ဒါပုံကတော့ အရင်တုန်းက မျက်စီစမ်းတဲ့စာလေးပါ..
အခုခေတ်မှာတော့ ဒီဇိုင်းပြောင်းသွားပါပြီ.. 
အခုခေတ်ဒီဇိုင်းမှာကော သင့်မျက်လုံးအား ဘယ်လောက်ကောင်းလဲ.. စမ်းကြည့်ပါလား
Posted by ဘိုဘို at 5:16 PM 9 comments
Labels: ဟာသလေးများ
* နိုင်ငံတကာသတင်းဆိုသည်မှာ CCTVကိုဆိုလိုခြင်းဖြစ်သည်။
* အခြားနိုင်ငံမှ မိမိထံလာပါက "ဂါရ၀ပြုတွေ့ဆုံရန်"လာခြင်းဖြစ်ပြီး၊ မိမိကသွားရသူဖြစ်ပါက "သွားရောက်တွေ့ဆုံ"ဟုသုံးစွဲရသည်။
* သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ၊ နှစ်ယောက်စမှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍ တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)
* နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကိုဆိုလိုခြင်းဖြစ်သည်။
* နိုင်ငံတော်အကြီးအကဲများသည် "လိုအပ်သည်များကိုဖြည့်စွက်မှာကြား၍ ပြန်လည်ထွက်ခွာသွား"သူများသာဖြစ်ကြသည်။
* ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် “အဝါရောင်ဝမ်းဆက်” သို့မဟုတ် “အပြာရောင်ဝမ်းဆက်" များသာဝတ်ဆင်ကြသည်။
* မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ် (၂၀)နီးပါးတည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍ မကုန်နိုင်။
* နိုင်ငံတော်၏အသုံးစရိတ်နှင့်ရသုံးမှန်းခြေငွေစာရင်းသည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။ (ဝါ) အသိပေးရန်မလိုအပ်။
* ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်းများဆောက်လုပ်ရာတွင်နိုင်ငံတော်မှ စေတနာဖြင့်အကုန်အကျခံပေးနေရသည်။
* စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများသည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံးအဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။
* မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစုအတွက် မြန်မာ့ အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓါတ်" ဆိုသည့်ဖွင့်ဆိုချက်ကို လွင့်ထုတ်ပေးနေရသည်။
* နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်းသည် သတင်းထူးဖြစ်သည်။
* ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများသည် ပညာရေး၏အရေးပါပုံကို မသိကြချေ။ နိုင်ငံတော်အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟု မှာကြားရသည် ဟူ၏။
* အမြဲကြားရလေ့ရှိသည့်စကားလုံးများ "ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"
* အမြဲမကြားရသောစကားလုံးများ "စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာသွားခြင်း"
* မေးခွန်းနှင့်အဖြေမှန်အောင်မဖြေနိုင်ပါက ပြန်ကြားရေးဝန်ကြီး ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိကောင်းရန်မလို။)
Posted by ဘိုဘို at 11:35 AM 8 comments
Labels: ဟာသလေးများ
တမလွန် ဘ၀မှာ ဂျော့ဘုခ်ျ ရယ်၊ ဘဘသန်းရယ်၊ ဗလာဒီမာ ပူတင်ရယ် အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့ တစ်နေရာ အရောက် လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့တွေ့ပါလေရော။ အဲဒီမှာတင် ဂျော့ကယေရှုနားကိုတိုးသွား ပြီးတော့ "အရှင်၊ သားတော် အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော် ကံကောင်းခဲ့ပါလား" လို့မေးတယ်။ ယေရှုက "အေး.. မင်းကံကောင်းခဲ့ တယ်။ ဘာလို့လဲဆိုတော့ မင်းဟာ အကြမ်းဖက်သမားတွေကို နှိမ်နှင်းခွင့်ရခဲ့လို့ပဲ" လို့ပြန်ဖြေတယ်။ ပြီးတော့ ပူတင်က ယေရှုကို "ကျွန်တော်မျိုးကော အသက်ရှင်စဉ်က ဘယ်လို ကံကောင်းခဲ့ပါလဲ" လို့မေးတယ်။ ယေရှုက "မင်းလဲ ကံကောင်းခဲ့တာပဲ.. ဘာလို့လဲဆို တော့ မင်းဟာ တိုင်းပြည်ကို စိတ်တိုင်းကျ ပုံဖော်နိုင်ခဲ့လို့ပဲ" လို့ပြန်ဖြေတယ်။ နောက်ဆုံးပိတ်အနေနဲ့ ကျွန်တော်တို့ ဘဘသန်းက အားကျမခံ "ကျွန်တော်ရောဗျာ.. ဘယ်လို ကံကောင်းခဲ့လဲ" လို့မေးတယ်။ အဲ.. မေးလိုက်တဲ့ ခဏမှာ ယေရှု လက်နှစ်ဖက်လုံး လှုပ်သွား တယ်.. ဒါပေမယ်.. ကားစင်တင်ခံထားရတာဆိုတော့ လှုပ်လို့ မရဘူုး။ ပြီးတော့ ဘဘသန်းကို အံကြိတ်ပြပြီး ဒီလိုပြောတယ် "အေး.. ငါ့လက်နှစ်ဖက်စလုံး လှုပ်လို့မရတာပဲ မင်းကံကောင်းတယ်လို့မှတ်" တဲ့ ....
Posted by ဘိုဘို at 12:36 PM 1 comments
Labels: ဟာသလေးများ
ဒါနဲ့မလေးဝန်ကြီးကလည်း အားကျမခံ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကို သူတို့နိုင်ငံက ဒိန်ခဲတွေကျွေးပြန်ကော.. ပြီးတော့ သူကမေးတယ်.. ဘယ်လိုလဲ. စားလို့ကောင်းလားတော့မေးတော့ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်က အရမ်း အရသာရှိတာပဲ.. စားလို့ကောင်းတယ်လို့ပြန်ဖြေတယ်.. အဲဒီအချိန်မှာ မလေးဝန်ကြီးချူပ်က ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီ ဒိန်ခဲတွေကို မြစ်ထဲပစ်ချလိုက်ပြန်ကော.. အဲတော့ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကပြောတာပေါ့.. နှမျောစရာကြီး.. ဒီလောက်ကောင်းတာကို ဘာလို့လွှတ်ပစ်လိုက်တာလဲမေးတော့ မလေးဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို ဒိန်ခဲတွေ မှ အများကြီးပဲလို့ပြန်ဖြေတယ်..
နောက်ဆုံး ကျွန်တော်တို့ မြန်မာဝန်ကြီးချုပ်ကလည်းအားကျမခံ လှမ်းပြောလိုက်တယ်။ "ဟေ့ စစ်ဗိုလ်တယောက်လောက် လာခဲ့စမ်း" တဲ့.. စစ်ဗိုလ်လဲရောက်လာရော ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီစစ်ဗိုလ်ရဲ့ဂုတ်ကကိုင်ပြီး ရေထဲပစ်ချလိုက်တယ်။ အဲတော့ မလေးဝန်ကြီးချုပ်နဲ့ စင်္ကာပူဝန်ကြီးချုပ်ကပြောတာပေါ့.. ဟာ ..ဘာလို့အဲလိုလုပ်တာလဲပေါ့.. လူ့အသက်တချောင်း နှမြှောစရာကြီးပေါ့လို့ပြောတော့ ကျွန်တော်တို့ မြန်မာဝန်ကြီးချုပ်က ပြန်ပြောတာပေါ့.. ဟာ..ခင်ဗျားတို့က ဘာသိလို့လဲ.. ခင်ဗျားတို့နိုင်ငံတွေမှာ ချောကလက်တွေ၊ ဒိန်ခဲတွေပေါသလို.. ကျွန်တော်တို့နိုင်ငံမှာလည်း စစ်ဗိုလ်တွေပေါပါတယ်လို့ ပြန်ဖြေလိုက်တယ်..
P.S .... ဒီဟာသလေးက London သင်္ကြန်အငြိမ့်ကြည့်တုန်းက မှတ်ထားတဲ့ဟာလေးပါ.. သတိရလို့ ရေးလိုက်တာပါ..
Posted by ဘိုဘို at 3:01 PM 2 comments
Labels: ဟာသလေးများ
တစ်ခါက အမေရိကန်သမ္မတ ဘုရ်ရယ်၊ ဗြိတိန်က ၀န်ကြီးချုပ် တိုနီဘလဲရယ်၊ မြန်မာပြည်က သန်းရွှေရယ်...(၃)ယောက်ဟာ သေပြီးနောက်ပိုင်း ငရဲပြည်ကိုရောက်လာကြတယ်။ ယမမင်းကြီးဆီမှာ ဆုံးဖြတ်ချက်ကိုစောင့်နေရင်း သူတို့ရဲ့ မိန်းမတွေဆီကို သတိရလို့ ဖုံးခေါ်ချင်လာတယ်တဲ့။ အဲဒါနဲ့ ဘုရ်ကစပြီးဖုံးခေါ်တာ မဒမ်ဘုရ်နဲ့ (၅)မိနစ်လောက် အလွမ်းသယ်လိုက်တယ်။(၅) မိနစ်ပြောပြီး ဖုံးချလိုက်တော့ ယမမင်းကြီးက ဖုံးပြောခ ဒေါ်လာ (၁၀၀၀)တောင်းလိုက်တယ်။ ဘုရ်က ဘာလို့ဖုံးခဈေကြီးတာ လဲလို့မေးတော့ လူပြည်ကိုခေါ်တာ Oversea Call မို့လို့ပါလိုပြောလိုက်တယ်။ နောက် တိုနီကဖုံးထက် ခေါ်တယ်..။ သူကတော့ (၁၀)မိနစ်ကြာတယ်တဲ့။ ယမမင်းကြီးက သူ့ဆီက ဒေါ်လာ (၁၀၀၀)ပဲတောင်းလိုက်တယ်။ ဘုရ်က သူ့တုံးက (၅)မိနစ်ကို ဒေါ် လာ (၁၀၀၀)၊ တိုနီကြတော့ (၁၀)မိနစ်ကို ဒေါ်လာ ( ၁၀၀၀)ဆိုတော့ မကျေနပ်ဘူးပေါ့။ ယမမင်းကြီးကို မေးတော့ ဗြိတိန်က အမေရိကန်ထက်ပိုနီးလို့ပါ လို့ပြန်ပြောတယ်။ နောက်ဆုံး သန်းရွှေအလှည့်ကြတော့ မဒမ်သန်းရွှေနဲ့ ဖုံးပြောလိုက်တာ (၅)မိနစ် လည်းမက..(၁၀)မိနစ်လည်းမက...(၁)နာရီကြာသွားတယ်တဲ့။ ယမမင်းကြီးက သန်းရွှေဆီက (၅)ဒေါ်လာပဲ ယူလိုက်တယ်တဲ့။ အဲဒီမှာဘုရ်ကော၊တိုနီကောက စိတ်တွေဆိုးပြီး ယမမင်းကြီးကို အပြစ်ဆိုတာပေါ့။ အဲဒီမှာ ယမမင်းကြီးက ဘာပြန်ပြောလည်း ဆိုတော့........သူ့မိန်းမဆီခေါ်တာ Oversea Call မဟုတ်ဘူး.. Local Call ပါတဲ့ခင်ဗျား....။
Posted by ဘိုဘို at 11:40 AM 2 comments
Labels: ဟာသလေးများ
ဒီပုံလေးတွေကလည်း ကျွန်တော်အီးမေးလ်ထဲကို ကျွန်တော်ကို ပေါက်ကရပုံလေးတွေ အမြဲပို့ပေးနေတဲ့ သူငယ်ချင်းကပဲပို့ ပေး လိုက်တဲ့ ပုံလေးတွေပါ.. သူငယ်ချင်းတွေအတွက် တဆင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်....
Posted by ဘိုဘို at 11:35 AM 1 comments
Labels: ဟာသလေးများ
The ABCs of Marriage
Be best of friend...
Compromise...
Discover new things
Encourage each other...
Forgive and forget...
Gaze into each other's eyes...
Hold hands and hug a lot...
Inspire & intrigue each other...
Joke & laugh & have fun...
Kiss, kiss, kiss...
Love with all your heart...
Marvel at each other's talent...
Nature each other's soul...
Overcome problems together...
Play games...
Quiet each other's fears...
Remember the little things...
Say ' I love you ' everyday...
Take time for tenderness...
Understand and care deeply...
Value everything you share...
Wish on stars together...
X-press your true feelings...
Yearn for each other's touch...
Zzzzz in each other's arms...
Posted by ဘိုဘို at 10:41 AM 0 comments
Labels: ဟာသလေးများ
phoeniz ရဲ့ဘလော့ဂ်ကိုသွားကြည့်ရင်းဖတ်မိတော့ အရမ်းကြိုက်တာနဲ့ ကျွန်တော်ဆီမှာပြန်တင်လိုက်တာပါ.. ထပ်ဆင့်ဖြန့်ဝေခြင်းပေါ့ ...း)
လက်မထပ်မီကပေါ့ .........
ကောင်လေး^^^ အင်း...နောက်ဆုံးတော့ ဘယ်လိုမှကိုစောင့်နေဖို့ သည်းမခံနိုင်တော့ဘူး ။
ကောင်မလေး^^^ နင် ငါ့ကို ထွက်သွားစေချင်သလား ?
ကောင်လေး ^^^ ဟင့်အင်....အဲဒီအကြောင်းကို လုံးဝ မတွေးပါနဲ့ ။
ကောင်မလေး^^^ နင်ငါ့ကို ချစ်လားဟင် ?
ကောင်လေး^^^ အင်းပေါ့...အရမ်းအရမ်း ကိုလေ။
ကောင်မလေး^^^ နင်ငါ့ကို အနိုင်ယူ မှာလား ?
ကောင်လေး^^^ ဟင့်အင်း!!!ဘာလို့ အဲလိုမေးရတာလဲ။
ကောင်မလေး^^^ နင် ငါ့ကို နမ်းမှာလား ဟင် ?
ကောင်လေး^^^ အခွင့်အရေး ရတိုင်းပေါ့.....
ကောင်မလေး^^^ နင်ငါ့ကို ရိုက်မှာလား ?
ကောင်လေး^^^ ရူးနေလားကွယ်...ငါက အဲလို လူမျိုး မဟုတ်ပါဘူး ။
ကောင်မလေး^^^ နင့် ကိုငါ ယုံ လို့ ရမလားဟင် ?
ကောင်လေး^^^ အင်း........
ကောင်မလေး^^^ အချစ်ရယ်.....
လက်ထပ်ပြီးနောက်ပိုင်း .........
ကောင်မလေး^^^ အချစ်ရယ်.....
ကောင်လေး^^^ အင်း........
ကောင်မလေး^^^ နင့် ကိုငါ ယုံ လို့ ရမလားဟင် ?
ကောင်လေး^^^ ရူးနေလားကွယ်...ငါက အဲလို လူမျိုး မဟုတ်ပါဘူး ။
ကောင်မလေး^^^ နင်ငါ့ကို ရိုက်မှာလား ?
ကောင်လေး^^^ အခွင့်အရေး ရတိုင်းပေါ့.....
ကောင်မလေး^^^ နင် ငါ့ကို နမ်းမှာလား ဟင် ?
ကောင်လေး^^^ ဟင့်အင်း!!!ဘာလို့ အဲလိုမေးရတာလဲ။
ကောင်မလေး^^^ နင်ငါ့ကို အနိုင်ယူ မှာလား ?
ကောင်လေး^^^ အင်းပေါ့...အရမ်းအရမ်း ကိုလေ။
ကောင်မလေး^^^ နင်ငါ့ကို ချစ်လားဟင် ?
ကောင်လေး ^^^ ဟင့်အင်....အဲဒီအကြောင်းကို လုံးဝ မတွေးပါနဲ့ ။
ကောင်မလေး^^^ နင် ငါ့ကို ထွက်သွားစေချင်သလား ?
ကောင်လေး^^^ အင်း...နောက်ဆုံးတော့ ဘယ်လိုမှကိုစောင့်နေဖို့ သည်းမခံနိုင်တော့ဘူး ။
( အပေါ်က လက်မထပ်မီကပေါ့ဆိုတဲ့ စာသားကို အောက်ကနေ အပေါ်ကို ပြောင်းပြန်ရေးလိုက်တော့ လက်ထပ်ပြီးနောက်ပိုင်း ဖြစ်သွားတာပေါ့.. ဟားဟား ... )
This comdy is copy from phoeniz
Thanks Q
Posted by ဘိုဘို at 3:09 PM 1 comments
Labels: ဟာသလေးများ




