<<< ဘယ်သူလဲဆိုတော.. >>> လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
13 June 2008

<<< မင်းကံကောင်းတယ်လို့မှတ်.. >>>
တမလွန် ဘ၀မှာ ဂျော့ဘုခ်ျ ရယ်၊ ဘဘသန်းရယ်၊ ဗလာဒီမာ ပူတင်ရယ် အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့ တစ်နေရာ အရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့တွေ့ပါလေရော။ အဲဒီမှာတင် ဂျော့ကယေရှုနားကိုတိုးသွား ပြီးတော့ "အရှင်၊ သားတော် အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော် ကံကောင်းခဲ့ပါလား" လို့မေးတယ်။ ယေရှုက "အေး.. မင်းကံကောင်းခဲ့ တယ်။ ဘာလို့လဲဆိုတော့ မင်းဟာ အကြမ်းဖက်သမားတွေကို နှိမ်နှင်းခွင့်ရခဲ့လို့ပဲ" လို့ပြန်ဖြေတယ်။ ပြီးတော့ ပူတင်က ယေရှုကို "ကျွန်တော်မျိုးကော အသက်ရှင်စဉ်က ဘယ်လို ကံကောင်းခဲ့ပါလဲ" လို့မေးတယ်။ ယေရှုက "မင်းလဲ ကံကောင်းခဲ့တာပဲ.. ဘာလို့လဲဆို တော့ မင်းဟာ တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ" လို့ပြန်ဖြေတယ်။ နောက်ဆုံးပိတ်အနေနဲ့ ကျွန်တော်တို့ ဘဘသန်းက အားကျမခံ "ကျွန်တော်ရောဗျာ.. ဘယ်လို ကံကောင်းခဲ့လဲ" လို့မေးတယ်။ အဲ.. မေးလိုက်တဲ့ ခဏမှာ ယေရှု လက်နှစ်ဖက်လုံး လှုပ်သွား တယ်.. ဒါပေမယ်.. ကားစင်တင်ခံထားရတာဆိုတော့ လှုပ်လို့ မရဘူုး။ ပြီးတော့ ဘဘသန်းကို အံကြိတ်ပြပြီး ဒီလိုပြောတယ် "အေး.. ငါ့လက်နှစ်ဖက်စလုံး လှုပ်လို့မရတာပဲ မင်းကံကောင်းတယ်လို့မှတ်" တဲ့ ....

1 comments:

Nay Myo said...

ဖတ်ပြီးတာနဲ့ သဘောကျလို့ ရယ်လိုက်ရတာ။ ကော်ပီလုပ်ပြီး သူငယ်ချင်းတွေကို မေးလ်နဲ့ လှမ်းရှယ်လိုက်တာ အားလုံးက ကျေးဇူးပါတဲ့ဗျာ။ အားလုံးကိုယ်စား ရှဲ့ရှဲ့ပါနော်။