<<< ဘယ်သူလဲဆိုတော.. >>> လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
25 June 2008

<<<ဘီအမ်ဒဗလျူရဲ့ အ၀တ်ကိုယ်ထည်နှင့်ကား>>>
ဂျာမန်ကားကုမ္ပဏီဘီအမ်ဒဗလျူသည် အ၀တ်ကိုယ်ထည်ဖြင့် ဖုံးအုပ်ထားသည့်ကား Gina ကို ထုတ်လုပ်လိုက်ကြောင်း သိရသည်။

အ၀တ်စမျှင်ပုံစံကို လိုသလိုပြောင်းလဲနိုင်ပြီး ခလုတ်တစ်ချက်နှိပ်ရုံဖြင့် မီးလုံးနှင့်အမိုးဖွင့်၊ ပိတ်လုပ်နိုင်ရန် စီစဉ်ထားသည်။ ပြိုင်ကားပုံစံ Gina ၏ ကိုယ်ထည်ကို ချုပ်ရိုးမဲ့အ၀တ်ဖြင့်သာ လွှမ်းခြုံထားသောကြောင့် သတ္တုကိုယ်ထည်ကဲ့သို့မဟုတ်ဘဲ ပုံစံအလွယ်တကူ ပြောင်းလဲနိုင်သည်။

ကားကိုယ်ထည်အ၀တ်မှာ သတ္တုဝိုင်ယာကြိုးပျော့များ ပါဝင်ပြီး ဟိုက်ဒရောလစ်စနစ်ဖြင့် ထိန်းထားသော ငွေမျင်ချည်ထည်ဖြစ်သည်။ Gina မှာ Geometry and Functions In Adaptions ၏ အတိုကောက်ဖြစ်သည်။ ချုပ်ရာ၊ ဖာရာမရှိသော တစ်လွှာတည်းရှိသည့် အ၀တ်ကိုယ်ထည်ကြောင့် ကားဘောနတ်ဖုံး၊ အမိုးဟူ၍ သီးသန့်အစိတ် အပိုင်းများမပါရှိတော့ဘဲ စက်ဖုံးဖွင့်လို၊ အမိုးဖွင့်လိုပါက ဟိုက်ဒရောလစ်စနစ်ဖြင့် ယာဉ်မောင်းသူက ဖွင့်နိုင်မည် ဖြစ်သည်။ အင်ဂျင်ကိုကြည့်လိုပါက ဘောနတ်ဖုံးဖွင့်သကဲ့သို့မဟုတ်ဘဲ လူငယ်၏တီရှပ်အင်္ကျီကို ရင်ဘတ်ဆွဲဟသကဲ့သို့ ဖွင့်ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ယင်းကားသစ်ကို ထုတ်လုပ်ရောင်းချသွားဦးမည် မဟုတ်ဘဲ စီးပွားဖြစ်ရောင်းချသွားနိုင်ရန် ဆက်လက်လေ့လာသွားမည်ဖြစ်သည်။

1 comments:

ကိုသက်နောင်(phoeniz) said...

အဲဒီလောက် ကားက နိမ့်သေးတယ် ။
မစီးနိုင်ဘူး (မာန)
မြင့်မှကြိုက်တာ........model ပြောတာနော်
တော်ကြာ ကုန်တင်ကား ကြိုက်တယ်ထင်နေဦးမယ်