ကျွန်တော့် ပထမဆုံးရည်းစားစရတဲ့ပုံက ဒီလိုဗျ... ကျွန်တော်နေတဲ့ လှည်းတန်းကပဲကောင်မလေးက.. ပြောရင်လည်းကြွားတယ် လို့မထင်နဲ့နော်.. ကောင်မလေးက ကျွန်တော်ကိုစပြီး ရည်းစားစာ အရင်စပေးတာ.. သူကိုကျွန်တော်ကလည်း စိတ်ဝင်စားနေတာ ဆိုတော့ ကွက်တိကိုဖြစ်သွားတာ.. ကိုယ်တောင်မပြောလိုက်ရဘူး.. ဟ ဟ... နောက်ရည်းစားဖြစ်သွားတော့ သူနဲ့တွေဖြစ်တယ်.. ကျွန်တော်က မနက်၊ နေ့လည်ချိန်တွေမှာဆိုရင် ဂိမ်းဆော့တော့ သူနဲ့က ည(၇)နာရီလောက်ဆိုရင်ပုံမှန်တွေ့တယ်.. နှစ်ယောက် တည်းတွေ့တာမဟုတ်ဘူး။ သူ့အစ်မအတွဲလည်းပါတယ်.. နောက်ကြာလာတော့ သူကတင်းလာတယ်.. ကျွန်တော်ကို.. ဘာလို့လဲ ဆိုတော့ သူနဲ့ကျွန်တော်သွားရင် ဘယ်တော့မှလက်တွဲပြီးမလျှောက်တော့ သူကတင်းတယ်.. ကျွန်တော်ကလည်း အဲဒီတုန်းက ဘာမှမသိဘူး။ သူကပြောတယ်.. သူ့အစ်မအတွဲဆိုရင် အမြဲလက်တွဲတယ်.. ဖက်ပြီးလျှောက်တယ်တဲ့.. သူကအဲဒီလိုနေချင်တာတဲ့ ကောင်းရော.. အဲဒီအချိန်မှာ ကျွန်တော်စိတ်ထဲမှာ ဂိမ်းဆော့ဖို့ပဲသိတယ်.. သူကအဲဒါကိုမကြိုက်ဘူး။ သူကိုဂရုစိုက်စေချင်တယ်.. ဒီလိုနဲ့တွဲလာတာ.. (၁)လကျော်သွားတယ်။ ကျော်လည်းကျော်ကော.. ပြတ်တော့တာဘဲ... ဘယ်လိုပြတ်သွားလည်းဆိုတော့ .. တ နေ့ သူနဲ့ကျွန်တော်တွေဖို့ချိန်ထားတယ်.. အချိန်က ည(၆)နာရီ.. ကျွန်တော်က တနေလုံး ဂိမ်းထိုင်ဆော့တယ်.. ညနေ (၄)နာရီ လောက်လည်းရောက်ရော.. ကျွန်တော်ဆော့နေတဲ့ ဂိမ်းဆိုင်ကို သူ့အစ်မဘဲ ၀င်လာတယ်.. ကျွန်တော့်ကိုလာပြောတယ်.. မင်း ကို မင်းရည်းစားအပြင်မှာစောင့်နေတယ်တဲ့.. ကျွန်တော်က ဂိမ်းဆော့တာလည်းမပြီးသေးဘူး.. သူနဲ့တွေ့ဖိုချိန်ထားတဲ့ အချိန် ကလည်းဝေးကြီးလိုသေးတော့ မအားသေးဘူး.. ဂိမ်းဆော့တာမပြီးသေးဘူး။ ချိန်ထားတဲ့အချိန်ရောက်မှလာမယ်လို့ပြောလိုက် တယ်.. သူ့အစ်မဘဲ ပြန်ထွက်သွားတယ်.. ခဏနေတော့ပြန်ဝင်လာတယ်.. မရဘူး... အခုလာခဲ့လိုပပြောတယ်တဲ့.. အဲဒါနဲ့ ကျွန်တော်က ဒါဆိုရင်ခဏစောင့်၊ နောက် (၅)မိနစ်နေရင် Memory Save ပြီးထွက်လာမယ်လို့ပြောလိုက်တယ်.. သူ့အစ်မဘဲ ပြန်ထွက်သွားပြန်ရော.. ပြီးတောပြန်ဝင်လာတယ်.. မရဘူး.. အခုလာခဲ့လိုပြောတယ်တဲ့.. ကျွန်တော်ကလည်း ဒီလောက် တောင်ဖြစ်နေလည်း မလာနိုင်ဘူးလို့ပြောလိုက်တယ်.. ပြန်ထွက်သွားတယ်.. ခဏနေတော့ သူကိုယ်တိုင်ဝင်လာတယ်.. ကျွန် တော်ကိုပြောတယ်.. အခုလိုက်မှာလား.. မလိုက်ဘူးလားတဲ့.. ကျွန်တော်က လိုက်မယ်.. (၅)မိနစ်ပဲစောင့်လို့.. ဘာလို့လည်းဆို တော့ အခုဆော့ထားတဲ့ ဂိမ်းက မနက်ကတည်းကဆော့လာတာ.. ပြီးခါနီးပြီ.. ဒါပေမယ့် အပြီးမဆော့ဘူး။ Memory Save ပြီး လိုက်ခဲ့မယ်.. (၅)မိနစ်ပဲစောင့်လို့ပြောတာ.. ပြောလို့ကိုမရဘူး.. အခုလိုက်မှာလား.. မလိုက်ဘူးလားတဲ့.. အခုမလိုက်ရင်တော့ နောက်ဘယ်တော့မှလာတွေ့နဲ့တဲ့... ကျွန်တော်လည်း ဒီလောက်ပြောနေတာကို လက်မခံတော့ .. တင်းတင်းနဲ့ ပြီးရောဟာ.. မတွေ့ဘူးလို့ပြောလိုက်တယ်.. သူလည်းတင်းပြီးထွက်သွားတယ်.. အဲဒီမှာပြတ်တာဘဲ... နောက်ပိုင်း ကျွန်တော်လည်း သူ့ကို အဆက်အသွယ်မလုပ်ဘူး။ သူလည်း ကျွန်တော်ကို မဆက်ဘူး။ နောက်သိပ်မကြာပါဘူး။ နောက်ဘဲတယောက်နဲ့တွဲရော.. ကျွန်တော်ရဲ့ ပထမဆုံး ရည်းစားသက်တမ်းက (၁)လ.. ဟားဟား။ အရမ်းကိုကြာတဲ့ ရည်းစားသက်တမ်းနော်... ကောင်မလေး နာမည်တော့ မရေးထားဘူးနော်.. ဘာလို့လဲ ဆိုတော့ သူသိက္ခာကိုစော်ကားသလိုဖြစ်မှာစိုးလို့ပါ...
လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
Showing posts with label ကျွန်တော်နှင့် ကျွန်တော့်ရည်းစားများ. Show all posts
Showing posts with label ကျွန်တော်နှင့် ကျွန်တော့်ရည်းစားများ. Show all posts
20 May 2008
Posted by ဘိုဘို at 11:59 PM 1 comments
ကျွန်တော်ရည်းစားစထားတာက (၁၀)တန်းပြီးတဲ့အချိန်မှာ စထားဖြစ်တယ်.. ကျွန်တော်နဲ့ ဇတ်လမ်းဖြစ်ခဲ့ဘူးတဲ့ ကောင်မလေးတွေနဲ့ ကျွန်တော်ရဲ့အကြောင်းကို ရေးပြမယ်... ဒီလိုရေးလို့ သူတို့တွေကို အရှက်ခွဲတာမဟုတ်ဘူး နော်.. အဲဒီလိုစိတ်လည်းမရှိပါဘူး။ တကယ်ပါ..
Posted by ဘိုဘို at 11:37 PM 0 comments
Subscribe to:
Posts (Atom)