<<< ဘယ်သူလဲဆိုတော.. >>> လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
16 June 2008

<<<အင်းဆက်ပိုးမွှားတွေဟာ အဓိကဟင်းလျာဖြစ်လာလေမလား>>>
အင်းဆက်ပိုးမွှားများကို ကြော်လှော်၊ ချက်ပြုတ်စားသုံးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ် သည့်အပြင် သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းမွန်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။

ပုရစ်ကြော်၊ ပေါက်ဖတ်ကင်စသည်တို့သည် အာဟာရမျိုးစုံပါဝင်သည့် ဟင်းလျာဖြစ်သကဲ့သို့ သမားရိုးကျအသားများ စားသုံးခြင်းထက် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု နည်းသည်ဟုဆိုသည်။

အချို့သောအင်းဆက်များသည် အသားနှင့်ငါးများထက် ပရိုတိန်းပါဝင်မှု နှစ်ဆပိုသည့်အပြင် ကျန်းမာရေးအတွက် လိုအပ်သောဗီတာမင် နှင့် သတ္တုဓာတ်များ ပါဝင်နေသည်။

အဆီပါဝင်မှုများသော အသင့်စားမုန့်ထုပ်များ၏ ဈေးကွက်ကိုပင် ပိုးမွှားများက အစားထိုးဝင်ရောက်လာလိမ့်မည်ဟု ပညာရှင်အချို့က ခန့်မှန်းနေကြသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၁၃ နိုင်ငံ၌ ပိုးမွှားအမျိုးအစား ၁၇၀၀ခန့်ကို စားစရာတစ်ခုအဖြစ် နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေကြပြီ ဖြစ်သည်။

တိုင်ပေတွင် ပုရစ်ကြော် ဆီပူထိုး၊ ပေါက်ဖတ်ကြော်တို့မှာ လူကြိုက်များသော စားစရာများဖြစ်နေသည်။ မက္ကဆီကိုတွင်လည်း ပေါက်ဖတ် ကင်၊ ပိုးတုံးလုံးဟင်းလျာများမှာ ဈေးကြီးပေးရသော စားစရာများဖြစ်နေသည်။

ပါပူအာနယူးဂီနီတွင် ငှက်ပျောသီးအတွင်းထည့်၍ထုပ်သော သာကူပိုးကောင်ဆိုသော စားစရာဆန်း တစ်မျိုးကို စားသုံးနေကြသကဲ့သို့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းသားများသည်လည်း ပုစဉ်းကိုစားကြသည်ဟုဆိုသည်။

အရှေ့တောင်အာရှ ဈေးကွက်အတွင်းတွင် သရေစာမုန့်ထုပ်များမှာ လမ်းဘေးစာအဆင့်တွင်သာရှိနေသော်လည်း ပိုးမွှားများကိုကြော် လှော် ချက်ပြုတ်စားသည်များမှာစားသောက်ဆိုင်ကြီးများတွင်သာ ရရှိနိုင်သော တန်ဖိုးကြီးပစ္စည်းဖြစ်သည်။

မြောက်အာဖရိကတွင်လည်း နှံကောင်ကို 'ကောင်းကင်ပုစွန်'ဟု တင်စားကြပြီး အလွန်နှစ်ခြိုက်ကြသော အစားအစာဖြစ်သည်။ ဥရောပ တွင် ပိုးမွှားဟင်းလျာများမှာ ရေပန်းစားခြင်း မရှိသေးပေ။

ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ပညာရှင်ပက်ထရစ်ဒါ့စ်တင်က ပိုးမွှားများကို စားချင်စဖွယ်သာပြင်ဆင်နိုင်ပါက ဈေး ကွက်ကျယ်ပြန့်လာမည်ဟု သုံးသပ်ခဲ့သည်။

''ပိုးကောင်တွေကို မြင်နေကျရွံစရာ၊ ကြောက်စရာပုံစံမျိုးမဖြစ်အောင် တည်ခင်းဖို့တော့လိုပါတယ်''ဟု ဒါ့စ်တင်ကသုံးသပ်ခဲ့သည်။

ယခုနှစ် အစောပိုင်းကလည်း 'ဗဥက အင်းဆက်ပိုးမွှားများကို စားသောက်ဖွယ်ရာအဖြစ် စားသုံးခြင်း (Entomophagy)' ဟုခေါ်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုလုပ်ခဲ့ပြီဖြစ်သည်။

ပိုးမွှား စားသောက်ဖွယ်ရာများ၏ အခန်းကဏ္ဍ မည်မျကျယ်ပြန့်လာဦးမည်ဆိုသည်ကမူစောင့်ကြည့်ရဦးမည်ဖြစ်သည်။

Source: Daily Mail
Ref : BiweeklyEleven

5 comments:

Anonymous said...

ပုရစ်ကြော် တခါ စားဖူးတယ် ခြေထောက်က ဆူးတွေ စူးတာနဲ့ နောက်မစားရဲတော့ဘူး :)

Anonymous said...

comment ပေးခဲ့ဆိုလို့  လာပေးတာ.....


ရော့..အင့်...... "comment"

(ပေးခဲ့ပြီနော်)

ပန်းခရမ်းပြာ said...

်ရေပုစွန်'ကိုတော့ ကြိုက်ပါတယ်။ 'ကောင်းကင်ပုစွန်' တော့ မစားရဲဘူး

ဆောင်း said...

တရုပ်ပြည်မှာ ကင်းခြေများတို့ ၊ ကင်းမြှီးကောက်တို့ ၊ ပိုးဟပ်တောင်ပါမလားမသိဘူး။ အင်ဒိုမှာဆို တီကောင် အစိမ်းစားသေးတယ်။ သရက်ပင်ထဲက မြွေလိုလို ပိုးကောင်ကို အစိမ်းလိုက် စားသေးတယ်ရှင့်

အားလုံးထဲမှာ အက်စကီးမိုးဆိုရင် သားကောင်တွေကို အကောင်လိုက် ဓါးနဲ့ ဖြတ် ပါးစပ်ထဲထဲ့။ သွေးကို လက်နဲ့ တို့ စားကြတယ်။

Taungoo said...

တော်တော်လဲ ရှာရှာကြံကြံလုပ်ကြတဲ့လူတွေပဲ