အရေးပါသည့် တစ်ပိုင် တစ်နိုင် ပြန်လည်ထူထောင်ရေးအလှူများကိုအားထားမျှော်လင့်နေကြသည်။
မုန်တိုင်းသင့်ဒေသများ၏ အဓိကပင်မစီးပွားရေးလုပ်ငန်းများမှာ လယ်ယာ၊ ရေလုပ်ငန်းနှင့် ဆားလုပ်ငန်းတို့ဖြစ်ကြောင်းသိရ သည်။ မုန်တိုင်းကြောင့် လယ်ဧက ၁.၃၇ သန်းရေငန်လွှမ်းခံခဲ့ရသည်။ ရေလုပ်ငန်းမှ ကမ်းနီးကမ်းဝေးငါးဖမ်းလှေပေါင်း ၂၀၀၀ ကျော်နှင့်မွေးမြူရေး ကန်များ ဧက ၄၀၀၀၀ ၀န်းကျင်ပျက်စီးခဲ့သည်။ စက်မပါဘဲ လက်ခတ်လှေဖြင့် ငါးဖမ်းသည့် လှေများမှာ လည်း ပျက်စီးခဲ့သည်။ အအေး ခန်းစက်ရုံများ ၅၅ ရုံထိခိုက်ခဲ့သည်။ ဆားလုပ်ငန်းအားလုံး ပျက်စီးသွားခဲ့သည်။ ပျက်စီးခဲ့မှုများ အတွက် ပြန်လည်ထူထောင်ရာတွင် ကယ် ဆယ်ရေးအလှူများကဲ့သို့ပင် တစ်ပိုင်တစ်နိုင်အလှူများက ထိရောက်သည့်အနေ အထားတွင်ရှိနေမည်ဖြစ်သည်။
တောင်သူနှင့် ရက်ပေါင်း ၃၀
တောင်သူများအတွက် စိုက်ပျိုးချိန်မှာ ယခုဇွန်လဆန်းမှစ၍ရေတွက်ပါက အလွန်ဆုံးရက်ပေါင်း ၃၀ သာကျန်ရှိတော့သည်ဟု တောင်သူများထံမှသိရသည်။ မြန်မာ့ဆယ့်နှစ်လရာသီဖြင့်တွက်ပါက ၀ါဆိုလဆန်းတွင် မည်သည့်တောင်သူမဆို ထွန်တုံးပိတ် ရတော့မည်ဖြစ်သည်ဟု ဆိုသည်။
ယင်းအတွက် အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရန် လယ်ထွန်ကိရိယာနှင့် မျိုးစပါးမှာအဓိကကျနေသည်။ လိုအပ်သည်ဟုဆိုရာတွင် ဒေသနှင့်ကိုက်ညီသည့် လယ်ထွန်ကိရိယာ၊ မျိုးစပါးများကိုကူညီခြင်းဖြင့် ပို၍ပင်ထိရောက်သည်ဟုလည်း တောင်သူများက မှတ်ချက်ပြုပါသည်။
"ကျွန်တော်က ငပုတောမြို့နယ် အလယ်ကျွန်းဒေသကပါ။ ကြာကန်ကျေးရွာမှာ စပါးစိုက်တယ်။ လယ်ထွန်ဖို့ ရက်ပေါင်း ၃၀ ၀န်းကျင်ပဲ အချိန်ရတော့တယ်။ ဒီဇွန်လကုန်မှာ ထွန်တုံးပိတ်နိုင်ရင်အကောင်းဆုံးပဲ။ နောက်ကျရင် အထွက်နည်းမယ်။ နောက်မိုးမကောင်းရင် စပါးတွေရေငတ်တဲ့ဒဏ်ခံရမယ်။ ဒီတော့ ရက်ပေါင်း ၃၀ လိုတယ်။ ဒီအချိန်မှာအပြီးထွန်နိုင်ဖို့လိုတယ်" ဟု ကြာကန်ကျေးရွာမှ ဒေါက်တာအောင်ကျော်ဇောက ရှင်းပြခဲ့သည်။
"၀ါဆိုလဆန်းမှာ ဘယ်တောင်သူမဆိုစိုက်ပျိုးပြီးဖြစ်နေရတယ်။ ဒီတော့ ထွန်ယက်တာက ၀ါဆိုလဆန်းမတိုင်ခင်အပြီးသတ်ရ မယ်။ အဲဒီအတွက် အခုကနေရေတွက်ရင် ရက်ပေါင်း ၃၀ ၀န်းကျင်ပဲအချိန်ရတော့တယ်" ဟု လပွတ္တာမြို့နယ် ရေဝေကျေးရွာမှတောင်သူကြီးဦးထွန်းရီက ရှင်းပြပါသည်။
တစ်ပိုင်တစ်နိုင်ကူဖို့လိုနေတဲ့ တောင်သူများအတွက် လယ်ထွန်စက်
တောင်သူများအချိန်မီစိုက်ပျိုး နိုင်ရေးအတွက် အဓိကကျသည်မှာ ထွန်စက်များပင်ဖြစ်ကြောင်း၊ တန်ဖိုးများပြီး အရေအတွက် နည်းသည့် ကိရိယာမျိုးထက် အဖိုးနည်း၍ အစီးရေများများရနိုင်သည့် ကိရိယာများပံ့ပိုးခြင်းဖြင့် ထိရောက်မည်ဖြစ်သည်ဟု လည်းတောင်သူများကဆိုသည်။
"လက်တွန်းထွန်စက်နဲ့ တောင်သူတွေကိုမျှမောင်းပေးမယ် လို့ပြောပါတယ်။ ဥပမာ- ကျွန်တော် ၅ ဧက ထွန်ပြီး အခြားတောင် သူ ၅ ဧက ထွန်၊ နောက်တစ်ဦးကိုဆက်ထွန်ပေး ဒီလိုပုံစံကိုပြောတာပါ။ လူစုံမောင်းပြီးမှ ကျွန်တော့်ဆီတစ်ခေါက်ပြန်ရောက် မယ်။ကျွန်တော်တို့သပြုကုန်း ကျေးရွာတစ်အုပ်စုလုံးအတွက် လက်တွန်းထွန်စက် ၃၀ ကျော်ရတယ်။ ကျွဲ အကောင် ၃၀ ကျော် နိုင်ငံတော်ကပေးထားတယ်လို့ သိရပါတယ်။ ဒီအထဲက ကျွန်တော်တို့ ရေဝေရွာအတွက် လက်တွန်းထွန်စက် သုံးစီးရမယ်။ ကျွဲကလည်း သုံး ကောင်ပေးမယ်လို့ပြောထားပါ တယ်။ ကျွန်တော်တို့ရေဝေရွာကဧက ၁၈၀၀လောက်ရှိပါတယ်။ လယ်ထွန် ရက်က ၃၀ ရက်လောက်ပဲကျန်တယ်။ မှီ၊ မမှီမသိဘူး။ နောက်ကျရင် အထွက်ဆုတ်တယ်။ ပိုးလိုက်တယ်"ဟု လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ရေဝေရွာမှ တောင်သူကြီး ဦးလှမြင့်က ရှင်းပြပါသည်။
နိုင်ငံတော်မှလည်း လိုအပ်သည့် ဧကအတွက် လက်တွန်းထွန်စက်နှင့် မျိုးစပါး၊ ၀မ်းစာများကူညီလျက်ရှိနေပြီး ယင်းတို့နှင့်အ တူတောင်သူများ၊ ရေလုပ်သားများ ပြန်လည်ထူထောင်ရေးအတွက် တစ်ပိုင်တစ်နိုင်လှူဒါန်းမှုများမှာလည်း လိုအပ်လျှက်ရှိ သည်ဟု လေ့လာသူများက သုံးသပ်ကြပါသည်။
"တစ်ပိုင်တစ်နိုင်အလှူတွေ လိုအပ်ပါတယ်။ တောင်သူတွေအတွက် ရက် ၃၀ ၀န်းကျင်ပဲအချိန်ရတော့တယ်။ နောက်ကျရင် အထွက်နည်းမယ်။ နောက်မိုးမရှိရင် သက်ကြီးစပါးတွေ ရေငတ်တဲ့ဒဏ်ခံရမယ်။ ဒီတော့ ရာသီချိန်မီဖို့အတွက် နိုင်ငံတော်အပြင် တစ်ပိုင်တစ်နိုင်လှူနိုင်ရင် တောင်သူတွေအတွက် အထိရောက်ဆုံးထူထောင်မှုဖြစ်လာမှာပဲ။ တန်ဖိုးနည်းနည်းနဲ့တောင်သူတွေ ကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်တဲ့ ထွန်စက်မျိုးတွေ အများကြီးပါ။ ဥပမာ- တစ်စီးမှကျပ် ၆ သိန်းပဲပေး ရတဲ့တစ်ဘီးထွန် စက်ဆိုရင် တောင်သူများအချိန်မီစိုက်ပျိုးနိုင်ဖို့ အများကြီးကူညီနိုင်တယ်" ဟု လေ့လာသူ တစ်ဦးကဆိုသည်။
"လက်တွန်းထွန်စက်က တစ်စီးကို ကျပ် ၁၃ သိန်းနဲ့အထက်မှာရှိတယ်။ တစ်ဘီးထွန်ကတစ်စီးကို ၆ သိန်းဆိုတော့ နှစ်စီးတစ်စီး စာဖြစ်နေတယ်။ တကယ်ကူညီမယ်ဆိုရင် တစ်ဘီးထွန်ကထိရောက်ပါတယ်။ လက်တွန်းထွန်စက်က တစ်ရက်ကို ၂ ဧကကနေ ၃ ဧကထွန်နိုင်တယ်။ ၃ ဧကဆိုတာကလည်း ကျွမ်းကျင်တဲ့ ထွန်စက်သမားဖြစ်ရမယ်။ မြေအနေအထားက ကောင်းရမယ်။ အနိမ့်ပိုင်းရွှံ့ထူရင် သိပ်မပြီးဘူး။ တစ်ဘီးထွန်ကလည်းတစ်ရက်ကိုအနည်းဆုံး ၂ ဧကနီးပါးထွန်နိုင်တယ်။ ဒီတော့ သိပ်မကွာ ဘူး။ တစ်ပိုင်တစ်နိုင်လှူမယ့် သူတွေအတွက်တော့အကောင်း ဆုံးပါပဲ" ဟုငပုတောမြို့နယ်၊သက္ကယ်သောင်ကျေးရွာမှ ဆန်စက် လုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါသည်။
ထွန်တုံးပိတ်ချိန်နဲ့ကိုက်ညီမယ့် ဒေသမျိုးရင်းမျိုးစပါးပဲလိုတယ်
ထွန်တုံးပိတ်မည့်အချိန်၊ ရာသီချိန်အမီထွန်ယက်ပြီးသော်လည်း တောင်သူများအတွက် လိုအပ်နေသေးသည့်အရာမှာ ဒေသ၊ အချိန်အခါနှင့် ကိုက်ညီမည့်မျိုးစပါးများပင် ဖြစ်သည်ဟုလည်း တောင်သူများထံမှသိရှိရသည်။
"ကျွန်တော်တို့ဘက်မှာ အခု ချိန်စိုက်မယ်ဆိုရင် လက်ရုံးကြီးစပါး ကောက်ကြီးစပါး၊ ငစိန်စပါး ဒီလိုသက်ကြီးမျိုးတွေစိုက်ပါ တယ်။ ဒါကအခု နယုန်လထဲမှာ ထွန်တုံးပိတ်မှစိုက်လို့ရတာ။ ၀ါဆိုလဆန်းမှ ထွန် တုံးပိတ်မယ်ဆိုရင်တော့ သက်ငယ်စပါးပဲ စိုက်လို့ရတော့တယ်။ ပေါ်ဆန်းယဉ်၊ မနောသုခ၊ သီးထပ်ရင် လိုစပါးမျိုးတွေပေါ့။ ဒီတော့အရေးအကြီးဆုံးက ထွန်တုံးဘယ် တော့ ပိတ်မလဲတွက်ရမယ်။ လက်ရှိ အနေအထားနဲ့ဆိုအမြန်ဆုံးထွန်နိုင် ရင်တောင်နယုန်လကုန်ဝါဆိုလဆန်း မှထွန်ပိတ်နိုင် မယ့်ပုံဖြစ်နေတော့ သက်ငယ်စပါးပဲစိုက်တာအကျိုးရှိပါတယ်" ဟု လပွတ္တာမြို့နယ် ကြာနီကန်ကျေး ရွာအုပ်စုမှ တောင်သူကြီး ဦးဆန်းဦး က ရှင်းပြပါသည်။
"ကျွန်တော်တို့ ငပုတောမှာ ခုထွန်ဖို့အတွက် လုံးပန်းနေတယ်။မျိုးစပါးကတော့ ဘာပေးအုံးမလဲ မသိသေးဘူးလေ။ ၀ါဆိုလထဲ မှာပဲ စိုက်စိုက်၊ ၀ါခေါင်လဆန်းမှာပဲစိုက် စိုက် မနောသုခလိုသက်ငယ်စပါးပဲ စိုက်လို့အကျိုးရှိမယ်။ သက်ကြီးစပါးစိုက်လို့က တော့ နောက်မိုးမရှိရင်အားလုံးသွားပဲ" ဟု ငပုတောမြို့နယ်၊ ကညင်ငူကျေးရွာမှ တောင်သူကြီး ဦးမြင့်အောင်ကဆိုသည်။
မုန်းတိုင်းသင့်ဒေသများအတွက် အရေးတကြီးလိုအပ်နေသည့် မျိုးစပါးနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေး သုတေသီတစ်ဦး ဖြစ်သူ ဒေါက်တာမျိုးအောင်ကျော်က "မျိုးစပါးလိုအပ်ချက်ကို မပြောခင်မှာ လယ်ယာလုပ်ငန်းခွင်ပြန်စနိုင်မယ့် ဧရိယာဘယ် လောက်ရှိနိုင်သလဲ ဆိုတာပြောရမယ်။ ဧရာဝတီတိုင်း ဧကတစ်သန်းကျော်အကုန်လုံး ပြန်စနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ လေ့လာမှုတွေအရတော့ ပြန်စနိုင်မယ့်ဧရိယာဟာ ဧက ၃ သိန်းနဲ့ ၅ သိန်းကြား မှာပဲရှိနိုင်လိမ့်မယ်။ ဒီအတွက် မျိုးစပါးလိုအပ် ချက်က စပါးတင်း ၆ သိန်းနဲ့ ၁၀ ကြားမှာပဲရှိမယ်။ မျိုးစပါးဆိုတဲ့နေရာမှာလဲ ပြည်ပက ရေငန်ဒဏ်ခံနိုင်တဲ့မျိုးစပါးလိုအပ်ချက် က မရှိသလောက်နည်းပါးလိမ့်မယ်" ဟု သုံးသပ်ပါသည်။
"ဧရာဝတီတိုင်းမှာ ထိခိုက်သွားတဲ့ ဧရိယာထဲမှာ ပေါ်ဆန်းမွှေးစပါးမျိုး အဓိကစိုက်တဲ့ ဧရိယာတွေပါ နေတယ်။ ဒီစပါးမျိုးဟာ ဒီဒေသမှာ စိုက်လို့ရတဲ့ ဒေသမျိုးရင်း (Local) ဖြစ်သလို အရည်အသွေးကောင်းတဲ့ စပါးမျိုး (HQVs) ဖြစ်တာကြောင့် အထွက် နှုန်းတော့ညံ့တယ်။ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ မြေကြီးသဘာဝဟာ မိုးဒဏ်၊ လေဒဏ်၊ ရေကြီးနစ်မြှုပ်မှု ဒဏ်ကို ခံနိုင် ရည်ရှိတယ်။ ဧရာဝတီတိုင်းမှာ မူလစိုက်နေကြ စပါးမျိုးတွေဖြစ်တဲ့ မနောသုခ၊ ရွှေဝါထွန်း၊ ဆင်းရွှေဝါတို့လို အထွက်ကောင်း စပါးမျိုး(HYVs)တွေ၊ ငစိန်၊ တောင်ယာ၊ နှံကား၊ ငကျွဲ၊ မီးဒုံးတို့ လို ဒေသမျိုးရင်း (Local) တွေကို ပြန်လည်စိုက်ပျိုးတာဟာ ပိုပြီးတော့ ကောင်းပါတယ်" ဟု ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှဒေါက်တာထွန်းဝင်းက အကြုံပြုပါသည်။
ဒေသရင်း မျိုးစပါးရဖို့ (Seed Reduce Program)
"ဒေသရင်းမျိုးစပါးတွေ ရဖို့ခက်တယ်ဆိုပေမယ့် ရေရှည်ကို မျှော်မှန်းတွက်ဆကြရမှာပါ။ ဒီဒေသနဲ့ ဒီရေမြေနဲ့ ကိုက်ညီတဲ့ ဒေသမျိုးရင်းကိုပဲ စိုက်ကြဖို့အတွက် ဒီဒေသကပဲ ရအောင်ရှာကြရမှာပါ။ အခု တစ်မိုးတစ်သီး ဖြစ်ရင်ပြီးရော လုပ်မယ်ဆိုရင်၊ ရေရှည်မှာ ဒေသမျိုးတွေရောထွေးတဲ့ပြဿနာ ရောက်လာနိုင်တယ်။ ဧရာဝတီတိုင်း ငါး ခရိုင်မှာ ဟင်္သာတ၊ မြောင်းမြနဲ့ မအူပင်ခရိုင်တွေကနေ လိုအပ်နေတဲ့မျိုးတွေ ရနိုင်ပါတယ်။ ဒီအတွက်လဲ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနတက္ကသိုလ် က နည်းပညာပညာရှင် မစ္စတာမာတင်ရဲ့ အကြံပေးချက်နဲ့ Seed Reduce Program တစ်ခုရေးဆွဲပြီးပါပြီ။ ဧရာဝတီတိုင်း အတွင်းက မုန်တိုင်းဒဏ်မခံရတဲ့ နေရာတွေမှာ ရှိနေတဲ့ မျိုးသန့်ခြံတွေ၊ စက်ပိုင်တွေဆီက လှောင်ထားတဲ့ စပါးတွေအပြင်၊ မုန်တိုင်းဒဏ်ခံ ဒေသအတွင်းက ရေစိုမိုးမိစပါးတွေထဲကလဲ လက်ခံနိုင်တဲ့ Germinization ရှိတဲ့ မျိုးစပါးကို ရွေးထုတ်ရပါ့မယ်။ ရန်ကုန်တိုင်းအတွက်ဆိုရင်လဲ ထန်းတပင်ဧရိယာကနေ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးတောင်ဘက်ခြမ်း ကိုပံ့ပိုးသွားလို့ရတယ်" ဟု ဒေါက်တာ မျိုးအောင်ကျော်က ပြောကြားသည်။
ပိုက်နှင့်လှေကူညီရုံဖြင့် ကိုယ့်ဘ၀ကိုယ်ပြန်မတ်နိုင်မယ့် ရေလုပ်သားများ
မြန်မာ့ရေလုပ်ငန်း၏ ၅၅ ရာခိုင်နှုန်းဆုံးရှုံးခဲ့ရပြီး ရေလုပ်သားများစွာ အလုပ်လက်မဲ့ဖြင့်ရင်ဆိုင်နေရသည်။ သို့သော် ရေလုပ် သားများ ဘ၀ပြန်ထူထောင်ရန်အတွက်မူ တောင်သူများကဲ့သို့ အချိန်များစွာ ယူရန်မလိုဘဲ ပိုက်နှင့်လှေ၊ ကွန်စသည်ဖြင့် ကူညီ ရုံနှင့် တစ်နိုင်ရေလုပ်ငန်းငယ်များ ချက်ချင်းပြန်မတ်နိုင်သည့် အနေအထားဖြစ်သည်။
"ရေလုပ်ငန်းအတွက်ကတော့ ကူညီနိုင်ဖို့ပဲလို့တယ်။ ဥပမာ-လက်ခတ်လှေတစ်စင်းနဲ့ မျောပိုက်ပေးလိုက်တာနဲ့ အခုပေးအခုငါး ထွက်ဖမ်းလို့ရတော့ တစ်နိုင်ရေလုပ်သားတွေ ကိုယ့်ဘ၀ကိုယ်ချက်ချင်း ပြန်မတ်နိုင်တာပေါ့။ ကဏန်းထောင်စားတဲ့သူတွေ အတွက် လှေတစ်စင်းပံ့ပိုးလိုက်ရုံနဲ့ ပြီးတာပဲ။ နောက်ကွန်ပစ်တဲ့ရေလုပ်သားအတွက် လှေနဲ့ကွန်ပဲလိုတယ်။ လှေတစ်စင်းကို ကျပ်နှစ်သိန်းရှိတယ်။ ပိုက်ကတော့အမျိုးအစားလိုက်ပြီး ပေးရတယ်။ တစ်နိုင်တစ်ပိုင်ကူညီတဲ့သူတွေသာပါလာရင် ဒေသခံ တစ်နိုင်ရေလုပ်သားတွေ ဒုက္ခသည်ဘ၀က ချက်ချင်းကျွတ်မှာပဲ။ ရေလုပ်ငန်းကြီးတွေနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေသာ အချိန် ယူရမှာ" ဟု လပွတ္တာမြို့နယ်၊သင်္ဃန်းကြီးကျေးရွာမှ ရေလုပ်သားတစ်ဦးကရှင်းပြသည်။
လက်ခတ်လှေတစ်စီးမှာ ဒေသပေါက်ဈေးအနေဖြင့် ကျပ်နှစ်သိန်းဝန်းကျင်သာ ရှိကြောင်းနှင့် ပိုက်တစ်စုံမှာလည်း ကျပ်တစ် သိန်းခွဲနှင့်အထက် အမျိုးအစားအလိုက်ရှိကြောင်း သိရသည်။ယင်းအတွက်အကြီးစား ငါးဖမ်းလုပ်ငန်းမှလွဲ၍ တစ်နိုင်ရေလုပ် သားများ ဒုက္ခသည်ဘ၀မှ လွတ်ရန်ဆိုသည်မှာ ကျပ်ငါးသိန်းဝန်းကျင်တွင်သာ ရှိနေသည်ဟုသိရသည်။
ဒုက္ခသည်များထံအချိန်မီရောက်ဖို့ လိုနေတဲ့ အကူအညီများ
မြန်မာနိုင်ငံမှ မုန်တိုင်းဒဏ်ကို ကျေးရွာပေါင်း ၆၀၀၀ ကျော်ခံစားခဲ့ရသည်။ ကျေးရွာပေါင်း ၆၀၀၀ ကျော်မှ ဒုက္ခသည်များတွင် တောင်သူများ၊ ရေလုပ်သားများ၊ ဆားလုပ်သားများအဓိကပါဝင်နေသည်။ ယင်းအတွက်တောင်သူများ၊ ရေလုပ်သားများဘ၀ ပြန်လည်ထူမတ်ခြင်းဖြင့် ဒုက္ခသည်ဘ၀မှ လူပေါင်းများစွာ ကင်းလွတ်နိုင်မည်ဖြစ်သည်။ လွတ်ကင်းနိုင်ရန်အတွက် အခြေခံ လုပ်ငန်းများ အချိန်မီစတင်နိုင်ဖို့ လိုအပ်လျက်ရှိရာ မလိုအပ်ဘဲအချိန်ကုန်ခြင်းများ မဖြစ်ပေါ်စေရန်အတွက်လည်း ဒုက္ခသည် တောင်သူများက မျှော်လင့်ကြပါသည်။
"နိုင်ငံတော်ကနေ ကျွန်တော်တို့တောင်သူတွေအတွက် အချိန်မီစိုက်နိုင်အောင် ထွန်စက်၊ ကျွဲ၊ မျိုး တွေထုတ်ပေးထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့တောင်သူတွေနဲ့ နိုင်ငံတော်ကြားမှာ ရက်တော်တော်များများ ကြာနေတယ်။ ကျွန်တော်တို့က ရာသီအမီ လုပ်ရတာ။ မြို့နယ်မှာ တစ်ခါကြာ၊ ကျေးရွာမှာတစ်ခါကြာ မဖြစ်ဖို့တော့လိုတယ်ဗျာ။ လပွတ္တာမြို့ပေါ်ကို ထွန်စက်တွေရောက် တာကြာပြီ။ ဒီနေ့(မေလ ၄ ရက်)ထိ ကျွန်တော်တို့လယ်ထဲမရောက်သေးဘူး" ဟုလပွတ္တာမြို့နယ်မှ တောင်သူကြီးတစ်ဦးက ဆိုသည်။
တောင်သူများပြန်လည်ထူထောင်နိုင်ရန်အတွက် အဓိကလိုအပ်နေသည်မှာ ထွန်စက်နှင့်မျိုးစပါး၊ တစ်နိုင်ရေလုပ်သားများအ တွက် အဓိကလိုအပ်နေသည်မှာ လှေနှင့် ပိုက်ဖြစ်သည်။ ယင်းဒုက္ခသည်များ ပြန်ထူနိုင်ရန် ပြန်ထနိုင်ရန်အတွက် တစ်ပိုင်တစ် နိုင် အလှူရှင်များ၏တစ်ဖက်တစ်လမ်း ကူညီမှုများမှာအလွန် အရေးပါသည့် ကဏ္ဍတွင်ရှိနေသည် ဟုလည်းလေ့လာသူများဆိုသည်။
Ref : BiweeklyEleven
Posted by ဘိုဘို at 12:56 PM 0 comments
ဟိုးရှေးရှေးတုန်းက ကောင်လေးတယောက်ရှိတယ်။ အဲဒီကောင်လေးက အထက်တန်ကျောင်းသားဆိုတော့ မနက်ကျောင်းသွား၊ နေ့လည်ဆို ကျူရှင်တက်၊ ညဘက်ဆို(၈)နာရီ၊ (၉)နာရီလောက်မှ အိမ်ပြန်လာရတယ်။ တနေ့ ညဘက် သူကျူရှင်က အပြန်လမ်းထိပ်က ဗံဒါပင်အောက်က အုတ်ခုံလေးမှာ ကောင်မလေးတယောက်ထိုင်နေတာကိုတွေ့ရတယ်။ ကောင်လေးက ဂရုမစိုက်ပဲ လမ်းထဲဆက်ဝင် လာတယ်။ ကောင်မလေးက သူ့ကိုရုတ်တရက် သူ့ကိုလှမ်းခေါ်လိုက်တော့ ကောင်လေးလည်း ကြောင်ပြီးတော့ ရပ်လိုက်တယ်။ ကောင်မ လေးက သူ့အနားလာပြီး တောင်းပန်တိုးလျှိုတဲ့ အသံနဲ့ "ငါကိုတခုလောက်ကူညီပါလားဟာ.. ငါအရမ်းဗိုက်ဆာနေတယ်တဲ့".. ကောင်လေး ကောင်မလေးကို တချက်အကဲခတ်ကြည့် တော့ ပုံစံကသန့်သန့်ပြန့်ပြန့်နဲ့၊ ရုပ်ကလေးကလည်း ခပ်ချောချောလေး၊ အသက်လည်းရွယ်တူ လောက်ဆိုတော့ ကောင်လေး ခပ်ရှိန်းရှိန်းဖြစ်သွားတယ်။ နောက်တော့မှ ကူညီလိုက်မယ်လို့ စဉ်းစားပြီး ပိုက်ဆံအိတ်ထဲက (၅၀၀)တန် တရွက်ထုတ်ပေးလိုက်တယ်။ ကောင်မလေးက မယူပဲ ခေါင်းငုံပြီးရပ်နေတော့ ကောင်လေးက ကောင်မလေးကိုရှက်လို့မယူတာထင်ပြီး ကောင်မ လေး လက်နားထိုးပေးတော့ ကောင်မလေးက "ငါကိုဝယ်ပေးပါလားတဲ့"။ အဲဒီတော့ ကောင်လေးက "ဘာလဲဟ" ဆိုပြီး ကြောင်စီစီဖြစ်သွားတယ်။ ပြီးတော့မထူးပါဘူးဆိုပြီး အအေးနဲ့ ပေါင်မုန့်သွားဝယ်ပေးလိုက်တယ်။ နောက်ကောင်မလေး ကိုပေးတယ်။ ကောင်မလေး အရမ်းဝမ်းသာသွားတယ်။ ကောင်လေးကိုကျေးဇူးတင်တဲ့ အနေနဲ့ တခြားလူတွေလို ဆုတွေမ ပေးပဲ ကောင်လေးကို တချက်ပြုံးပြလိုက်တယ်။ ကောင်လေး နည်းနည်းရင်ခုန်သွားပြီး ကြက်သီးတွေလည်းထသွားတယ်.. ပြီးတော့အိမ်ပြန်လာတယ်။ ကောင်လေးအိမ်ပြန်ရောက်တော့ အဲဒီအကြောင်းပဲတွေးနေရော။ နောက်နေ့ ကျူရှင်ပြန်လာ တော့ မနေ့ကတွေ့တဲ့နေရာလေးမှာပဲ ကောင်မလေးကိုပြန်တွေ့တယ်။ ကောင်မလေးက ကောင်လေးကိုမြင်တော့ လှမ်းခေါ်လိုက်တယ်။ ကောင်လေးက အစတော့မသိချင် ယောင်ဆောင်သွားဦးမလို့ပဲ၊ ဒါပေမယ့် ညဘက်ကြီး (၂)ရက်ဆက် တိုက်ကောင်မလေးကိုတွေ့ရတော့ စိတ်ဝင်စာပြီး ကောင်မလေး ဘေးမှာဝင်ထိုင်တယ်။ ကောင်လေးက ကောင်မလေးကို "ဗိုက်ဆာလို့လား"လို့မေးတော့ ကောင်မလေးက "ဟင့်အင်း.. စာပြီးပြီ"တဲ့.. ကောင်လေးက ကောင်မလေးကိုကြည့်ပြီး သနားသွားတယ်။ ပြီးတော့ "ညဘက်ကြီး တယောက်တည်း ဘာလုပ်နေတာလဲ၊ အိမ်မပြန် ဘူးလား၊ ဘယ်မှာနေလဲ"မေတော့ ကောင်မလေးက "အိမ်.. ဟုတ်လား..ဒါငါအိမ်ပေါ့" ဆိုပြီး သူထိုင်နေတဲ့ အုတ်ခုံလေးကို ပုတ်ပြတယ်။
နောက် ကောင်လေးက သူ့ကိုယ်သူ မိတ်ဆက်တယ်.. သူဘယ်သူပါ.. ဘယ်မှာနေတယ်ပေါ့.. ဒါပေမယ့် ကောင်မလေးက ဘာမှပြန် မပြောဘူး။ နောက် တနေ့ကျတော့ ကောင်လေး ကျူရှင်ကပြန်လာပြီး ကောင်မလေးရှိဦးမလားဆိုပြီးသွားကြည့်တော့ ကောင်မလေးကို မတွေ့ ဘူး။ ကောင်မလေး သူ့အိမ်သူပြန်သွားတယ်ထင်ပြီး သူ့အိမ်ကိုပဲ ပြန်လာတယ်။ နောက်တနေ့ကျတော့ ကောင်လေးက ကောင်မ လေးကိုတွေ့ရင်လည်းကျွေးဖို့၊ မတွေ့ရင်လည်း ကိုယ်ဟာကိုယ်စားမယ်ဆိုပြီး အအေးတွေနဲ့ မုန့်တွေဝယ်သွားတယ်။ ကံကောင်းထောက်မ စွာနဲ့ပဲ ကောင်မလေးကို သူထိုင်နေကျ အုတ်ခုံလေးမှာတွေ့လိုက်တယ်။ ကောင်မလေးခေါ်စရာမလိုပဲ ကောင်မလေးဘေးနားမှာ သွားကပ် ထိုက်လိုက်တယ်။ ပြီးတော.. ကောင်မလေးကို "မနေ့က နင်ဘယ်သွားတာလည်း" ဆိုပြီးမေးလိုက်တယ်။ ကောင်မလေးက ငါဘယ်မှ မသွားပါဘူး။ ဒီမှာပဲရှိပါတယ်လို့ပြောတော့ ကောင်လေးက မဟုတ်ပါဘူး၊ ဒီမှာ နင်မရှိပါဘူးလို့ပြောတော့.. ကောင်မလေးက ရှိပါတယ်.. နင်မမြင်လို့ပါဆိုပြီး ခပ်ဆတ်ဆတ်ဖြေတော့မှ ကောင်လေး ဘာမှဆက်မပြောဘဲ ပါလာတဲ့မုန့်တွေ အတူတူစားကြကော... ဒီလိုနဲ့ (၁)ပတ်၊ (၂)ပတ်၊ နောက် (၁)လ၊ (၂) လနဲ့ ကောင်လေးနဲ့ ကောင်မလေး အရမ်းကို ခင်မင်သွားကြတယ်။ ကောင်လေးကျူရှင်ကပြန်ရင် ကောင်မ လေးနဲ့တွေ့ စကားပြော.. ကျူရှင်မရှိလဲ အကြောင်းရှာ.. လမ်းထိပ်ထွက်.. ကောင်မလေးနဲ့တွေ့.. ကြာတော့ ကောင်လေးက ကောင်မလေး ကို ကြိတ်ခိုက်နေလေရဲ့.. ကောင်လေးက ကာင်မလေးအကြောင်းကိုမေးတယ်..နာမည်ကလွဲလို့ တခြားဘာမှမသိရရှာဘူး။ အထူးသဖြင့် xxxxxx ... ဒီနေ့ ကောင်လေး ကောင်မလေးကို ချစ်တယ်လို့ ဖွင့်ပြောဖို့ကြံစည်ထားတယ်။ ထုံးစံအတိုင်း ပေါင်မုန့်တွေ အအေးတွေ ၀ယ်သွားတယ်။ နောက်ကောင်မလေးကိုတွေ့တော့ ချစ်တယ်လို့ ဖွင့်ပြောလိုက်တယ်။ အဲတော့ ကောင်မလေးက ကောင်လေးကို ကြည့်ပြီး နင်ငါကို ချစ်တယ် ဟုတ်လား.. နင်ငါ့အကြောင်း ဘယ်လောက်သိလို့လဲ.. လို့ ကောင်လေးကိုမေးတယ်.. ပြီးတော့ ကောင်လေးလက်ကို ကိုင်ပြီး ငါဘယ်သူလဲဆိုတာသိလို့လားတဲ့.. ကောင်လေးက ဘာမှမပြော ပဲနဲ့ သူရင်ထဲက ခံစာချက်တွေကို သီချင်းတပုဒ် လက်တန်းအန် ချလိုက်တယ်… ကောင်မလေး ကတော့ ဘာမှပြန်မပြောရှာဘူး.. ဒါနဲ့ ကောင်လေးလဲ ဘာမှပြန်မပြောရှာပဲနဲ့ မုန့်ကိုပဲကုန် အောင်စားပြီး ပြန်သွားရှာတယ်။ နောက်တနေ့ကျတော့ ကောင်လေးကျူရှင် မသွားရတော့ဘူး.ကျူရှင်လည်း ပိတ်သွားပြီ.. စာမေးပွဲလည်းနီးလာတော့ စာတွေကျက်နေတာနဲ့ ကောင်မလေး ကို ခဏမေ့သွားတယ်.. စာမေးပွဲလည်းပြီးသွားရော ကောင်မလေးဆီ အပြေးသွားတယ်.. ကောင်မ လေးကတော့သူ့နေရာမှာပဲ.. ကောင်လေး ကောင်မလေးဘေးနားကို ၀င်ထိုင်တော့ ကောင်မလေးက ကောင်လေးကို နင်တော်တော် အလုပ်မဟုတ်တာပဲလို့ပြောတယ်.. အဲဒီတော့ ကောင်လေးက ငါစာမေးဖြေနေလို့ပါလို့ အစရှိပြီး ပြန်ချော့လိုက်တာ ကောင်မလေးက နည်းနည်းပြုံးသွားတယ်… အဲတော့ ကောင်လေးက အစမရှိ အဆုံးမရှိနဲ့ နင်ငါပြောတာ ဘယ်လိုလဲလို့ မေးလိုက်တယ်.. ကောင်လေးက နင်ကိုငါချစ်နေတာကြာပြီဆိုပြီး သူ့ရင်ထဲက ခံစားချက်တွေကို ဒုတိယအကြိမ် ဖွင့်ဟပြောလိုက်တယ်.. အဲတော့ ကောင်မလေးက အဟိ ဆိုပြီး ထရယ်လိုက်တယ်.. ကောင်လေးက ဘာလို့ရယ်တာလဲဆိုမေးတော့ ကောင်မလေးက အဲဒါတွေက နင်ငါကို အရင်တခေါက်က ပြောပြီးသားတွေမဟုတ်လား.. နင်တော်တော်ကိုတွေး တတ်တာပဲဆိုပြီး နောက်တယ်.. ကောင်လေးက ငါနင့်ပေါ်မှာထားတာတွေက အရင်ကလည်း ဒီအတိုင်းပဲ အခုလည်း ဒီအတိုင်းပဲ.. နောက်လည်းဘယ်တော့မှ မပြောင်းဘူးလို့ ပြောလိုက်တယ်.. နောက်တွေ့တိုင်းလည်း ဒီအတိုင်းပဲ ထပ်ပြောမှာပဲလို့ ပြောလိုက်တယ်.. ဒီတော့ ကောင်မလေးက သက်ပြင်းရှည်ကြီးတချက်ချလိုက်တယ်.. ဘာမှမပြောပဲ အဝေး ကြီး ကို တချက်ငေးကြည့်ပြီး ကောင်လေးဘက်ကိုကြည့်ပြီး နင်မနက်ဖြန်ကို ဒီကိုလာဖြစ်အောင်လာခဲ့ အဲကျရင် ငါနင့်အပေါ်ထားတဲ့ ခံစားချက်တွေကော.. နင်အရမ်းသိချင်တဲ့ အကြောင်းကိုပါပြောပြမယ်တဲ့ .. ကောင်လေးပျော်သွားတယ်.. အရမ်းပျော်သွားတယ်.. နောက်နေ့ကောင်လေး ပေါင်မုန့်နဲ့ အအေးတွေဝယ်သွားပြီး ဗံဒါပင်အောက်မှာသွားစောင့်နေတယ်… ကောင်မလေးမရှိဘူး.. ကောင်မလေး မလာသေးတာပဲဆိုပြီး စောင့်နေတယ်.. ခဏကြာတော့ကောင်လေးခေါင်းပေါ်က သစ်ရွက်လှုပ်သံကြားတယ်.. အိပ်တန်းတက်နေတဲ့ ငှက်တွေပဲထင်ပြီး ဒီအတိုင်းပဲ နေလိုက်တယ်.. ခဏကြာတော့ထပ်ကြားရပြန်တယ်.. ကောင်လေးက ဘာတုန်းဆိုပြီး လှည့်ကြည့်လိုက် တော့ ကောင်မလေး သစ်ပင်ပေါ်က ဆင်းလာတာဖြစ်နေတယ်.. ကောင်လေးက ကောင်မလေး မကြီးမငယ်နဲ့ သစ်ပင်ပေါ်တက်ဆော့ တယ်ဆိုပြီးနောက်တယ်..ကောင်မလေးက ဘာမှပြန်မပြောပဲနဲ့ ထိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်… ပြီးတော့ကောင်မလေးက ကောင်လေးကို နင်သေချာနား ထောင်တဲ့.. ငါလည်းနင့်ကိုချစ်ပါတယ်တဲ့.. ဒါပေမယ့် နင်နဲ့ငါက လုံးဝမဖြစ်နိုင်ဘူးတဲ့.. ငါလည်း နင့်ဘေးမှာ တသက်လုံး နေချင်ပါတယ်တဲ့… ဒါပေမယ့် ငါဘ၀ တသက်က ပါသွားပြီတဲ့.. ကောင်လေးအစကတော့ရုတ်တရက်ပျော်သွားပြီး နောက်တော့ကောင်မ လေး ဘာတေါပြောနေမှန်းမသိဘူးဖြစ်သွားတယ်.. ဒါပေမယ့်ဖြစ်ချင်ရာဖြစ်ဆိုပြီး ကောင်မလေးလက် ကိုလှမ်းကိုင်တယ်.. အေးစက်နေ တာပဲ.. နင်ဘာကိုဆိုလိုတာလဲလို့ ကောင်လေးကမေးတော့ ကောင်မလေးက နင်နဲ့ ငါနဲ့ ဘ၀ခြားသွားပြီ.. နင်ကလူ.. ငါက xxxx ။ ကောင်လေးမတ်တတ် ရပ်လိုက်တယ်။ ကောင်မလေးလည်းလိုက်ရပ်တယ်.. လမ်းမီးရောင်အောက်မှာကောင်လေး တွေ့သွားတယ်.. ကောင်မလေးမှာ အရိပ်မရှိဘူးဆိုတာ… ကောင်လေးအိမ်ပြန်ပြေးသွားတယ်.. ကောင်မလေးကတော့ ထိုင်နေကြနေရာလေးမှာ ငိုကျန် နေခဲ့တယ်.. ကောင်လေး သူ့အဖြစ်ကို မယုံနိုင်ဘူးဖြစ်နေတယ်.. ခဏခဏ သူ့ကိုယ်သူ ဆိတ်ဆွဲကြည့်တယ်.. တွေးမိတိုင်းလည်း ကြက်သီထနေတုန်းပဲ.. (၁)ပတ်၊ (၂)ပတ်ကြာတော့ ကောင်လေးမနေနိုင်တော့ဘူး.. ကောင်မလေးကို အရမ်းသတိရလာတယ်.. အရမ်း တွေ့ချင်လာတယ်.. ဘာလို့လဲဆိုတော့ ကောင်လေးက ကောင်မလေးကို အရမ်းကိုချစ်နေမိလို့ပဲ.. နောက်နေ့ ကောင်လေး ခပ်လန့် လန့်နဲ့ပဲ လမ်းထိပ်ကိုထွက်လာခဲ့တယ်.. ကောင်မလေးက ကောင်လေးကိုလည်းတွေ့ရော ထပြီး နင်ငါ့ဆီလာတယ်. ဟုတ်လား.. ဆိုပြီး ၀မ်းသာအားရနဲ့ပြောတယ်.. ပြီးတော့ မျက်ရည်တွေနဲ့.. ကောင်လေးကလည်း ကောင်မလေးကို ဖက်ပြီး နင့်ကိုငါ အရမ်းချစ်တယ်ဟာ.. နင်ကိုငါ ဘယ်လိုမှမေ့လို့မရဘူးဆိုပြီး.. အရင်ကပြောခဲ့တာတွေကို ပြန်ပြောပြတယ်.. ကောင်မလေးကလည်း ငါလည်း အဲဒီလိုပါပဲဟာ.. နင့်ကိုငါ အရမ်းချစ်တယ် သိလားတဲ့.. ပြီးတော့ နင်တော်တော် ကတိတည်တဲ့ကောင်ပဲတဲ့.. ကောင်လေးက ဘာကိုဆိုလိုမှန်းသိပြီး ကောင်မလေးကို ငါပြောပြီးသားပဲ.. နင့်ကိုငါချစ်တာဘယ်တော့မှ မပြောင်းပါဘူးလို့ ဆိုပြီးကောင်မလေးကို မရဲတရဲ လှမ်းဖက်တယ်.. ကောင်မလေးကလည်း အလိုက်တသိနဲ့ ကောင်လေးရင်ခွင်ထဲကိုတိုးဝင်လိုက်တယ်.. ကောင်မလေးတကိုယ်လုံး အေးနေတော့ ကောင်လေးလဲ ချမ်းစိမ့်စိမ့်ဖြစ်လာတာပေါ့.. အဲဒါကိုကောင်မလေးက ရိပ်မိပြီး ချမ်းနေလားဟင်လို့မေးတော့ ကောင်လေးက နဲနဲလို့ ဖြေလိုက်တယ်.. ကောင်မလေးက ကောင်လေးကို xxxx လိုက်တယ်.. ပြီတော့ ချမ်းတုန်းလားဟင် လို့ရယ်ကျဲကျဲနဲ့မေးလိုက်တယ် ကောင်လေးရင်ခုန်နှုန်း မတရားမြန်လာပြီး ဟင့်အင်း ဆိုတဲ့စကားတွေတောင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်သွားတယ်.. ကောင်မလေးက အဲဒါ ကိုကြည့်ပြီး ရယ်လေရဲ့.. (၁၅)မိနစ်လောက်ကြာတော့ ကောင်မလေးက တည်တည်ငြိမ်ငြိမ်အသံနဲ့ နင်ငါကိုတကယ်ချစ်တယ်ဆိုရင် ငါ့အတွက် ဘုရား မှာ ကုသိုလ်လုပ်ပေးပါဟာ.. ငါဒီဘ၀က မြန်မြန်ကျွတ်ချင်တယ်လို့ပြောတယ်.. ကောင်လေးက ခဏစဉ်းစားပြီး ဒါတော့ ဆောရီးဟာ. ငါမလုပ်ပေးနိုင်ဘူး.. ငါအဲလိုလုပ်ပေးလိုက်ရင် နင်နဲ့ ငါနဲ့ ထာဝရဝေးရမှာ.. ငါနင့်ကို မခွဲနိုင်ဘူး… ဖြစ်နိုင်ရင် ငါလည်းနင်နဲ့ အတူလာနေချင်တယ်တဲ့.. နောက်တနေ့ ကောင်လေးသူ့သူငယ်ချင်းတွေနဲ့ သွားတွေ့တယ်။ ပြီးတော့နှုတ်ဆက်တယ်.. ညနေရောက်တော့ သူ့အဖေ၊ အမေတွေနဲ့ စကားထိုင်ပြောတယ်.. ပြီးတော့ မကြားတကြား သူ့ ကိုခွင့်လွတ်ပါလို့ပြောလိုက်တယ်.. ညရောက်တော့ လမ်းထိပ် ထွက်လာတယ်.. ကောင်မလေး ကထိုင်နေကြနေရာမှာပဲ.. ကောင်လေးဆက်ထွက်လာတယ်.. လမ်းမကြီးပေါ်ရောင်ခါနီးမှာရပ် လိုက်တယ်.. ကောင်မလေးလှမ်းကြည့်နေတယ်.. ကားတွေက မီးပွိုင့်လွှတ်လို့ ဒလဟော မောင်းလာကြတယ်… ကောင်လေးကားလမ်းမ ပေါ်ပြေးတက်သွားတယ်.. ကောင်မလေးက တော့ စူးစူးဝါးဝါး တခုထအော်တယ်.. အဲလိုမလုပ်နဲ့တဲ့…. ဒါပေမယ့် @#$%^&*
ကောင်မလေးငိုနေတယ်.. ထိုင်နေကြခုံလေးမှာထိုင်နေတုန်းပဲ.. လမ်းမပေါ်မှာတော့ လူတွေ၊ ကားတွေ၊ အော်သံတွေ၊ လူနာတင်ယာဉ် အချက်ပေးသံတွေ ဆူညံနေတာပဲ… ကောင်မလေး ဘေးကို အရာတခုရွေ့လာတယ်.. ကောင်မလေးမော့ကြည့်လိုက်တော့ ကောင်လေး ဖြစ်နေတယ်.. အခုလည်း ကောင်လေးလည်း ကောင်မလေးလိုပဲ အရိပ်မရှိဘူး. ကောင်မလေး အရမ်းပျော်သွားပြီး ကောင်လေးကို လှမ်းဖက်မလို့လုပ်တော့ ကောင်လေးက ငါ့တူမကြည့်ရတာ တော်တော်ချမ်းနေပုံပဲနော်ဆိုပြီး xxxxxx ။ အဲဒီညက သူတို့လျှောက်လည် ကြတယ်.. နောက်နေ့ညကျတော့ ကောင်လေးနဲ့ကောင်မလေးထိုင်နေကျနေရာလေးမှာထိုင်ပြီး ဖြတ်သွားတဲ့ကားတွေကိုထိုင်ရေနေတယ်.. ရုတ်တရက် မြင်းဟီသံကြားလိုက်ရတယ်.. ပြီးတော့ မြင်းဖြူ (၃)ကောင်၊ မြင်းမည်း (၃)ကောင်ဆွဲတဲ့ ရထားတစင်း ကောင်လေးတို့ရှေ့ကို ရွေ့လာတယ်.. နောက်တော့ အဲဒီပေါ်က နတ်သားလိုလို၊ ငရဲသားလိုလို တစ်ယောက်ဆင်း လာပြီးတော့ ကောင်မလေးနားကပ်ပြီး တခုခုပြောလိုက်တယ်.. ကောင်မလေးရုတ်တရက် မျက်နှာဝင်းလဲ့သွားပြီး ချက်ချင်းအိုကျသွားတယ်.. နောက်တော့ကောင်မလေးက ခဏနော်ဆိုပြီး ကောင်လေးနားလာတယ်.. ပြီးတော့ ငါသွားရတော့မယ်.. ငါဘာလို့ အရင်ဘ၀က အကုသိုလ်များများမလုပ်ခဲ့တာလည်း မသိဘူး.. လုပ်ခဲ့ရင် ငါနင်နဲ့ အကြာကြီးနေရမှာဆိုပြီး ကောင်လေးကိုဖက်ပြီးငိုတယ်.. ကောင်လေးက ၀မ်းနည်းလွန်းလို့ ဘာပြောရမှန်းကိုမသိအောင်ဖြစ်နေတယ်.. ကောင်မလေးက နောက်ဆိုငါမရှိလဲ နွေးနွေ ထွေးထွေးနေနော်ဆိုပြီး xxxxx … မျက်ရည် စက်လက်နဲ့ ရထားပေါ်တက်သွားတယ်.. ကောင်လေးချက်ချင်ပဲ နတ်သားလိုလို ငရဲသားလိုလို လူဆီသွားပြီး ခဏလေးဗျာ.. ကျွန်တော် ကောဘယ်တော့ သွားရမှာလဲလို့ ကတိုက်ကရိုက်နဲ့မေးလိုက်တယ်.. အဲဒီလူကြီးက သူ့ကို နာမည်ရယ်၊ xxxxx ဖြစ်တဲ့နေ့ကိုပြောကြည့်စမ်း ဆိုပြီး လက်ထဲက ပေမှာငုံရှာတယ်.. ပြီတော့ အဲလူကြီးက ကောင်လေးကို မင်တော်တော်မိုက်တယ်ကွာဆိုပြီး မင်က (၄၉၉)ဘ၀ စောင့်ရဦးမယ်တဲ့ ဆိုပြီးရထားပေါ်တက်ပြီးမောင်းထွက်သွားတယ်.. ကောင်လေးက အခုကောင်မလေး နေရာမှာဝင်ထိုင်လိုက်တယ်.. ဒီလိုနဲ့ (၁)ပတ်၊ (၂)ပတ်၊ (၁)လ၊ (၂)လ၊ (၁)နှစ်၊ (၂)နှစ်… ကောင်လေးကောင်မလေးထိုင်နေကျနေရာလေးမှာ ထိုင်ပြီး ကောင်မလေး ပြန်လာလို ပြန်လာငြာနဲ့ပေါ့ ထိုင်စောင့်နေလေရဲ့……..
Posted by ဘိုဘို at 2:37 AM 3 comments
Labels: အတွေးစာစုများ
စက္ကူဖြင့် ၀က်ဝံရုပ်လုပ်ခြင်း
စက္ကူဖြင့် နဂါးလုပ်ခြင်း
စက္ကူဖြင့် အသားစားငါးလုပ်ခြင်း
Posted by ဘိုဘို at 3:02 PM 0 comments
Labels: ကြည့်ရှုစရာ
တမလွန် ဘ၀မှာ ဂျော့ဘုခ်ျ ရယ်၊ ဘဘသန်းရယ်၊ ဗလာဒီမာ ပူတင်ရယ် အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့ တစ်နေရာ အရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့တွေ့ပါလေရော။ အဲဒီမှာတင် ဂျော့ကယေရှုနားကိုတိုးသွား ပြီးတော့ "အရှင်၊ သားတော် အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော် ကံကောင်းခဲ့ပါလား" လို့မေးတယ်။ ယေရှုက "အေး.. မင်းကံကောင်းခဲ့ တယ်။ ဘာလို့လဲဆိုတော့ မင်းဟာ အကြမ်းဖက်သမားတွေကို နှိမ်နှင်းခွင့်ရခဲ့လို့ပဲ" လို့ပြန်ဖြေတယ်။ ပြီးတော့ ပူတင်က ယေရှုကို "ကျွန်တော်မျိုးကော အသက်ရှင်စဉ်က ဘယ်လို ကံကောင်းခဲ့ပါလဲ" လို့မေးတယ်။ ယေရှုက "မင်းလဲ ကံကောင်းခဲ့တာပဲ.. ဘာလို့လဲဆို တော့ မင်းဟာ တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ" လို့ပြန်ဖြေတယ်။ နောက်ဆုံးပိတ်အနေနဲ့ ကျွန်တော်တို့ ဘဘသန်းက အားကျမခံ "ကျွန်တော်ရောဗျာ.. ဘယ်လို ကံကောင်းခဲ့လဲ" လို့မေးတယ်။ အဲ.. မေးလိုက်တဲ့ ခဏမှာ ယေရှု လက်နှစ်ဖက်လုံး လှုပ်သွား တယ်.. ဒါပေမယ်.. ကားစင်တင်ခံထားရတာဆိုတော့ လှုပ်လို့ မရဘူုး။ ပြီးတော့ ဘဘသန်းကို အံကြိတ်ပြပြီး ဒီလိုပြောတယ် "အေး.. ငါ့လက်နှစ်ဖက်စလုံး လှုပ်လို့မရတာပဲ မင်းကံကောင်းတယ်လို့မှတ်" တဲ့ ....
Posted by ဘိုဘို at 12:36 PM 1 comments
Labels: ဟာသလေးများ
ဇွန်လရောက်ပြီ။ ကျောင်းများလည်း ဖွင့်ကြပြီ။ သို့မဟုတ် ကျောင်းအချို့ဖွင့်ကြပြီ။ အချို့အချို့သော ဒေသတို့၌တွင်ကား ဖွင့်စရာကျောင်းများသာရှိ၍ ကျောင်းလာအပ်သော ကလေးများ မရှိ၍လည်းကောင်း၊ ကလေးများ ကျောင်းလာအပ်ကြသော်လည်း ၎င်းတို့အား လက်ခံမည့်ကျောင်းများ ပျောက်ဆုံးနေကြ၍လည်းကောင်း၊ ကျောင်းရော ကလေးပါ အစအန ရှာမရတော့၍လည်းကောင်း ကျောင်းများ မဖွင့်ဖြစ်ကြသေး။ သို့မဟုတ် ကျောင်းများ မဖွင့်နိုင်ကြတော့။
ထိုဒေသကား အခြားမဟုတ်။ စားဖိုမှုးအမည်ခံ သားသတ်သမားတစ်စု၏ အတ္တကြီးပေါ့ဆမှုကြောင့် မကြာသေးမီ အချိန်က ပြုတ်ကျကွဲကြေ၍ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီဖြစ်သော မြန်မာပြည်၏ ထမင်းအိုးကြီး (ခေါ်) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသပင်ဖြစ်တော့သည်။
ဘာတွေဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နှစ်စဉ်ရောက်ရှိလာနေကြအတိုင်း ဇွန်လကတော့ အချိန်မှန်တိကျစွာ ရောက်ရှိလို့ လာခဲ့ပြန်လေပြီ။ ကျောင်းများဖွင့်သည် ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ ၊ ကလေးများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဇွန်လကတော့ ကလေးတို့စာအံသံ ထွက်ပေါ်လာမည့်အချိန်ကို မျှော်လင့်တကြီးစောင့်စားနေခဲ့ပြီဖြစ်သည်။ သို့သော် ကလေးများမရှိသည့်အရပ်မှ အဘယ်သို့သော စာအံသံမျိုးကို ဇွန်လက စောင့်မျှော်နေပါသနည်း။ ဇွန်လတစ်ကိုယ်ကောင်းဆန်လွန်းနေပါသလား။ ကျွန်ုပ်မပြောရက်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည်လည်း ဇွန်လနည်းတူ ကလေးတို့၏ စာအံသံကို စောင့်မျှော်နေသူတစ်ယောက် ဖြစ်နေခဲ့သောကြောင့်ပင်ဖြစ်သည်။
ကလေးများအပေါ်တွင် ထားရှိသော ကျွန်ုပ်တို့၏ မျှော်လင့်ချက်များ လွန်စွာပြင်းပြလွန်းနေပါသလား။ ကျွန်ုပ် မပြောတတ်တော့။ သို့သော် ဇွန်လကတော့ တစ်စုံတစ်ခုကို ကြိုသိနေသည့်အလား ငြိမ်ချက်သားကောင်းစွာပင် စောင့်မျှော်နေပါသည်။ ထိုအခါ ကျွန်ုပ်လည်း တောင်တောင်မြောက်မြောက် လျှောက်တွေးတောမနေတော့ပဲ ဇွန်လ၏နံဘေးတွင် အသာကလေးဝင်၍သာ ထိုင်နေလိုက်တော့သည်။ ဇွန်လကို အကြွင်းမဲ့ယုံကြည်ရန်မှတစ်ပါး ကျွန်ုပ်တွင် အခြားရွေးချယ်စရာလမ်း မရှိ၍တော့လည်း ဖြစ်သည်။
သို့သော် ကျွန်ုပ်၏ဇွန်လအပေါ် ထားရှိခဲ့သော ယုံကြည်မှုတို့ကား အချည်းနှီးမဖြစ်ခဲ့။ အဘယ့်ကြောင့်ဆိုသော် ၎င်းမျှော်လင့်ထားသည့်အတိုင်း ဇွန်လ၏အစ ပထမ ညနေခင်း၌ပင် ကလေးတို့၏ စာအံသံများ ထူးဆန်းအံသြဖွယ်ရာ ထွက်ပေါ်လာခဲ့သောကြောင့်ပင်ဖြစ်သည်။
အစကတော့ ထိုစာအံသံတို့သည် ခေတ်စနစ်ဆိုး၏ သားကောင်များအဖြစ် ဆက်လက်ရုန်းကန်ရန် ကံမကောင်း အကြောင်းမလှစွာ အသက်ရှင်ကြွင်းကျန်ရစ်သော ကလေးများထံမှ ထွက်ပေါ်လာသည်ဟု သူထင်ခဲ့မိသည်။ သို့သော် နောက်ထပ်အချိန်ပိုင်းငယ် တစ်ခုမျှသာ အသက်ဆက်ပေးရန်တတ်နိုင်သော ပေါင်မုန့်တစ်ဖဲ့စာ အတွက် လမ်းမများပေါ်တွင် တိုက်ပွဲဝင်နေရသော သေလုမြောပါးကလေးငယ်များထံမှ ထိုကဲ့သို့သော စာအံသံ အဘယ်နည်းနှင့် မျှော်လင့်နိုင်မည်နည်း။ ထိုသို့ဆိုလျှင် ၎င်းစာအံသံတို့ အဘယ်အရပ်မှ ထွက်ပေါ်လာကြသနည်း။ အရာရာက စူးစမ်းစုံစမ်းမှု အပေါ်တွင်တည်နေသည်။
နောက်ဆုံးတော့ စာအံသံတို့ ထွက်ပေါ်လာရာ အရပ်ကို သူတွေ့ရှိခဲ့ပြီ။ အခြားတော့ မဟုတ်။ အပြစ်မဲ့ ကလေးငယ် ထောင်ပေါင်းများစွာကို ရက်စက်စွာဝါးမျိုစားသောက်ခဲ့သော သူ့ရှေ့တည့်တည့်ရှိ သေမင်းတမာန်ရေပြင်ကြီးအောက်မှပင် ဖြစ်တော့သည်။
အစကတော့ ညှီစို့စို့ရေပြင်ကို လေတိုးတဲ့အသံ၊ ဒါမှမဟုတ်လည်း ပုပ်ပွပွအလောင်းကောင်တွေကို ငါးတွတ်တဲ့အသံဟု သူကထင်ခဲ့မိသည်။ အသံတွေက နိမ့်ချီတစ်ခါ၊ မြင့်ခါတစ်လှည့်ဖြင့် သိပ်မသည်းကွဲလှ။ တခါတရံတွင်လည်း ငိုသံလိုလို၊ ဗလုံးဗထွေး စကားသံလို ဖြစ်ဖြစ်သွားသည်။ ဒါပေမယ့် ဘာသံဆိုတာကို ဆုံးဖြတ်ဖို့ ကတော့ သိပ်မလွယ်လှ။ ဤသို့ဖြင့် မြစ်ဝကျွန်းပေါ်ဒေသကြီးအား မေးတင်ထားခဲ့သော သွေးနီရောင်နေလုံးကြီး တဖြည်းဖြည်းနိမ့်ဆင်းသွားခဲ့ပြီးနောက်တွင်တော့ အနက်ရောင်စောင်ထူထူကြီး တစ်ထည်အောက် ရုတ်တရက်ရောက်ရှိသွားသလို ပါတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်မဲမှောင်သွားတော့သည်။
အမှောင်ထုကြီးတဖြည်းဖြည်း နက်ရှိုင်းလာသည်နှင့်အမျှ အော်ဟစ်ငိုယိုအစာတောင်းနေကြသော အသံတွေ တဖြည်းဖြည်းတိုး၍လာကြသည်။ ထို့နောက် ထိုဒေသကြီးတစ်ခုလုံး ခြောက်ခြားစွာ တိတ်ဆိတ်သွားတော့သည်။
မကြာခင်က သက်ရှိတို့၏ ရုန်းကန်ပေါက်ကွဲသံများဖြင့် ရောထွေးနေခဲ့သောကြောင့် မည့်သည့်အသံမှန်း မကွဲပြားခဲ့သော မြစ်ရေပြင်အောက်မှ ဗလုံးဗထွေးအသံတို့သည် ယ္ခုအခါ ယ္ခင်ကထက် ပို၍ပြတ်သားပီပြင်စွာဖြင့် မြစ်ရေပြင်အထက်သို့ ကြွတက်လာလေသည်။ သို့သော် အသံတို့မှာ ကြေကွဲဆွေးမြေ့မှုအား အက်သံစွက်ထားသော တိုးမျှင်းမျှင်းအသံငယ်ကလေးများ မျှသာဖြစ်၍ ပို၍ကြည်လင်ပြတ်သားသော အသံကိုရရှိရန် သူ့နားရွက်တွေကို ညှီစို့စို့ရေပြင်ပေါ်သို့ တတ်နိုင်သလောက် အနီးဆုံးကပ်၍နားထောင်ယူရသည်။ ထို့နောက်တွင်တော့ တဖြည်းဖြည်းနှင့် အသံတွေက သဲကွဲလာခဲ့သည်။ အော်…ကလေးငယ်တစ်ယောက် စကားပြောနေခဲ့တာကိုး။
“မြစ်ဝကျွန်းပေါ်အနီး
အကြီးစားမုန်တိုင်းဝင်နိုင်သည်။
ဝေးလွန်း၍ မပြောနိုင်ဘူးလား။
အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။”
ဒီကလေး ဘာတွေပြောနေပါလိမ့်ဟု အသေအချာနားစွင့်ရင်း သူ့နားရွက်တွေကို ရေထဲအထိ ဆွဲနှစ်ပြစ်လိုက်သည်။
“အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုးတစ်လျှောက်ဆီ
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း”
သူအခုမှ သဘောပေါက်သွားသည်။ ရေထဲက ကလေးငယ်တစ်ယောက် စာအံနေတာကိုး။ ရေထဲတွင် ဦးတည်ရာမဲ့ မြောပါနေသည့်တိုင် ဒီကနေ့ ကျောင်းတွေဖွင့်ကြတာ ထိုကလေး သိနေပုံရသည်။ ထို့ကြောင့်လည်း သူရတဲ့သင်ခန်းစာတွေကို ရွတ်ဆိုနေတာပေါ့။ ထို့နောက် ကလေးငယ်က ၀မ်းနည်းသွားသလိုနှင့် စာအံသံကို ရပ်ပြစ်လိုက်သည်။ သို့သော် တခဏအကြာတွင်တော့ ရှိုက်သံရောနေသော ထိုကလေး၏ စာအံသံ တဖန်ထွက်ပေါ်လာပြန်သည်။
“ရွာနံဘေးက ချောင်းကလေး
ဖောင်မြောလာသည်။
သားတို့လည်း မြောလာသည်။
မည်သူမျှ မဆယ်ကြ။” ….ဟင့်…ဟီး..အီး
ဆက်လက်၍ ရွတ်ဆိုရန် အားအင်ကျန်ရှိပုံ မပေါ်တော့သော ကလေးငယ်သည် စာအံသည်ကို ချက်ချင်းရပ်၍ ရှိုက်ကြီးတစ်ငင် ငိုကြွေးပါတော့သည်။ သိပ်မကြာလိုက်။ ထိုကလေးငယ်၏စာအံသံကို အားကျ၍လား၊ သို့မဟုတ် ထိုကလေးငယ်အား ၀ိုင်းဝန်းနှစ်သိမ့်ချင်သည်လားတော့ မပြောတတ်။ ရေပြင်၏ အခြားအခြားသော အရပ်တို့၌တွင်လည်း အခြားမြောက်များလှစွာသော ကလေးငယ်တို့၏ စာအံသံတို့ ဟိုတစ်ပွက်ဒီတစ်ပွက်ဖြင့် ဆူညံစွာ ထွက်ပေါ်၍လာတော့သည်။
“ညအခါ လသာသာ
ရေနစ်သေမလား
ငတ်သေမလား”
“တစ်၊နှစ် ကိုနာဂစ်
သုံး၊လေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ်
ကိုး၊တစ်ဆယ် ၀ဋ္ဌ်ကျွတ်တယ်။”
“ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျားအလှူ
တစ်ပြားမရှုရ”
“အစားအစာ ၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါ ထားခဲ့ပါ။”
“ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
အမိုးအကာမဲ့နေတဲ့
မနှင်းတို့အိမ်။”
“ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။”
“ တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက်မျှော်နေတာ
အဂါၤ၊ ဗုဒၶဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာသေချာသွား ဘယ်သူမှမလာအား။”
“မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး
အာဏာရူးကို ခွေးတွေယက်
မှောင်မိုက်မှာအူ
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း……..”
ဤသို့ဖြင့် စာသင်ခန်းတွေထဲ အပြိုင်အဆိုင် စာတွေအံနေကြသလို မြစ်ပြင်ကြီးတစ်ခုလုံး ကလေးတို့၏ စာအံသံများဖြင့် ဆူညံပွက်လောရိုက်သွားခဲ့သည်။ ထို့နောက်တွင်တော့ တစ်စုံတစ်ခုက ဖြည်းဖြည်းချင်းစုပ်ယူသွားသလို စာအံသံတို့ တဖြည်းဖြည်းဖြင့် ဝေး၍သွားကြပြန်သည်။ ညကလည်း အတော်နက်လှပြီ။ ကလေးတွေ မောသွားကြပြီ ထင်သည်။ သူတို့လေးတွေ အိပ်ယာဝင်ကြတော့မည်။
သူတွေးနေလို့မှ မဆုံးသေး။ သူ့ရှေ့တွင် တချိန်လုံး ငြိမ်ချက်သား ကောင်းနေခဲ့သော ရေပြင်ကြီး ငရဲမှ ချော်ရည်တွေ စိမ့်ထွက်လာသည့်အလား ဟိုဟိုဒီဒီ ပွက်ရာလေးများထလာသည်။ သူစိုက်ကြည့်နေစဉ်အတွင်း ထိုလှိုင်းပွက်ကလေးများ အချင်းချင်းပေါင်းဆုံသွားကြပြီး အရွယ်အစား အတော်ကြီးမားသော ရေဘ၀ဲကြီးတစ်ခုဖြစ်လာသည်။ အော်…ကလေးတွေ လူစုနေကြတာကိုး။ ထို့နောက်တွင်ကား ထိုရေဘ၀ဲကြီးအတွင်းမှ ကျယ်လောင်သော အသံကြီးတစ်ခု မြိုင်ဆိုင်စွာ ထွက်ပေါ်လာတော့သည်။
ထိုအသံကား အခြားမဟုတ်။ စာသင်ခန်းတွေထဲ ဆရာမက အရှေ့မှတိုင်ပြီးတိုင်း အနောက်မှ ကလေးများတက်ညီလက်ညီဖြင့် လိုက်လံ ရွတ်ဆိုကြသော အသံလို ကလေးများ စုပေါင်းစာအံရာမှ ထွက်ပေါ်လာသော စုပေါင်းစာအံသံကြီးပင် ဖြစ်သည်။
“ဘဘ၀၀ ထလို့က
ဘဘနိုင်ပြီဗျ
ကပါကပါ ဘဘရာ
ဘဘခေတ်လေဗျာ
မဲလိမ်တွေကို အမှန်ပြ
ဘဘအကြံပိုင်ပါ့။
သူများတွေ မသာဖြစ်တာ
ဘဘနဲ့ မဆိုင်ပါ
မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
ဘဘနိုင်ဖို့ပဲ။
ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က Pressure ရ
သူများအကူ မယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ
နိုင်ငံခြားငွေမြင်သောအခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ့
ဘဘအိတ်ထဲထည့်။
ဘဘ၀၀ ထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ
ဘဘကတော့ ဆက်လို့က
ဘဘဘယ်တော့မှ ကလို့မ၀”
နောက်ဆုံး သင်ခန်းစာ အရှည်ကြီးကို စုပေါင်း၍ရွတ်ဆိုလို့ အပြီးမှာတော့ ရေပြင်ကြီးတစ်ခုလုံး ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။ နောက်ထပ်စာအံသံများ ထွက်ပေါ်လာနိုး၊ ပေါ်လာနိုးဖြင့် အချိန်အတန်ကြာသည်အထိ သူစောင့်ဆိုင်း၍ နေခဲ့သော်လည်း ညှီစို့စို့ရေပြင်ကို လေတိုးသော တဖျပ်ဖျပ်အသံမှလွဲ၍ မည်သည့်အသံမှ ထပ်၍ပေါ်မလာတော့။ ဒီတစ်ခါတော့ သူတို့လေးတွေ တကယ်အိပ်ယာဝင်သွားကြပြီ။ ၎င်းတို့အား ဟိုဟိုဒီဒီ သယ်ဆောင်သွားလာနေသော မြစ်ပြင်ကျယ်ကြီးထဲ စုန်ဆန်မြောပါရင်း ကလေးငယ်တို့ နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားကြလေပြီ။ သို့သော် ၎င်းတို့၏ အိပ်မက်များ အတွင်းတွင်တော့ မပြီးပြတ်သေးသော သင်ခန်းစာများကို ကလေးတို့ ဆက်လတ်ရွတ်ဖတ်နေကြဦးမည် ထင်သည်။
ဘ၀တစ်ပါးသို့ ပြောင်းရွှေ့သွားကြပြီဖြစ်၍ အနည်းငယ်လိုက်လံ ပြောင်းလည်းသွားပုံရသော သင်ရိုးညွှန်းတမ်းအသစ်မှ သင်ခန်းစာ အသစ်တို့ဖြင့် ကလေးတို့ တိတ်ဆိတ်စွာ အလုပ်ရှုပ်နေကြလေပြီ။
ဇွန်လရောက်ပြီ။ ကျောင်းများလည်း ဖွင့်ကြပြီ။ သို့မဟုတ် ကျောင်းအချို့ဖွင့်ကြပြီ။ အချို့အချို့သော ဒေသတို့၌တွင်ကား ဖွင့်စရာကျောင်းများသာရှိ၍ ကျောင်းလာအပ်သော ကလေးများ မရှိ၍လည်းကောင်း၊ ကလေးများ ကျောင်းလာအပ်ကြသော်လည်း ၎င်းတို့အား လက်ခံမည့်ကျောင်းများ ပျောက်ဆုံးနေကြ၍လည်းကောင်း၊ ကျောင်းရောကလေးပါ အစအန ရှာမရတော့၍လည်းကောင်း ကျောင်းများ မဖွင့်ဖြစ်ကြသေး။ သို့မဟုတ် ကျောင်းများ မဖွင့်နိုင်ကြတော့။
မည်သို့ပင်ဆိုစေကာမူ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်ကား ကလေးငယ်တို့၏ စာအံသံ မဆိတ်သုန်းခဲ့။
အဖြစ်အပျက်မှန်ကို သိရှိပုံမရသော ဇွန်လကတော့ ကလေးငယ်တို့၏ စာအံသံကြားပြီးသည် နှင့်တစ်ပြိုင်နက် စိတ်ချစွာ အိပ်ယာဝင်နှင့်ပြီ။ သို့သော် ထိုမရဏအိပ်မက်ပေါင်းများစွာ ပါဝင်သော အနက်ရောင် မှတ်တမ်းကြီးအား အစမှ အဆုံးတိုင် အသေးစိတ်သိနေပြီးဖြစ်ခဲ့သော သူ့အဖို့ကား အဘယ်သို့လျှင် အိပ်ပျော်နိုင်မည်နည်း။ ဤနေရာ၊ ဤဒေသ၌ သူ့အဖို့အိပ်စက်ရန် ဒီတစ်သက် ဖြစ်နိုင်မည်မထင်တော့။
မကြာမီ အာရုဏ်တက်တော့မည်။ ထိုအခါ ကလေးများထ၍ စာအံကြဦးမည် ထင်သည်။ သူ့အနေနှင့်ကလည်း ထိုစာအံသံတို့ကို ထပ်မံကြားချင်နေပြန်သည်။ ထို့အပြင် ထိုစာအံသံတို့ ထပ်မံထွက်ပေါ်လာရန် သူ ဒီနေရာမှာ ဆက်ရှိနေဖို့ကလည်းလိုအပ်သည်။
အဘယ်ကြောင့်ဆိုသော် ကလေးများ စာအံချိန်၌ တစ်စုံတစ်ယောက်သည် နားထောင်သူအဖြစ် ရှိနေရလိမ့်မည်ဟု အဆိုရှိသည် မဟုတ်လား။
(ထို့အပြင်)
နှစ်စဉ် ဇွန်လရောက်တိုင်း ကလေးများ မပျက်မကွက် စာအံနေကြရန် အမြဲတမ်းလှုံ့ဆော် စောင့်ကြည့်ပေးနေဖို့ဆိုတာ သူ့လို ကျောင်းဆရာတစ်ယောက် မဖြစ်မနေ လုပ်ဆောင်ပေးရမည့် တာဝန်ပင် မဟုတ်ပါလား။
<မင်းတစေ>
Posted by ဘိုဘို at 9:59 PM 3 comments
Labels: တွေးမိတွေးရာ
အသည်းနှလုံးဖြစ်ရင်
ငါဟာ..
ဒူးခေါင်းနှစ်လုံးဖြစ်တယ်။
(တဆတ်ဆတ်)
တုန်အောင်ချစ်တယ်။
zna
Posted by ဘိုဘို at 12:16 PM 3 comments
Labels: တွေးမိတွေးရာ
ဝါတွင်းတစ်ခုတည်း
ကျွန်တော်တစ်ယောက်တည်းနေရတာ ပျင်းလို့
ကျွန်တော် အဖော်စပ်တယ်။
ကိုယ်ဝန်ရှိလို့
နေ့ချင်းညချင်း ဖြစ်သွားတာတော့ မဟုတ်ဘူး
ရိုက်မစစ်ပဲ ဖြောင့်ချက်ပေးမိတော့
မင်းကို ဘယ်သူက ဘာပြောလို့လဲဆိုတဲ့ ဟာသဖြစ်တာပေါ့။
ဒီတစ်ခါလည်း ကျွန်တော့်ဘက်က ကြည့်ခဲ့ပြန်တယ်
ဝေးမလား နီးမလား။
ကစားစရာမဟုတ်တာကို ကျွန်တော်ကစားတယ်
မမြဲခြင်းအကြောင်းပြ ကျွန်တော်ဇွတ်ကျခဲ့တယ်
အက်ကြောင်းကို မျက်နှာလွှဲခဲ့ဖူးလို့
ကိုယ်တို့ လွဲခဲ့ဖူးတယ်
ကျွန်တော်ဟာ ခဲမှန်ဖူးတဲ့ စာသူငယ်
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။
သူမဘက်ကတော့ ရှက်စရာပါ
အားနာပါတယ်။
တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်း
ကျွန်တော်တို့ ရယ်တယ်
တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ရင်း
ကျွန်တော်တို့ငိုတယ်
တကယ်ချစ်ရဲ့လား ဆိုတဲ့ စကားကို ဦးသူ အရင်မေးတယ်။
တစ်ယောက်ကို တစ်ယောက် နားလည်သွားတဲ့အခါ
ကျွန်တော်တို့က လင်မယား
ကျွန်တော်တို့ကြားမှာ ဘာသာစကားမရှိတော့
ဖျားမှာလည်း မကြောက် ၊ မှားမှာလည်းမကြောက်။ ။
ဒီကဗျာလေးကတော့ ကျွန်တော်အစ်ကို မုတ်သုန် ဆီကနေယူရေးထားတာပါ...
Posted by ဘိုဘို at 11:28 AM 2 comments
Labels: တွေးမိတွေးရာ
MONASTERY CYCLONE SHLETER
မြန်မာ့ကမ်းရိုးတန်းဒေသနှင့် အကာအကွယ်မဲ့သောမြစ်ဝကျွန်းပေါ် ဒေသများတွင်မုန်တိုင်းကျရောက်စဉ် လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်သည့် Cyclone Shelter များ ကို ၁၉၈၂-၁၉၈၇ ဆေး(၁)ဆင်း သူငယ်ချင်းများ၊ မိတ်ဆွေဆရာဝန်များနှင့် စေတနာရှင်များအဖွဲ့မှ လှူဒါန်းရန်စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။
"နာဂစ်မုန်တိုင်းကျရောက်တော့ တန်ဖိုးရှိတဲ့လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ ဒါကလည်း ဒီရေတစ်ရှိန်ထိုး တက်လာတဲ့အခါမှာ၊ လေပြင်းတိုက်တဲ့အခါမှာ ခိုနေဖို့၊ တွယ်ကပ်နေဖို့အဆောက်အအုံကောင်း မဲ့ခဲ့တဲ့အတွက် ဆုံးရှုံးမှုများခဲ့ရတယ်။ ဒါကြောင့် ဒီဒေသတွေမှာတန်ဖိုးရှိတဲ့ လူ့အသက်တွေကို နောက်တစ်ကြိမ် မဆုံးရှုံးရအောင်ရည်ရွယ်ပြီးလှူဒါန်းတာပါ။ ကျွန်တော်တို့ ခြောက်လအတွင်း၊ ဒါမှမဟုတ် လာမယ့် ၂၀၀၉ ခုနှစ် မိုးမကျမီအချိန်နောက်ဆုံးထားပြီး လှူဒါန်းဖို့စီစဉ်ထားပါတယ်။ ဒီအဆောက်အဦဟာ မုန်တိုင်းမရှိတဲ့ကာလ တွေမှာလည်း အကျိုးမမဲ့ပါဘူး။ အများပြည်သူအကျိုးရှိမယ့် ဘုန်းကြီးကျောင်းအဖြစ် အသုံးပြုနိုင်ဖို့ စီစဉ်ထားပါတယ်။ ဆောက်လုပ်မယ့်ရွာကို မရွေးရသေးပါဘူး။ သက်ဆိုင်ရာနယ်မြေအာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်နဲ့ဆက်သွယ် လှူဒါန်းသွားမှာပါ" ဟု ၎င်းအဖွဲ့မှ ဒေါက်တာဆွေလှက ရှင်းပြခဲ့သည်။
လှူဒါန်းရန်စီစဉ်လျက်ရှိသည့် ဆိုင်ကလုန်းဒဏ်ခံအဆောက်အအုံ (cyclone shelter) မှာ ၄၈ ပေ ပတ်လည်ကျယ်ဝန်းသော ဘုန်းကြီးကျောင်းတစ်ကျောင်း နှင့် ၁၆ပေ၊ ၃၂ပေ အကျယ်အ၀န်းရှိ လေးခန်းတွဲ လူနေအဆောက်အအုံအသေးလေးခု ဖြစ်ကြောင်းသိရသည်။
၄၈ ပေပတ်လည်အကျယ်အ၀န်းရှိ အဆောက်အအုံမှာပုံမှန်အားဖြင့် လူပေါင်း ၃၀၀ သက်သောင့် သက်သာနေထိုင်နိုင်ပြီး မုန်တိုင်းကျရောက်စဉ်ခိုနားမည်ဆိုပါက ၁၀၀၀ ဦးရေ၀န်းကျင်အထိဆံ့ကြောင်း သိရသည်။
ယခုလှူဒါန်းမည့် Cyclone Shelter အကြီးမှာမုန်တိုင်းဖြစ်ပေါ်စဉ် ဒီရေ ၂၅ ပေအထိ မြင့်တက်လာပါက ခေါင်မိုးပေါ်တွင် နေနိုင်အောင် ဒီဇိုင်းပြုလုပ်ထားကြောင်းနှင့် Cyclone Shelter အသေးမှာမူ ဒီရေ ၁၅ ပေ အထိမြင့်တက်လာပါက ခေါင်မိုးပေါ်တွင်နေနိုင်အောင် ဒီဇိုင်းပြုလုပ်ထားကြောင်း သိရသည်။Monastery Cyclone Shelter 'Turtle'
နာဂစ်မုန်တိုင်းကျရောက်စဉ် လူပေါင်းမြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ရခြင်းမှာလည်း မုန်တိုင်းနှင့်အတူ ဒီရေမြင့်တက်လာစဉ် ကိုင်တွယ်ရာ၊ ဖက်တွယ်ရာ အဆောက်အအုံမရှိခြင်းမှာ အဓိကအကြောင်းရင်း အဖြစ်ရှိနေခဲ့သည်။ ထို့ကြောင့် လှူဒါန်းသူများက တန်ဖိုးရှိသည့် လူ့အသက်ပေါင်းများစွာကိုကာကွယ် နိုင်ရန်ရည်ရွယ်ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်သည်ဟုဆိုသည်။
ယခုကဲ့သို့ လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန်ရည်ရွယ်၍ အဆောက်အအုံလှူဒါန်းမည့်သူများကိုလည်း နာမည်ကျော် SPINE Architects မှ ပညာဒါနပြုသည့်အနေဖြင့် ဆိုင်ကလုန်းဒဏ်ခံအဆောက်အအုံ ဗိသုကာဒီဇိုင်းများကို အခမဲ့ လှူဒါန်းပေးမည်ဖြစ်သည်ဟု ဗိသုကာပညာရှင် ဦးဇော်မိုးရွှေက ဆိုသည်။
"ကျွန်တော်တတ်တဲ့ပညာနဲ့ တတ်နိုင်တဲ့ဘက်က လှူဒါန်းပေးတာပါ။ ဒီလိုတန်ဖိုးရှိတဲ့ လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်တဲ့ အဆောက်အအုံတွေ လှူဒါန်းချင်သူတွေအားလုံးကို ကျွန်တော်ရေးဆွဲထားတဲ့ ဗိသုကာ ဒီဇိုင်းတွေကို အခမဲ့လှူဒါန်းမှာဖြစ်ပါတယ်။ ဒီဇိုင်းနှဲ့Structure Drawing တွေကို အခမဲ့ကူညီပေးသွားမှာပါ။ ကျွန်တော်အလှရေးဆွဲထားတာ မဟုတ်ပါဘူး။ လိုအပ်တဲ့အချက်တွေနဲ့ကိုက်ညီအောင်၊ တတ်နိုင်သမျှ ပြည့်စုံအောင်၊ ကိုယ့်ရေမြေဒေသ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင်၊ ရေးဆွဲထားပါတယ်။ အဓိကကတော့ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့စရိုက်နဲ့ ထင်ဟပ်အောင်ရေးဆွဲထားတာပါ။ အထူးသဖြင့် ဘုန်းကြီးကျောင်းပုံစံ ရေးဆွဲပေးထားပါတယ်" ဟု SPINE Architects မှ ဦးဇော်မိုးရွှေက ရှင်းပြခဲ့ပါသည်။
အဆောက်အအုံပုံစံမှာ လိပ်ခုံးပုံသဏ္ဌာန်ဖြစ်ပြီး ခြေတံရှည်တည်ဆောက်ထားကာ အမိုးမှာများစွာ ထူးခြားကြောင်း၊ မုန်တိုင်းကျရောက်စဉ် လူအများမှာအဆောက်အဦအတွင်းထဲ၌ သာမကအမိုးပေါ်တွင်ပါ နေထိုင်နားခိုနိုင်ရန် စီစဉ်ရေးဆွဲထားသည်ဟုသိရသည်။
"အဆောက်အအုံကတော့ ဘင်္ဂလားဒေ့ရှ်မှာဆောက်တဲ့ပုံစံကို လေ့လာထားပေမဲ့ သူတို့ဆောက်ထားသလို အမိုးကအပြားမဟုတ်ပါဘူး။ လှေကားထစ်ပုံစံနဲ့မိုးထားတာပါ။ ဒီတော့ ရေအရမ်းမြင့်တက်လာတဲ့ အခါမှာ လူတွေအနေနဲ့ ခေါင်မိုးပေါ်မှာ ပြုတ်မကျပဲနေနိုင်တယ်။ နောက်လေပြင်းတဲ့အခါ ပြုတ်ကျမသွားအောင် ခေါင်မိုးပေါ်မှာလက်ကိုင်အချွန်တွေပါ တပ်ဆင်ထားတယ်။ ခြေတံရှည်ဆိုတော့ တော်ရုံမုန်တိုင်းကြောင့် ရေတက်လာ ရင်တောင် ကျွဲနွားတွေကို အောက်ခြေမှာထားလို့ရတယ်။ မုန်တိုင်းကျပြီး ကယ်ဆယ်ရေး မလာခင်အချိန်တွေမှာ ရေပြတ်လပ်မှုမရှိအောင် မိုးရေခံတဲ့ကန်ပါထည့်ဆွဲထားပါတယ်။ ဘုန်းကြီးကျောင်းဒီဇိုင်း ကိုတော့လိပ်ပုံသဏ္ဌာန်နဲ့တူလို့ Turtle လို့ အမည်ပေးထားပါတယ်။ လူနေခန်းတွေကိုတော့ ကမာ Oyster လို့ အမည်ပေးထားတယ်" ဟု ဦးဇော်မိုးရွှေက ဆက်လက်ရှင်းပြပါသည်။
Cyclone Shelters ဗိသုကာ ဒီဇိုင်းရေးဆွဲသူ ဦးဇော်မိုးရွှေ၏ကိုယ်ရေးအကျဉ်း
အမည် - ဦးဇော်မိုးရွှေ
အလုပ်အကိုင် - Principal Architect (SPINE Architects)
ပညာအရည်အချင်း - B.A in Architecture, University of California-Berkeley(1994), M.Arch, Columbia University (1997)
အထင်ကရလက်ရာအချို့ - I'Occitane Stores, American Federation of Arts, Eleven Media Headquarter (Yangon), Myanmar Times Headquarter (Yangon), Bay of Bengal (Ngwe Saung)
မုန်တိုင်းဒဏ်ခံနိုင်ရည်ရှိရန်အတွက် ဒီဇိုင်းရေးဆွဲရာတွင် လေ၀င်လေထွက် အထူးကောင်းမွန်ရန်အတွက် လည်း Cross Ventilation ကို ထည့်သွင်းရေးဆွဲထားကြောင်းနှင့် မုန်တိုင်းဖြစ်ပေါ်စဉ် အကာအကွယ်မဲ့သည့် ဒေသများရှိ ကျေးရွာများတွင် တစ်ရွာလျှင်တစ်လုံးနှုန်းမျှပင် တည်ဆောက်ထားသင့်ကြောင်းဆိုသည်။
"အဆောက်အအုံဆောက်မယ့် နေရာကို Soil Test စစ်ဆေးရမယ်။ မြေမာပါဝင်မှု၊ နုန်းမြေပါဝင်မှု ဒါတွေကိုစစ်ဆေးရမယ်။ ဒီအချက်ပေါ်မှာ မူတည်ပြီးမှ Foundation ချရမယ်။ အရေးကြီးတာက မုန်တိုင်းဖြစ်တဲ့အခါ လေပြင်းဒဏ်ကိုခံနိုင်အောင် လေ၀င်လေထွက်ကောင်းတဲ့ Cross Ventilation ပုံစံမျိုးဆွဲထားတယ်" ဟုဆိုသည်။
cyclone shelter တည်ဆောက် လှူဒါန်းရာတွင် ကာလပေါက်ဈေး အနေဖြင့်တစ်ပေပတ်လည်လျှင်ကျပ် ၁၅၀၀၀ ၀န်းကျင်သာ ကုန်ကျစရိတ် ရှိကြောင်းနှင့်ကျေးရွာတစ်ရွာအတွက် ၄၈ ပေပတ်လည် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ၁၆ ပေ၊ ၃၂ ပေ လူနေအဆောက်အအုံလေးခုလှူဒါန်း မည်ဆိုပါကကျပ်သိန်း ၆၅၀ ၀န်းကျင် သာကုန်ကျမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးမောင်မောင်ဝင်းက ရှင်းပြခဲ့သည်။
"အခုဈေးနှုန်းက တစ်ပေပတ်လည်ကို ကျပ် ၁၅၀၀၀ ၀န်းကျင်မှာ ကုန်ကျစရိတ်ရှိတယ်။ ဒါကအပြီးငြိမ်းစနစ်၊ ပုံသေစနစ်နဲ့တည်ဆောက် တဲ့နှုန်းထားဖြစ်တယ်။ အခုဆောက်မယ့် ၄၈ ပေပတ်လည် cyclone shelter ဆိုရင် ကျပ်သိန်း ၃၅၀ ၀န်းကျင်ပဲကုန်မယ်။ နောက်အသေးလေးတွေဖြစ်တဲ့ ၁၆ ပေ၊ ၃၂ ပေ cyclone shelter တွေကတော့ တစ်လုံးကိုမှ ကျပ် ၇၈ သိန်းဝန်းကျင်ပဲကုန်မယ်။ ဒီတော့ ကျေးရွာတစ်ရွာမှာ အကြီးက တစ်လုံး၊ အသေးက လေးလုံးလောက်လှူမှ ကျပ်သိန်း ၆၅၀ လောက်ပဲ ကုန်မယ်လေ။ ဒါက လူဦးရေထောင်ကျော်နေတဲ့ ရွာတွေအတွက်ဆို တော်တော်လေးလုံလောက်ပါပြီ" ဟုလည်း ဦးမောင်မောင်ဝင်းကရှင်းပြသည်။
ရေဘေး၊ လေဘေးအကာအကွယ်မဲ့သည့် ကျေးရွာများအတွက် မရှိမဖြစ်လိုအပ်နေသည့် ဆိုင်ကလုန်း ဒဏ်ခံအဆောက်အအုံများကို ယခုအခါ ပုဂ္ဂလိကအလှူရှင်များမှ ငွေအား၊ လုပ်အား၊ ပညာများဖြင့် လှူဒါန်းမှုစတင်နေပြီဖြစ်ရာ ဒေသခံများအနေဖြင့် ရဲတင်းစွာနေထိုင်လာနိုင်တော့မည် ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။
Ref : BiweeklyEleven
Posted by ဘိုဘို at 10:32 AM 3 comments
Labels: အကူအညီ
ကမ္ဘောဒီးယားနိုင်ငံမှ အမျိုးသမီးများသည် လက်ထပ်ပွဲစားများ နှင့်ဆက်သွယ်ကာ ကိုရီးယားနိုင်ငံသား၊ ထိုင်ဝမ်နိုင်ငံသားတို့နှင့် လက်ထပ်လာကြမှုသည် အလွန်စိုး ရိမ်ဖွယ် ရာအခြေအနေသို့ ရောက်ရှိလာနေ သည်။ကိုရီးယားနိုင်ငံသို့ သွားရောက်ပြီး လက် ထပ်နေကြမှု နှုန်းထားကို ကမ္ဘောဒီးယားနိုင်ငံရှိ ကိုရီးယား သံရုံးမှ လက်ထပ်ဗီဇာ(Marriage Visa)ထုတ်ပေးနေမှုကိုကြည့်ပါကသိ နိုင်သည်။
၂၀၀၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသူ ၇၂ ဦး၊ ၂၀၀၅ ခုနှစ် တွင် ၁၅၁ ဦး၊ ၂၀၀၆ ခုနှစ်တွင် ၃၆၅ ဦး၊၂၀၀၇ ခုနှစ်တွင် ၁၇၅၉ဦး နှင့် ၂၀၀၈ ခုနှစ်၊ဇန်န၀ါရီလ တစ်လတည်းပင် ၁၆၀ဦးထုတ်ယူ ထားကြသည်ကိုတွေ့ရ သည်။ကိုရီးယားနိုင်ငံသို့သွားရောက်ရန် လက်ထပ်ဗီဇာထုတ်ယူမှုသည် လေးနှစ်အတွင်း ၅၀၀ရာခိုင်နှုန်း ထိ တိုးတက်များပြားလာနေသည်။ထူးခြားချက်မှာ ကမ္ဘောဒီးယားနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ လက်ထပ်ရန်အတွက် သွားကြမှု တွင် လူကုန်ကူးမှုပြဿနာ ကြီးကြီးမားမားဖြစ်ပေါ်ခြင်း မရှိသေးပေ။သို့သော်လည်း ထိုသို့ နိုင်ငံကူးပြီး လက်ထပ်လာကြသည့် ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းရန် လိုအပ်နေပြီဖြစ်သည်။ကမ္ဘောဒီးယား အမျိုးသမီးငယ်များအား တိုင်းတစ်ပါးတွင် လက်ထပ်ရန်အတွက် မည်သို့မည်ပုံလူစုဆောင်းကြသည့် အလေ့အထများနှင့် နိုင်ငံခြားသားများနှင့်လက်ထပ်ထားကြသော ကမ္ဘောဒီးယားနိုင်ငံသူများသည် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံရခြင်း၊လှည့်ဖြားခြင်း(သို့မဟုတ်)ခေါင်းပုံဖြတ်ခံရခြင်းတို့ ရှိနေခြင်း ဟုတ်၊မဟုတ် ကိုသေချာရန် ကာကွယ်မှုယန္တရားများ ပိုမိုဆောင်ရွက်ပေးရန် လိုအပ်လာသည်ကိုသတိပြုမိလာကြ သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများမှ အမျိုးသားများသည် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ခရီးထွက်လာကာ ထိုနိုင်ငံသူများကို ငွေပေးပြီး ဇနီးမယားအဖြစ် ပေါင်းသင်းလာကြသဖြင့် လက်ထပ်ပွဲစားများအတွက် အကျိုးအမြတ်များစွာ ရရှိသလို ကမ္ဘောဒီးယားနိုင်ငံ သူများ ကိုရီးယားနိုင်ငံသို့သွားကာအိမ်ထောင်ပြုမှုများ ရှိလာသောကြောင့်လည်း ပွဲစားများအတွက် ထိုဈေးကွက်နှစ်ခုမှ အမြတ်အစွန်း မြောက်မြားစွာဖြင့် အလုပ်ဖြစ်နေကြသည်။ကမ္ဘောဒီးယား အစိုးရအတွက် နိုင်ငံခြားသားနှင့် လက်ထပ်လာကြမှု များပြားလာခြင်းသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေ ရသည်။ထို့အပြင်ကမ္ဘောဒီးယားအမျိုးသမီးများ လွတ်လပ်စွာ ရွေးချယ်နိုင်မှုနှင့် ၄င်းတို့၏အခွင့်အလမ်းများရရှိရန် အတွက် အကာအကွယ်ပေးရေးကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်နေ သည်။
ကမ္ဘောဒီးယားနိုင်ငံအစိုးရသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ သုတေသနစာတမ်းများ ထွက်ပေါ်လာပြီး သည့်နောက် နိုင်ငံခြားသားနှင့်လက်ထပ်မှုကို ယာယီအားဖြင့် ပိတ်ပင်တားဆီးလျက်ရှိသည်။ထိုပြဿနာကိုဖြေရှင်းရန် နည်းလမ်းရရှိသည် အထိ ပိတ်ပင်တားဆီးနေမည်ဖြစ်သည်။သို့သော်ကိုရီးယားအစိုးရအနေ ဖြင့် ကမ္ဘောဒီးယားနိုင်ငံသူများ ကိုရီးယားနိုင်ငံသား များနှင့်လက်ထပ်နေကြခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂ၏ လူကုန်ကူးမှုဆိုင်ရာ အဓိပ္ပာယ်နှင့်ကိုက်ညီမှုမရှိကြောင်း၊မပတ်သက် ကြောင်း တုံ့ပြန်ပြောဆိုလျက်ရှိနေသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ကိုယ်တိုင် အမိန့်ထုတ်ပြီး မတ်လစောစောပိုင်းက လက်ထပ်ပွဲစား ကိုယ်စားလှယ်လုပ်ငန်း များကို ပိတ်ပစ်ခဲ့သည်။ထိုကိုယ်စားလှယ် လုပ်ငန်းများအနေဖြင့် အမြတ်အစွန်းများ စွာရရှိလျက်ရှိရာ အမျိုးသားများမှ အလိုရှိ သည့်သတို့သမီးတစ်ဦးအား လက်ထပ်လိုလျင်လက်ထပ်ပွဲစားသို့ အမေရိကန်ဒေါ်လာနှစ်သောင်း ထိပေးရသည်။သို့သော် ကံကောင်းသည့် အမျိုးသမီးဘက်မှ မိသားစု သည်အမေရိကန်ဒေါ်လာတစ်ထောင်ခန့်သာရကြသည်။ဥပဒေနှင့်အညီ တရား ၀င်လမ်းကြောင်းမှသွေဖည်ပြီး လက်ထပ်ပွဲစားများနှင့်သာ ဥပဒေမဲ့ လက်ထပ်ရေးကိစ္စလုပ်ဆောင်ပါက ခေါင်းပုံဖြတ်ခြင်း (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုကျင့်ခံရခြင်းတို့ ကြုံတွေ့ရနိုင်သည်ဟု လေ့လာနေသည့်နိုင်ငံတကာအဖွဲ့ အစည်းများမှ သုံးသပ်ကြသည်။
ပွဲစားများမှတစ်ဆင့် လက်ထပ်ခြင်းခံရသော အမျိုးသမီးငယ်အများစုမှာ အသက်(၂၀-၂၁)နှစ် အရွယ်များ ဖြစ်ပြီး စာမတတ်သူ၊ ဆင်းရဲသည့် မျိုးရိုးရှိသူများဖြစ်ကြသည်။၎င်းအပြင် တစ်ဖက်နိုင်ငံရောက်ရှိ သွားပါက မည်သို့သောဘ၀မျိုးဖြင့် ရပ်တည်ရ မည်ကို အသိအမြင်၊ ဗဟုသုတလည်းမရှိကြ၊ကိုရီးယားနိုင်ငံတွင်ဟင်းရွက်၊ ကန်စွန်းရွက်ခူးသည့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ် ကိုင်ရမည်ကိုလည်း သတိမမူမိကြ။၎င်းတို့သည် ကိုရီးယားရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းများကြည့်ပြီးစိတ်ကူးယဉ်ကာ ယဉ်ကျေးမှု ခြားနားခြင်း၊ဘာသာစကားခြား နားခြင်းနှင့် ကျေးလက်ဒေသတွင်နေထိုင်ရလိမ့်မည်ကို သတိမမူဖြစ်ခဲ့ကြသည်။
ထိုအမျိုးသမီးများသည် မြို့ပြရှိ ခင်ပွန်းလောင်းများကိုသာရှာဖွေကြခြင်းကြောင့် စက်ရုံ၊အလုပ်ရုံနှင့်လယ် ယာလုပ်ငန်းလုပ် ကိုင်ကြသည့် ကာယလုပ်သားများဖြစ်ကြသော ၄င်းတို့နေရပ်မှ ဒေသခံအမျိုးသားများသည် အသက် ၃၉ နှစ်အရွယ်ရောက်နေ သည့်တိုင် လက်ထပ်ရန်အခွင့်အလမ်းများ လက်လွတ်ဆုံးရှုံးနေကြရသည်။မိန်းကလေးရှင် မိဘများအနေဖြင့်ငွေကြေးရရှိ သည့်အပြင် ၄င်းတို့၏သမီးများအား အိမ်ပြန်ပို့ပေးမည့်ကတိများကိုယုံကြည်ကြသဖြင့်ထိုသို့ပြည်ပနိုင်ငံသားများနှင့် လက်ထပ်ပေးရေးကို စိတ်အားထက်သန်စွာ လိုလိုလားလားလက်ခံအား ပေးမှုပြုနေကြသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် လက်ထပ်ပွဲစားလုပ်ငန်းများ များပြားလာရခြင်းသည် ဗီယက်နမ်နိုင်ငံမှ ထိုအေဂျင်စီများ ရွှေ့ပြောင်း လာ ကခြင်းကြောင့်လည်းဖြစ်သည့်အပြင် ဗီယက်နမ်နိုင်ငံတွင် အစိုးရ၏ ထိရောက်စွာ နှိမ်နင်းခြင်းနှင့် ထိုကဲ့သို့ ကိုယ်စားလှယ် လုပ်ငန်းများ အပြိုင်အဆိုင်များပြားလာခြင်းတို့ ကြောင့်လည်းဖြစ်သည်။တစ်နိုင်ငံမှ တစ်နိုင်ငံထိုလုပ်ငန်းများ ပြောင်းရွှေ့တိုး ပွား လာကြခြင်းသည် လူများ၊ပစ္စည်းများ၊၀န်ဆောင်မှုများလွတ်လပ်စွာရွှေ့ပြောင်းကြသည့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် ကြောင့်လည်းဖြစ်သည်။ကိုရီးယားနိုင်ငံတွင် လက်ထပ်ပွဲစားစနစ်ကြောင့် ဖြစ်ပေါ်လာသော ခေါင်းပုံ ဖြတ်မှုအထောက်အထား အခိုင်အမာမတွေ့ရှိရသေးချေ။
ထိုင်ဝမ်နိုင်ငံတွင် နှစ်ပေါင်းများစွာကတည်းက ကမ္ဘောဒီးယားအမျိုးသမီးများဖြင့် ထိုင်ဝမ်နိုင်ငံသား များ လက်ထပ်ပေါင်းသင်း နေထိုင်ကြသည်။သို့သော်လည်းနှိပ်စက်ညှဉ်းပမ်းမှု၊မဟားတရားပြုကျင့် မှုများအများအပြားတွေ့ရှိရသည်။ယနေ့ထိတိုင် ထိုင်ဝမ်နိုင်ငံတွင် ကမ္ဘောဒီးယားသတို့သမီးများ (၅၀၀၂၁၉) ဦးနေထိုင်ကြလျက်ရှိပြီး အများစုမှာ စော်ကားမှုပုံစံ အမျိုးမျိုးခံနေ ကြရသည်။အချို့မှာစား သောက်ဆိုင်များတွင်လုပ်အားခေါင်းပုံဖြတ်ခံကြရသလိုအချို့မှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုကျင့် ခြင်းခံနေကြရသည်။ထိုကမ္ဘောဒီးယားသူအများစုသည်လှပချောမောသူများ ထွက်ရှိဟုနာမည်ကြီးဒေသဖြစ်သည့် Kompong Cham ပြည်နယ်မှဖြစ်ကြသည်။ထိုင်ဝမ်နိုင်ငံသို့ သွားရောက် လက်ထပ်ကြသူများသည်လက်ထပ်ပွဲစားများနှင့်ဆက်သွယ်ပြီး သွားရောက်ကြသည်ထက် မိမိအဆက်အသွယ်နှင့် မိမိဆက်သွယ်စုံစမ်းကာ သွားရောက်ကြမှုကပိုများသည်။ ထိုင်ဝမ်နိုင်ငံသား များသည် အမေရိကန်ဒေါ် လာတစ်သောင်းမှ နှစ်သောင်းအထိ အမျိုးသမီးငယ်များအား ပွဲစားများမှ တစ်ဆင့်ပေးဝယ်ကြသော် လည်း အမျိုးသမီးငယ်များအဖို့အမေရိကန်ဒေါ်လာ ၃၀၀ ခန့်လောက်သာလက်ဝယ်ရရှိကြရသည်။ယခု နောက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ One-China Policy ကိုလက်ခံကျင့်သုံးပြီး ထိုင်ဝမ်နှင့် အရောင်းအ၀ယ်လုပ်ငန်းကိစ္စ ရပ်များတွင် သိသိသာသာလျော့ချမှုများကြောင့် ပွဲစားဖြင့်ထိုင်ဝမ်သို့ သွားရောက်လက်ထပ်မှုသည်လည်း ကျဆင်းလျက်ရှိနေ သည်။သို့သော် အခြားတစ်ဖက်တွင်ကိုရီးယားနိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံသူများ အစုလိုက်အပြုံလိုက် သွားရောက်လက်ထပ် ကြမှုများပြား လာမှုသည်လွန်စွာ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်လာသဖြင့်ကမ္ဘောဒီးယားအစိုးရအနေဖြင့်အရေးယူဆောင် ရွက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
ကမ္ဘောဒီးယား ၀န်ကြီးချုပ်က ကိုရီးယား လက်ထပ်ပွဲစားကုမ္ပဏီများ အားလုံးပိတ်ပစ်သော်လည်း တရားဝင် မှတ်ပုံတင်ထား ခြင်းမရှိသည့် တရားမ၀င်ကုမ္ပဏီအချို့ရှိနေသေးသည်။၎င်းတို့နိုင်ငံသားများသည် အသိအမြင်နည်းပါးပြီး ကြော်ငြာများနှင့် ငွေရရှိမှုကိုသာ စိတ်ကူးလျက် ကိုရီးယားနိုင်ငံသို့သွားရောက်လက်ထပ်ကြခြင်းသည် လူကုန်းကူးခြင်းခံရမှု အမျိုးအစားများထဲ မှ တစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။
၎င်းကိစ္စနှင့်ပတ်သက်၍ကမ္ဘောဒီးယားနိုင်ငံရှိ ကိုရီးယားသံအရာရှိများကမူ ထိုသို့လက်ထပ်မှု တိုးပွားလာခြင်းသည် တကယ် တမ်း စိုးရိမ်ဖွယ်ရာမရှိဟု မှတ်ချက်ပြုကြသည်။ကိုရီးယားဗီဇာထုတ်ပေးသည့် သံအရာရှိများကလည်း ကမ္ဘောဒီးယားနိုင်ငံသူ များကို တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာသဘောရိုးဖြင့် သွားရောက်လက်ထပ်လိုသူများဖြစ်ခြင်း၊၄င်းတို့ ကိုယ်တိုင်ကိုရီးယားနိုင်ငံ တွင် ဘ၀ကို ထိန်းကျောင်းနိုင်သည်ဟု ယုံကြည်မှုအပြည့်ရှိသူများဖြစ်ခြင်း၊၄င်းတို့၏ သာယာသည့်အနာဂတ်ဘ၀ ရရှိလိုခြင်း တို့ကြောင့် ဗီဇာလျောက်ထားခြင်းဖြစ်သည်ဟု ပြောဆိုကြသည်ဟုဆိုသည်။ကိုရီးယားသံရုံးအနေဖြင့်လည်းကမ္ဘောဒီးယား နိုင်ငံရှိ ကိုရီးယားလက်ထပ်ပွဲစား အေဂျင်စီများကိုအနီးကပ်စောင့်ကြည့်လျက်လည်းရှိနေသည်။
သို့သော် ကမ္ဘောဒီးယား မိသားစုအများအပြားကို ကိုရီးယားနိုင်ငံ၏အကောင်း၊ အဆိုးဘ၀အမှန်များ၊ကျရောက်နိုင်သည့် အန္တရာယ်များ၊ ကိုရီးယားနိုင်ငံ ပတ်ဝန်းကျင်နှင့် အသားကျအောင် ဘာသာစကား မှအစ အသိပညာပေးမှုများ လိုအပ်လျက် ရှိသည်။ ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ကမ္ဘောဒီးယားအိမ်ထောင်ရှင်မများကို နှစ်သိမ့်ပညာ ပေးခြင်းနှင့် လုံခြုံစိတ်ချ ရသည့် ခရီးလမ်းကြောင်းများပိုမိုထားရှိသင့်သည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းများက ထောက်ပြလျက်ရှိနေသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသအတွင်းတွင် တိုင်းတစ်ပါးသားများနှင့် လက်ထပ်ပွဲစားများမှတစ်ဆင့် လက်ထပ်မှုလုပ်ငန်း ကျယ် ပြန့်စွာဖြစ်ထွန်းနေခြင်းသည် မိမိနိုင်ငံ၏ အမျိုးသမီးငယ်လေးများအတွက် ခြိမ်းခြောက်မှုတစ်ခု တိုးပွားလာနေသည်ဟု ခံယူသ တိပြုကြရမည်သာ ဖြစ်ပေသည်။
Source: UNIAP-Cambodia Office (24.4.2008)Ref : BiweeklyEleven
Posted by ဘိုဘို at 6:00 PM 0 comments
Labels: အကူအညီ
သူငယ်ချင်းတို့ အားနေရင် အပျင်းပြေဆော့ဖို့ Game Website လေးတခုကိုညွှန်ပေးလိုက်မယ်.. အဲဒါကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ၀က်ဆိုက်ဒ်မှာတင်ထားတာပါ.. အပျင်းပြေ ပယ်နယ်တီကန်လို့ရပါတယ်.. မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ဂစ်၊ ဆိုးလ်ရှား၊ ရော်နယ်ဒိုလ်၊ စမစ်၊ ရွန်နေ တို့ထဲက ကိုယ်ကြိုက်တဲ့ ကစားသမားကိုရွေးပြီး ကန်လို့ရ ပါတယ်.. ပထမ ပယ်နယ်တီ (၅)လုံးကိုဝင်ရင် ဆက်လက်ကန်ခွင့်ရမှာပါ.. ကိုယ်ကန်တဲ့ ပြင်းအားကို ကြည့်ပြီး အမှတ်ပေးသွားပါ တယ်.. သူငယ်ချင်းတွေ စိတ်ပြေလက်ပျောက် အပျင်းပြေ၀င်ရောက်ကစားနိုင်ပါတယ်...
Posted by ဘိုဘို at 4:39 PM 0 comments
Labels: အားလုံးအတွက်
ဒီ Website လေးက ကျွန်တော်တို့လို မြန်မာစာကိုသေသေချာချာမရိုက်တတ်တဲ့ လူတွေအတွက် အတော့်ကို အသုံးဝင်တဲ့ နေရာလေးတစ်ခုပါ.. အဲဒီမှာ မြန်မာအက္ခရာတွေအကုန်ပါပါတယ်.. အောက်စလုံးတွေက အစရေးပေးထားပါတယ်.. သူငယ်ချင်းတွေ ရေးချင်တယ်ဆိုရင် ပါဠိလိုတောင်ရေးလို့ရပါတယ်.. အရမ်းကို ပြည့်စုံတဲ့ Website လေးတစ်ခုပါ..
Posted by ဘိုဘို at 2:39 PM 1 comments
Labels: အားလုံးအတွက် နည်းပညာ
အခုကျွန်တော် ဘလော့ဂ်အသစ်တခုလုပ်ထားတယ်။ ဘောလုံးနဲ့ပတ်သက်တာတွေပေါ့.. ဂျာနယ်ပုံစံလေးလုပ်မှာ.. အခုတော့ အဲဒီဘလော့လေးမှာ အခုလတ်တလောပေါ်ပြူလာဖြစ်နေတဲ့ ဘောလုံးသမား အပြောင်းအရွှေ့၊ ယူရို (၂၀၀၈) ဘောလုံးပွဲ သတင်းတွေတင်ထားတယ်.. နောက်အချိန်ရရင် အခြားအားကစားနည်းလေးတွေကိုပါတင်ပေးသွားမှာပါ.. နောက်ထပ်အစီအစဉ်လေးတွေတိုးချဲ့ဖို့လည်းရှိပါတယ်.. အားကစားဗဟုသုတတွေပေါ့.. ဒါတွေအားလုံးကို ကျွန်တော်တယောက်တည်း မလုပ်နိုင်ဘူး.. ဒါကြောင့် ကျွန်တော်ကို ကူညီမယ့် သူငယ်ချင်းတွေကို ဖိတ်ခေါ်ပါတယ်.. ကျွန်တော့်ရဲ့ အားကစားဘလော့ဂ်လေးမှာ Member ၀င်ကြပေးပါ.. ကျွန်တော်က Member ၀င်တွေကို အပိုင်းပိုင်းလေးတွေနဲ့ တာဝန်လေးတွေခွဲပေးသွားမှာပါ.. Member တွေထဲမှာ တာဝန်ယူမယ်လူတွေကို ကျွန်တော်က Permissions ခွဲပေးပါမယ်.. ဘလော့ဂ်က သူငယ်ချင်းတွေစုပြီး ဘောလုံးဂျာနယ်ပုံစံလေး ဘလော့ဂ်တခုလောက် လုပ်ကြရအောင်.. ကျွန်တော်က အရင်က Eleven Sport Journal မှာ Junior Editor And Reporter လုပ်ဖူးပါတယ်.. အားလုံးက ကျွန်တော်နဲ့အတူ ပူပေါင်းပါဝင်ကူညီကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်.. နောက် ကျွန်တော်တို့အားတဲ့ တနွင်္ဂနွေနေ့တိုင်းမှာ ဘလော့ဂ်က သူငယ်ချင်းတွေစုပြီး ဘောလုံးကန်ရအောင်.. လူများရင် ကွင်းကြီးကန်မယ်၊ လူနည်းရင် W ကန်ကြမယ်လေ... ကျွန်တော်မှာ ကန်မယ့်သူငယ်ချင်း (၃)ယောက်ရှိတယ်.. သူငယ်ချင်းတို့လည်း ကန်ချင်တယ်ဆိုရင် .. Comments Box မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးရေးပေးခဲ့ပါ.. ကျွန်တော်လူစုပြီးဆက်သွယ်ပါ့မယ်.. အဲ.တခုတော့ရှိတယ်နော်.. ကျွန်တော်တို့ကန်မှာက စင်္ကာပူမှာနော်... ဟီးဟီး... အရမ်းကန်ချင်တယ်ဆိုလည်း Flight ငှားပြီးလာကန်ပေါ့..
ကျွန်တော်အခုလောလောဆယ်လုပ်ထားတာလေးတွေကိုကြည့်ချင်တယ်ဆိုရင်အဲဒီမှာဝင်ကြည့်လို့ရပါတယ်
Posted by ဘိုဘို at 12:09 PM 4 comments
Labels: အကူအညီ