<<< ဘယ်သူလဲဆိုတော.. >>> လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
29 May 2008

<<< ကျွန်တော် အကြိုက်ဆုံးပုံလေးတပုံ.. >>>


Title: AS Roma's forward Francesco Totti (L) an
AS Roma's forward Francesco Totti (L) and Christian Panucci wear a red arm band in support of Myanmar's monks and protests for democracy, before their Serie A football match against Inter Milan 29 September 2007 at Olympic stadium in Rome. AFP PHOTO / ANDREAS SOLARO (Photo credit should read ANDREAS SOLARO/AFP/Getty Images)


ဒီပုံလေးကိုကျွန်တော်ရှာနေတာကြာပြီ.. အရင်က အဲဒီပုံကျွန်တော်မှာရှိတယ်.. ဒါပေမယ့် အဲဒီပုံသိမ်းထားတဲ့ CD ကပျောက် သွားတယ်.. ကျွန်တော်ပြန်လိုက်ရှာနေတာကြာပြီ.. အခုမှတွေ့လို့ ကျွန်တော်သူငယ်ချင်းတွေ မြင်ရအောင်တင်ပေးလိုက်တာ.. အဲဒီပုံမှာ Totti နဲ့ ပါနူချီတို့ရဲ့ လက်မောင်းမှာ ပတ်ထားတဲ့ လက်ပတ်နီညို ရောင်လေးကိုတွေ့ရတယ်မဟုတ်လား.. အဲဒါဘာကြောင့် ပတ်ထားတာလည်းသိလား.. လွန်ခဲ့တဲ့ စက်တင်ဘာအရေးအခင်းတုန်းက ကိစ္စနဲ့ပတ်သက်ပြီးတော့ ပုပ်ရ ဟန်းမင်းကြီးက မြန်မာနိုင်ငံက ဘုန်းကြီးတွေကိုအတွက် ရည်စုးပြီးအဲဒီနေ့မှာကစားတဲ့ အီတလီစီးရီးအေ ဘောလုံးပွဲ တွေမှာ မြန်မာ ဘုန်ကြီး တွေရဲ့ သင်္ကန်းရောင်ဖြစ်တဲ့ နီညိုရောင်ကို လက်မှာပတ်ပြီး ကစားစေခိုင်းတာဖြစ်ပါတယ်. အရင်က ဆိုရင် ဘယ်နိုင်ငံက ဘော လုံးပွဲတွေမှာမဆို (အင်္ဂလန်၊ အီတလီ၊ စပိန်) ၀မ်းနည်းခြင်းအထိန်အမှတ်အဖြစ် လက်ပတ်အနက်ကိုသာ ၀တ်ပြီး ကစား ကြတာပါ။ ဒါပေမယ့် အနက်ရောင်အစား သင်္ကန်းရောင်ဖြစ်တဲ့ နီညိုရောင်ကို ပြောင်းလဲဝတ်ဆင်စေခဲ့တာဖြစ် ပါတယ်..

ကျွန်တော်ပြောတာမယုံရင်ဒီဝက်ဆိုက်ဒ်မှာ ၀င်ကြည့်လို့ရပါတယ်. စာမျက်နှာ (၆)မျက်နှာ ရှိတယ်.. စာမျက်နှာ (၅)ကို သွားကြည့်လိုက်ရင် အဲဒီပုံလေး (၂)ပုံနဲ့ ပုံရဲ့ခေါင်းစဉ်ကို တွေ့ရပါလိမ့်မယ်... See This Orginal Photo And Photo Title

[+/-] ဆက်ဖတ်မယ်လေ...

28 May 2008

<<< ကိုယ်ကိုတိုင် Video Editing လုပ်မယ်.. >>>
ကိုယ့်ရဲ့ဓါတ်ပုံတွေ၊ ကိုယ့်ရည်းစားရဲ့ဓါတ်ပုံလေးတွေ၊ သူငယ်ချင်တွေရဲ့ဓါတ်ပုံတွေကို ကိုယ်ကိုတိုင် Video Editing လုပ်လို့ရတဲ့ Software လေးပါ.. ကျွန်တော်သူငယ်ချင်းတွေအတွက် အသုံးဝင်မှာပါ.. အရမ်းကို လွယ်ကူပြီး ရိုးရှင်းတဲ့Software လေးပါ။

In Album 3.0
InAlbum is a fun and easy to use software to turn your digital photos and videos into stunning photo album slideshows or DVD movies. Start with ready to use templates or custom templates which let you mix and match background animations, buttons, photo frames and transition effects. Then you can decorate your show with videos, animations, text effects, speech bubbles, sounds, music and voices. Furthermore, you can also import Flash Mmovie, animated GIF, PNG and WMF, or make fun with your family and friend's face by transforming it into alien, monkey, and many more using new MORPH clip technology. InAlbum Deluxe Edition provides more features. You can create DVD video with a great looking menu that is playable on TV using standard DVD player. Save your show into HTML and Flash movie files or AVI Video. Write autorun CDs that automatically play when inserted into a PC. Build executable files, screensavers and wallpapers. Print photos in various size and format: standard, jumbo, full size, greeting card, label, CD cover, sticker in high quality. InAlbum gives you more output options than any other slideshow softwares. Share your show via email and host it online at inAlbum.com for free.

Download လုပ်ရမယ့် link ... Inalbum 3.0
Instrall လုပ်ပြီးရင် ထည့်ရမယ့် Serial Keys

[+/-] ဆက်ဖတ်မယ်လေ...

26 May 2008

<<< ကုသိုလ်ကောင်းမှုလုပ်ခြင်း.. >>>
အိပ်ရာကနေစောစောထဖြစ်တယ်.. မိုးကလည်းရွာနေတာနဲ့ ဘယ်မှသွားချင်စိတ်ကိုမရှိဘူး.. ပြီးတော့အိမ်သန့်ရှင်းရေး လုပ်ရ တယ်.. ဒါပေမယ့် ည(၈)နာရီမှာ သီတဂူဆရာတော်ကြီးရဲ့ တရားပွဲကို မဖြစ်မနေသွားမယ်လို့ ဆုံးဖြတ်ထားတယ်.. ကုသိုလ် လေး လည်း လုပ်ရမယ်လေ.. အပျော်နဲ့ကြီးပဲလုပ်နေလို့ မဖြစ်ဘူးလေ.. ဘယ်မှမသွားချင်တဲ့ အကြောင်းရှိတယ်.. ဘာလဲဆိုတော့ ပိုက် ဆံမရှိလို့.. ညနေ(၅)နာရီလောက်ကို အိမ်ကနေ အစ်ကိုတွေနဲ့ထွက်လာတယ်။ စောသေးတာနဲ့ အစ်ကိုက City Hall ကို ခဏ၀င် လိုက်တယ်။ Enous ဘုန်ကြီးကျောင်းကို ညနေ (၆)နာရီလောက်ရောက်တာတောင် နေရာမရတော့ဘူး။ ဒါနဲ့ပဲ အပေါ်ထပ်ကနေ ပဲ ဆရာတော်ကြီးရဲ့တရားကိုနာလိုက်ရတယ်.. ဆရာတော်ကြီးရဲ့တရားက ကောင်းလွန်းလို့ ဗိုက်ထဲဆာနေတာ တောင်မေ့သွား တယ်.. တရားပွဲက ည(၉း၃၀) မှာပြီးသွားတယ်။ အဲဒီမှ ဗိုက်ဆာနေတာကိုပြန်သတိရလာတယ်။ အိမ်ကိုအမြန်ပြန်ပြီး ဟင်းတွေ ၀ိုင်းချက်.. အားလုံစုပြီးစားကြတယ်.. ထမင်းစားပြီးခဏနေတော့ ရေချိုးပြီးအိပ်လိုက်တယ်.. မနက်စောစောထပြီး S-pass Card သွားထုတ်ရမှာကြောင့် စောစောစီးစီး အိပ်လိုက်တယ်။

[+/-] ဆက်ဖတ်မယ်လေ...

<<< ရုပ်ရှင်ရုံသို့ နောက်တခေါက်.. >>>
စနေနေ့က ရုံးပိတ်တော့ ဘယ်မှမသွားဘူး။ ညနေကျတော့ သူငယ်ချင်းကခေါ်လို့ City Hall ကိုရောက်သွားသေးတယ်။ အဲဒီက အပြန် Toa Pai Yo ကိုဝင်တယ်။ ဘုန်ကြီးကျောင်းမှာ ဓမ္မစကြာရွတ်ဖို့ချိန်းထားတာ.. အဲဒီသူငယ်ချင်းက နေမကောင်းလို့ မလာ ဖြစ်တာနဲ့ ပြန်လာခဲ့တယ်. ပြန်တော့ Amk Hub မှာ ရုပ်ရှင်ဝင်ကြည့်လိုက်သေးတယ်။ ရုပ်ရှင်ပြီးတော့ ဗိုက်အရမ်းဆာနေတာနဲ့ အိမ်မှာရှိတဲ့ဟာလေးကို ချက်ပြီးစားလိုက်ရတယ်.. ပြီးတော့ ခေါင်းတွေမူးလာတာနဲ့ Online တောင်မ၀င်ဖြစ်ပဲအိပ်ပျော်သွားတယ်

[+/-] ဆက်ဖတ်မယ်လေ...

23 May 2008

<<< ပထမဆုံးလုပ်ငန်ခွင်သို့ဝင်ခြင်း.. >>>
ကျွန်တော်ဘွဲ့ရတော့ အားနေတာနဲ့ အလုပ်ဝင်လုပ်တယ်... ကျွန်တော်ပထမဆုံးလုပ်တဲ့ အလုပ်က ဓါတ်ပုံစတူဒီယိုမှာ.. နာမည်က Focus Daily တဲ့.. မြန်မာမှာတော့နာမည်ကြီးတယ်.. ဓါတ်ပုံဆရာကိုသိလား.. ပြောမယ်.. မပြဘူး။ ၀ဏ္ဏခွာနီးတဲ့.. သူနဲ့
ကျွန်တော်က ငယ်ငယ်လေးကတည်းကသိတာ.. သူဓါတ်ပုံဆရာမဖြစ်ခင်ကတည်းကဆိုပါတော့.. ကျွန်တော်တို့က လှည်းတန်း မှာ အတူတူနေတာ.. တလမ်းထဲပဲလေး။ နောက်သူဓါတ်ပုံဆရာဝင်လုပ်တယ်... အဲဒီအချိန်မှာ ကျွန်တော်က အထက်တန်း ကျောင်းမပြီးသေးဘူး.. ကျွန်တော် (၁၀)တန်ပြီးတော့ သူကနာမည်ကြီးနေပြီ.. ကျွန်တော်ကလည်း ဓါတ်ပုံရိုက်တာ.. ဒီဇိုင်း လုပ်ရတာကိုဝါသနာပါတော့ သူဆီမှာလုပ်မယ်လို့အမေကိုပြောတော့ အမေက ဘွဲ့ရမှအလုပ်လုပ်ရမယ်ဆိုတာနဲ့ ဘွဲ့ရပြီးမှဝင် လုပ်ဖြစ်တာ.. အလုပ်သင်ပေါ့.. တော်တော်တော့ ပညာရတယ်.. ဓါတ်ပုံရိုက်တာ.. ဓါတ်ပုံပြင်တာတွေ.. ဒီဇိုင်းလုပ်တာ.. Video Editing လုပ်တာလည်း တတ်သွားတယ်.. အဲမှာဝင်လုပ်လိုက်တာ.. ကိုဝဏ္ဏဆီမှာ ကျွန်တော်အလုပ်လုပ်တာ.. (၁)နှစ်လောက် ပဲကြာတယ်.. အဲဒီအချိန်အတွင်းမှာ မတွေ့ဘူးတဲ့လူမရှိဘူး။ ကျွန်တော်က Studio ထဲမှာပဲနေရတာမဟုတ်ဘူး။ ကိုဝဏ္ဏဘယ် သွားသွားလိုက်ရတယ်.. ဓါတ်ပုံရိုက်တာကိုလိုက်ကြည့်ရတယ်.. အရမ်းပျော်ဖို့ကောင်းတယ်.. ကျွန်တော်ကို ဓါတ်ပုံပြင်တာ တွေ ဒီဇိုင်းလုပ်တာတွေကိုသင်ပေးတာက သူယောက်ဖ သင်ပေးတာ.. နောက်ကျွန်တော်အမေလှေခါးပေါ်က နေပြုတ်ကျ တော့ ကျွန်တော်လုပ်ပေးနေတာနဲ့ မသွားဖြစ်တော့တာ.. ဒါကျွန်တော်ရဲ့ပထမဆုံးလုပ်တဲ့ အလုပ်ပဲ။

[+/-] ဆက်ဖတ်မယ်လေ...

<<< ကျွန်တော်၏၀ါသနာ.. >>>
ကျွန်တော်ကဘောလုံးကန်တာကို အကြိုက်ဆုံးပဲ.. ရန်ကုန်မှာဆိုရင် တပတ်ကို (၃)ရက်ကန်တယ်။ ကွင်းအကြီးမှာ တရက်ကန် တယ်.. ရပ်ကွက်ထဲမှာ သူငယ်ချင်းတွေနဲ့ Wကန်တယ်။ ကျွန်တော် ကျွမ်းကျင်တာ အဲဒါပဲရှိတယ်။ နောက်ဝါသနာပါတာ တခု က သီချင်းနားထောင်တယ်.. ကျွန်တော်က သီချင်နားထောင်ရင် Hip Hop ကလွဲရင် ကျန်တာတွေနားထောင်တယ်.. တချို့အ ရမ်းဆူညံတွေတာဆိုရင်လည်း မကြိုက်ဘူး... ကျွန်တော်အကြိုက်ဆုံး အဆိုတော်က ကျားပေါက်.. ဒုတိယက ကိုင်ဇာတင်မုံ.. နောက်ဟာတွေက နားထောင်လို့ကောင်းရင် ကြိုက်တယ်.. ကျွန်တော်အခွေဝယ်ရင် Big Bag အခွေ.. နောက်သူဝင်ဆိုထား တဲ့ Album ဆိုရင် မူရင်းဝယ်တယ်.. တခြားအခွေတွေကိုတော့ Copy ပဲဝယ်တယ်.. အရမ်းကြိုက်တယ်ဆိုရင်တော့ Orginal ၀ယ်တယ်.. ဥပမာ.. နော်နော်လိုပေါ့.. နောက်ဝါသနာပါတာတစ်ခုက ဂိမ်းဆော့တာ.. ကျွန်တော်အမြဲဆော့တဲ့ဂိမ်းက ဘောလုံး မန်နေဂျာ.. အဲဒါကိုအကြိုက်ဆုံးပဲ.. တခြားဟာတွေတော့ စိတ်မ၀င်စားဘူး။ ကောင်မလေးတွေကလွဲရင်ပေါ့.. ဟဟ

[+/-] ဆက်ဖတ်မယ်လေ...

<<< ကြက်ဥနဲ့ကြက်မဘယ်ကလာလဲ.. >>>
ကျွန်တော်အားနေရင် စဉ်စားမိတာတွေထဲက တစ်ခုကိုပြောပြမယ်.. သူငယ်ချင်းတို့လည်းစဉ်းစားကြည့်ပေါ့. အဲဒါကဘာလည်း ဆိုတော့ ကြက်ကိုဘယ်ကရလဲ.. ကြက်ဥကရတာပေါ့.. ဟုတ်တယ်မှလား။ ဒါဆိုရင် ကြက်ဥကိုရော ဘယ်ကရလဲ. ကြက်မကနေပဲ ရတာမဟုတ်ဘူးလား... အဲဒါဆိုရင်.. ကြက်ဥက ဘယ်ကနေရလဲ... ကြက်မကိုဘယ်ကရလဲ.. ကြက်မက အရင်ဖြစ်တာလား.. ဒါမှမဟုတ်.. ကြက်ဥက အရင်ဖြစ်တာလား.. နည်းနည်းစဉ်းစားပေးပါဦး။

[+/-] ဆက်ဖတ်မယ်လေ...

22 May 2008

<<< ရန်ကုန်တက္ကသိုလ်မြေသို့ဝင်ရောက်ခြင်း - အပိုင်း(၁) - (မေဂျာရွေးချယ်ခြင်း)ဲ.. >>>
ကျွန်တော်တက္ကသိုလ်စတက်တာ အထက်တန်ကျောင်းကခေါ်တဲ့ဟာကိုမတက်ဘူး.. သတင်းစာထဲကခေါ်တဲ့ ရန် ကုန်တက္ကသိုလ်ကခေါ်တဲ့ ဘွဲ့သင်တန်းကိုတက်ဖြစ်တယ်။ မိန်းထဲမှာဖောင်သွားဝယ်ပြီးတော့လျှောက်တယ်။ ပေး ထားတဲ့မေဂျာတွေကို ရွေးတော့မိန်းထဲမှာမတက်ရမှာစိုးလို့ မေဂျာကိုမရွေးသေးဘဲ ကျန်တဲ့ဖြည့်စရာရှိတာတွေကို ဖြည့်ပြီး ကျောင်းသွားအပ်တယ်.. အပ်တဲ့နေရာလည်းရောက်ကော.. အရင်မအပ်သေးပဲ သင်တန်းရေးရာကိုသွား တယ်. သူတို့ကိုသွားပြီးမေးတယ်.. ဘာမေးလည်းဆိုတော့ အခုခေါ်တဲ့ ဘွဲ့သင်တန်းက မေဂျာမှာ ဘယ်မေဂျာကို လူတော်တော်များများလျှောက်လည်းလို့မေးတော့ သူတို့ပြောတဲ့မေဂျာတွေကို ဖယ်ပြီး လူတွေလျှောက်တာနည်း တဲ့မေဂျာကို ရွေးလျှောက်တယ်.. ဟီးဟီး မပါမှာစိုးလို့။ ဘယ်လောက်တောင် ရည်မှန်ချက်ကြီးလည်းဆိုတာ..

ရန်ကုန်တက္ကသိုလ်မြေသို့ဝင်ရောက်ခြင်း - အပိုင်း(၂) - (ထင်ရာတခြား) မကြာခင်ရေးပါမယ်

[+/-] ဆက်ဖတ်မယ်လေ...

<<< ရင်ခုန်ခြင်များစွာနှင့် ချန်ပီယံလိဂ်ည.. >>>
ဒီနေ့မနက်နဲ့နေလည်တွေမှာ လုပ်စရာရှိတာတွေလုပ်ထားလိုက်တယ်။ ဘာလို့လဲဆိုတော ည(၂)နာရီခွဲမှာ ကျွန် တော် ထာဝရအားပေးတဲ့ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ရှိတယ်လေ.. ညရောက်ရင် ဗိုက်ဆာရင်စားဖို့ မုန့် တွေ အအေးတွေ အကုန်အဆင်သင့် ၀ယ်ထားတယ်.. ညကိုမအိပ်ပဲထိုင်စောင့်ပြီးကို အားပေးတာ.. ကျွန်တော်က မန်ယူအသင်းရဲ့ပွဲတွေအကုန်လုံးကိုကြည့်တယ်.. ည(၂)နာရီခွဲလောက်ရောက်တော့ အိမ်ရှေ့က Food Coast ကို သွားတယ်.. အအေးတဗူးမှာပြီးထိုင်ကြည့်တယ်.. ချန်ပီယံလိဂ်ဆိုတဲ့စကားနဲ့လိုက်အောင်ကို ကြည့်တဲ့လူတွေကို စိတ်လှုပ်ရှားမှုအပြည့်ပေးတယ်.. ပွဲစပြီး မိနစ်(၂၀)မှာ ရော်နယ်ဒိုလ်က ဂိုးစသွင်းလိုက်တော့ အရမ်းပျော်သွားတယ်နောက် လမ်းပတ်က ပြန်သွင်းတော့ စိတ်ပျက်သွားတယ်.. ထင်ထားတဲ့အတိုင်းပဲ ပယ်နယ်တီကန်ရတယ်.ဒါတောင် ပွဲချိန်မှာ ချယ်လ်ဆီးက ကန်တာ တိုင်(၂) ခါထိလို့ ကံကောင်းသွားတယ်။ ပယ်နယ်တီကိုမန်ယူက စကန်တယ်.. (၃)လုံးမြောက်မှာ ရော်နယ်ဒိုလ်ကန်တော့ မ၀င်ဘူး. သွားပြီပေါ့။ ချန်ပီယံလိဂ်မှာဗိုလ်စွဲစေမယ့် ချယ်လ်ဆီးရဲ့နောက်ဆုံးပယ်နယ်တီကို သူတို့အသင်းခေါင်းဆောင် တယ်ရီကန် တော့ ဘေးချော်ထွက်သွားတယ်. ပျော်လိုက်တာပြောမနေနဲ့... နောက်ဆုံးမှာ ကျွန်တော့်ရဲ့ မန်ယူက ပယ်နယ် တီအဆုံးအဖြတ်နဲ့ ဗိုလ်စွဲသွားတယ်. အဲဒီအချိန်က ဘောလုံပွဲကြည့်နေရတဲ့ အရသာ.. ဗိုလ်စွဲတော့ခံစားရတဲ့ အရသာဟာ ဘာနဲ့မှကိုလဲလို့ မရဘူး။ ဆုပေးတာကိုကြည့်ပြီးတော့ နာရီက(၆)နာရီရှိနေပြီ.. အလုပ်သွာဖို့ မနက် (ရ)နာရီထရမှာ.. ဘာပဲဖြစ်ဖြစ် အိပ်ရေးပျက်ခံ ကြည့်ရကြိုးနပ်ပါပြီ မန်ယူရေ..

[+/-] ဆက်ဖတ်မယ်လေ...

<<< အချဉ်ထုပ်တထုပ်နှင့် အားပြုထားခြင်း.. >>>
ဒီနေ့အိပ်ရာထနောက်ကျတယ်... ညတုန်းက မန်ယူပွဲကြည့်လိုက်တာ တော်တော်လေးကို ပင်ပန်းသွားတယ်.. ရုံး ကို (၉း၃၀) မှရောက်တယ်။ ရောက်တာနဲ့ စလုပ်ရတော့တာပဲ.. ထမင်းတောင်အမြန်စားရတယ်.. Project တစ်ခု ကို တနေ့တည်းအပြီးဆွဲခိုင်းတာ... ညကလည်းမအိပ်ရတာနဲ့ ကောင်းရော.. အိပ်ငိုက်မှာစိုးလို့ အချဉ်ထုပ်ကိုဝယ် ပြီး စားလိုက်ဆွဲလိုက်နဲ့ မနားပဲဆွဲတာတောင်.. ညနေ (၆း၂၀)မှပြီးတယ်... ရုံးကနေပြန်တော့ ဘယ်မှမ၀င်ဖြစ်ဘူး. အိမ်ပဲတခါတည်းပြန်လာတာ.. mrt ပေါ်မှာအိပ်ပျော်သွားတယ်။ အိမ်ရောက်တော့ ပင်လည်းပင်ပန်း၊ ဗိုက်ဆာနေ တာနဲ့ ထမင်းစားလိုက်တာ (၂)ပန်ကန်တောင်ကုန်တယ်။ ဒီညတော့ အိပ်လို့ကောင်းပြီ..ပင်ကလည်း ပင်ပန်းထား၊ မိုးကလည်းရွာထားတော့ အေးအေးနဲ့တော့ အိပ်လို့ကောင်းပြီ..

[+/-] ဆက်ဖတ်မယ်လေ...

21 May 2008

<<< နာဂစ်နဲ့ဂျာရစ်.. >>>
အမရေ၊ အဘရေ နိုးကထဲက ရှာလို့မရသေးပါလားနော်။ ငါအော်နေတာ အသံတောင်ကုန်တော့မယ်။ မနက်ကျရင် လာခေါ်မယ်ပြောပြီး ခုထိလဲ မလာသေးဘူး။ ခဏခဏအော်တော့ ဆရာတော်ကြီးက မုန့်စားတဲ့။ အင်းလေ ငါလဲဗိုက်ဆာပြီဆိုတော့ စားလိုက်တာပေါ့။ ဆရာတော်ဘရားကြီးက ငါတို့ကလေးတွေ အားလုံးကို ဘီစကစ်တစ်ချပ်နဲ့ ငှက်ပျောသီးတစ်လုံး ကျွေးတယ်သိလား။ ဒါနဲ့ငါတို့တွေလဲ မုန့်စားပြီး ငြိမ်ငြိမ်လေး နေရတာပေါ့။ တော်ကြာဆရာတော် စိတ်ဆိုးရင် ကြိမ်လုံးနဲ့ဆော်နေအုံးမယ်။ မနေ့ညကထ့က အဘနဲ့အမက ငါ့ကို ဆရာတော်ကျောင်းကို လိုက်ပို့ထားတာ။ အင်းအဲလိုပါပဲ ရွာကကလေးတွေတော်တော်များများ ကျောင်းထဲမှာရောက်နေတာ။ ညကလေတွေ မိုးတွေရွာနေတုန်း လိုက်ပို့တာ။ ငါပျော်လိုက်တာလေ မိုးတွေရေတွေထဲသွားရတာ သွားရတာ။ ဆော့ချင်တာ အဘက မဆော့ရဘူးဆိုလို့သာ ငြိမ်နေရတာ။ ငါ့ကိုပို့ပြီးတော့ အမရော အဘရော ဆရာတော်ကို ကန်တော့ပြီးပြန်သွားတယ်။ အိမ်သွားပြီး အထုပ်သိမ်းအုံးမယ်တဲ့။ ဆရာတော်က မြန်မြန်ပြန်လာလို့တော့ ပြောသံကြားသားပဲ။ ခုထိကို ပြန်မလာကြသေးဘူး။ ဟွန်းစိတ်ဆိုးချင်လာပြီ။ လာရင်တော့ စိတ်ကောက်ပြအုံးမယ်။

ဟင် အိမ်ဘေးက ဦးခွေးကြီးလာပြီ။ အမတို့ မလာသေးဘူး။ ဆရာတော်ကို ပြောနေတယ် ညက အခြေအနေ အတော်ဆိုးတယ်တဲ့။ ရေတွေကလဲ ကြီးတယ်ဆိုပဲ။ ပြောရင်းနဲ့ ငိုနေပြန်ပြီ။ ယောက်ျားဆိုတာ မငိုရဘူးတဲ့ အဘကပြောဖူးတယ် ဦးခွေးက ယောက်ျားကြီးတန်မဲ့ ငိုတယ်နော်။ ဘာလို့လဲ မသိဘူး။ ရွာကလူတွေ တော်တော်များများ နာဂစ်နဲ့ ပါသွားပြီတဲ့။ နာဂစ်ဆိုတာ ဘယ်သူလဲဟင်။ ဆရာတော်လည်း မျက်နှာမကောင်းပါလား။ အာ နေ့လည်ရောက်တော့မယ် ဗိုက်က ပြန်ဆာလာပြီ။ ဦးခွေးကြီးကို မေးမှပဲ အဘတို့လာသေးဘူးလားလို့။ ဟင် ငါမေးတာ ဖြေလဲမဖြေဘူး။ မျက်ရည်တွေနဲ့ လူကြီးဖြစ်ပြီး ငိုနေပြန်ပြီ။ ဧကန်န ဆရာတော်ဆူလိုက်သလား မသိဘူး။ ဘာတဲ့ အဘရော အမပါ နာဂစ်နဲ့ ပါသွားတယ်။ ခက်တော့တာပဲ ငါ့ကျတော့ မခေါ်ဘူး။ ဒါဆို ညနေမှ လာမှာလား မသိဘူး။ ဟော ဆရာတော်က နေ့လည် ထမင်းစားခိုင်းနေတယ်။ ပွတာပဲ ဘုန်းကြီးကျောင်းမှာက ဟင်းကောင်းတတ်တယ်။ ဟင် ဒီတခါ ဟင်းလဲ မကောင်းဘူး။ တတ်နိုင်ဘူးလေ ရတာ စားရမှာပေါ့။ ဗိုက်ကဆာနေတာကိုး။

အဘနဲ့အမ ငါ့ကို လာမခေါ်တာ ၂ ရက်ရှိပြီး ဆရာတော်ကို မေးတော့လဲ နာဂစ်ပဲ ထပ်ပြောတယ်။ အမတို့ အဘတို့ ရက်စက်ပါ့ ငါ့ထက် နာဂစ်ကို ပိုပြီးဂရုစိုက်နေကြတယ်။ အင်း ခုလဲ ဆရာတော်ဆီကို လူကြီးတွေလာနေကြတယ်။ အမလာမှ ပြောရအုံးမယ်။ အဲဒီ့လူကြီးတွေကလေ တို့ရွာမှာ ရေတွေကြီးနေတာကို ပြောနေတယ်။ ရေကြီးတာ ဘာဖြစ်လဲနော် လှေနဲ့သွားပေါ့။ ငါတို့လဲ အရင်က ဒီလိုပဲ သွားနေကျပဲလေ။ အဲဒီ့လူကြီးတွေတင် မဟုတ်ဘူး ရွာနောက်ဘက်က လူတွေလဲ ဒီမှာ ရောက်နေကြတယ်။ အမရေ ဆရာတော်ကျောင်းထဲမှာ ခုဆိုလူတွေ အတော်များနေကြပြီဗျ။ ငါမနေတတ်တော့ဘူး မြန်မြန်လာခေါ်ပါတော့။ ဒီလောက် လူများပုံထောက်ရင် အလှူရှိတယ် ထင်တယ်နော်။ ဒါပေမယ့် ဒီတခါ အလှူလုပ်မယ့်ပုံကတမျိုးကြီးပဲ။ ဘယ်သူမှလဲ ပျော်ပျော်ရွှင်ရွှင် မတွေ့ရဘူး။ မနေ့ညနေကလေ ကျောင်းအောက်နား ဆင်းကြည့်တာ ရွာဘက်ကို မျှော်ကြည့်တော့ ရေတွေချည်းပဲ။ အိမ်တွေတောင် မမြင်ရဘူး။ ဆရာတော်ကျောင်းထဲကနေ အရင်တုန်းက ကြည့်ရင် ရွာကိုမြင်ရတယ် ခုတော့ ရေတွေချည်းပဲ။ အဲဒါကပ္ပိယကြီးကို မေးတော့ နာဂစ်ကြောင့်တဲ့။ လာပြန်ပြီ နာဂစ် ဘာမှန်းလဲ မသိဘူး ဒါပဲပြောနေကြတယ်။

အမရေ ဒီနေ့တော့ မြို့ကလူတွေ မုန့်တွေလာဝေကြတယ်ဗျ။ သူတို့ကလေ မုန့်ဝေမယ်ပြောလို့ ကျောင်းဝန်းထဲမှာ တန်းစီပြီးစောင့်နေကြတာ အများကြီးပဲ။ သူတို့က မုန့်ဝေမယ်လဲပြောသေးတယ် နေ့လည်အထိလဲ မဝေဘူး။ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ စိတ်မရှည်ချင်တော့ဘူး။ သူတို့က ရွာဦးကျောင်းနားအထိ လှေတွေနဲ့လာတာတဲ့။ အထုပ်တွေ အများကြီးပဲသိလား။ ဒါပေမယ့် ကျောင်းဝန်းထဲကို ယူလာတာနဲနဲလေးရယ်။ အဲဒီ့လူကြီးတွေက သောက်ညင်ကပ်စရာကြီးတွေဗျ သိလား။ အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းတွေနဲ့ လက်မှာလဲ အစည်းတွေစည်းထားသေးတယ်။ ငါတို့ကလေးတွေကိုလဲ ငြိမ်ငြိမ်နေဆိုပြီး အော်သေးတယ်။ မနက်ကထဲက စောင့်နေရတာ ဗိုက်က အတော်ဆာနေပြီ။ ဒီနေ့ ဆရာတော်က ဘာမှလဲ မကျွေးဘူး။ ကပ္ပိယကြီးက မုန့်တခြမ်းပဲ ငါဗိုက်ဆာတယ်ဆိုလို့ ကျွေးတယ်။ သူကပြောတယ် မုန့်တွေ မရှိတော့ဘူးတဲံ။ ခုမြို့ကလူတွေ မုန့်လာဝေတော့ ငါတို့ စားရတော့မှာပေါ့နော်။ ဒါပေမယ့်လေ သူတို့က ဟိုစာရွက်လှန်လိုက် ဒီစာရွက်လှန်လိုက်နဲ့ အကြာကြီးပဲ။ ပေးတော့လဲ ရေတစ်ဗူးရယ် မုန့်နှစ်ထုပ်ရယ်ပဲ။ ခေါက်ဆွဲထုပ်တဲ့။ ငါဘယ်လိုစားတတ်မှာလဲဟာ။ အဲဒါ ငါက ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဆိုတော့ အဲဒီ့ထဲက လူကြီးတစ်ယောက်က ငါ့ကို နာဂစ်ကြောင့် စိတ်ညစ်ရတဲ့အထဲ ဒါပဲစားလို့ ပြောတယ်သိလား။ အဲဒါ ဦးခွေးကြီးက ကလေးပဲဗျာ ဘယ်သိပါ့မလဲလို့ ပြောတော့။ သူက ဦးခွေးကြီးကိုပါ လှည့်မန်သွားသေးတယ် သိလား။ သူကျတော့ ထမင်းဗူးဖွင့်စား နေတယ် ငါတို့ကျတော့ မကျွေးဘူး။

သူတို့တွေက ပြောသေးတယ် နောက်နေ့ လာမှ ထပ်စားရမယ်တဲ့။ အဲလိုပြောသွားတယ်။ ငါတို့တွေ အားလုံးထဲမှာလေ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ ရှိနေတဲ့ ရွာနောက်ပိုင်းက လူတွေနဲ့ သူတို့ မုန့်တွေပေးတာ ဓါတ်ပုံတွဲရိုက်သွားကြတယ် သိလား။ ငါတို့ကျတော့ ရိုက်ပေးဘူး။ အင်း ခုမှ သတိရတယ် အမတို့ ငါ့ကို ထားခဲ့ကထဲက ဒီအင်္ကျီပဲ ခုထိမလဲရသေးဘူး။ တော်တော်တောင် နံနေပြီ။ ဒါမဲ့ ဘာတတ်နိုင်မှာလဲ သူများတွေလဲ ငါ့လိုပဲ နံနေတာပဲ။ အိမ်မှ ပြန်လို့ မရသေးတာနော်။ ဒီတခါ ဘုန်းကြီးကျောင်းမှာ နေရတာ အကြာဆုံးပဲနော်။ အမနဲ့အဘလဲ ခုထိလာမခေါ်သေးဘူး။ အမရေ ခုရင်ပိုင်းတွေ ငါတို့ ဘာမှမစားရဘူး။ ဗိုက်ဆာလို့ ငိုရင်တောင် နဲနဲခြင်းစီပဲ စားရတယ်။ ဦးခွေးကြီးတို့တွေဆို ရေတောင် သိပ်သောက်တာ မတွေ့ဘူး။ ငါတို့ ကလေးတွေကိုတော့ တိုက်ပါတယ်။ ဒါမဲ့ အရင်လို အများကြီး မတိုက်ဘူး နဲနဲခြင်းစီ တိုက်တာသိလား။ အိမ်မှာနဲ့တော့ အပုံကြီးကွာတယ်။ အိမ်ပြန်ချင်တယ် အမရာ။ လာခေါ်ပါတော့ မြန်မြန်လေး။ ရွာကလူကြီးတွေလဲ ဆရာတော်နဲ့ စကားပြောလိုက် ဟိုပြေးဒီပြေးလုပ်လိုက်နဲ့ ဘာတွေရှုပ်နေမှန်းကို မသိဘူး။ ဒီနေ့လဲ ဟိုနေ့က လူကြီးတွေ ပြန်လာတယ် အမရ။ သူတို့က ဆရာတော်ကို ပြောတယ် တပည့်တော်တို့ ထောက်ပံ့ကြေးတွေစုနေသေးလို့တဲ့။ ဒီတခါ တို့တွေကို မုန့်မပေးဘူး သိလား။ လှေပေါ်မှာတော့ မုန့်ထုပ်တွေတွေ့လိုက်တယ်။ သူတို့ မပေးတော့ ငါတို့လဲ မစားရဘူးပေါ့။

အမရေ ငါထမင်းမစားရတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီ ဗိုက်ကတအား ဆာတာပဲဟာ။ ငိုလဲ မငိုချင်တော့ဘူး ငိုရင်ပိုပြီးဆာလို့။ ရေလဲ ကောင်းကောင်း မသောက်ရဘူး။ ဟော အမရေ လာပြန်ပြီ နောက်တဖွဲ့။ အမရေ ဒီတခါလာတဲ့ လူတွေကလေ ရုပ်ရှင်ထဲကလို ပုံမျိုးတွေဗျ။ ဘောင်းဘီတွေ ဘာတွေနဲ့သိလား။ အကိုကြီးတွေ အမကြီးတွေဗျ။ သူတို့က ငါတို့ကို ရောက်ရောက်ခြင်း ရေတိုက်တယ် မုန့်တွေကျွေးတယ် သိလား။ ပြီးတော့လေ ကျောင်းနောက်ဘက်မှာ ထမင်းချက်မှာလို့ပြောတယ်။ ရွာထဲက လူကြီးတွေလဲ ပြုံးနေတာပဲ သိလား။ ဟိုတခါလူတွေနဲ့ မတူဘူးသိလား။ ငါတို့ကို တစ်ယောက်က ပုံပြင်တွေတောင် ပြောပြသေးတယ်။ ပြီးရင် ထမင်းကျွေးမှာတဲ့။ ပြီးတော့ ငါတို့တွေ အားလုံးကို ဓါတ်ပုံလဲ ရိုက်ပေးတယ်။ အင်္ကျီတွေလဲ ပေးသေးတယ်။ သူတို့က ပြောတယ်သိလား နေ့တိုင်း ထမင်းစားရမှာတဲ့။ အဲဒါ ထမင်းစားချိန်ရောက်တော့ ငါတို့ ကလေးတွေကို အရင်ကျွေးတယ် ပြီးတော့ လူကြီးတွေရော သူတို့တွေရော စားကြတယ်။ ညနေစာလည်း ကျွေးမှာတဲ့။ အဲဒီ့ထဲမှာလေ ဦးဦးဆရာဝန်ဆိုတဲ့ လူကြီးလဲပါတယ် သိလား။ ငါတို့ကို ဆေးပြားလေးတွေသောက်ခိုင်းတယ်။ ငါကမသောက်ချင်ဘူးလို့ပြောတော့။ သောက်ပါတဲ့ သောက်ပြီးရင် ချိုချဉ်ကျွေးမယ်တဲ့ အဲဒါ ငါလည်းသောက်လိုက်တယ်။ ပြီးတော့ ချိုချဉ်စားရတယ်ဗျ။

ညနေရောက်တော့လေ ဟိုတနေ့ကလာတဲ့ လူကြီးတွေ ရောက်လာတယ် သိလား။ ပြီးတော့ ငါတို့ကို ထမင်းကျွေးတဲ့ ဦးဦးတွေကို ပြန်ခိုင်းတယ်။ အဲဒီ့ဦးဦးတွေ သနားပါတယ်ဟာ။ အဲဒီ့လူကြီးကို ဝိုင်းတောင်းပန်ကြတယ် သိလား။ နာဂစ်အကြောင်းလဲ ပြောတယ်။ ပြီးတော့ သူတို့က ဒီမှာ နေ့တိုင်း အလှူလုပ်မှာလို့ ပြောတာ ဟိုလူကြီးက အတင်းပြန်ခိုင်းတာပဲ သိလား။ အမပြောတာ ပြန်သတိရမိတယ် သူများ အလှူလုပ်မှာကို ဖျက်ရင် ပြိတ္တာဖြစ်တယ်ဆိုတာလေ။ ညနေထမင်းကျက်တော့ ဟိုဦးဦးတွေ ပြန်သွားတယ်သိလား။ ဟိုလူကြီးက ဦးဦးတို့ မပြန်ရင် ဦးဦးတို့ကို တုတ်နဲ့ရိုက်မှာလို့ ငါ့ကို တိုးတိုးလေးပြောတယ်။ ဦးခွေးကြီးက အံတကြိတ်ကြိတ်နဲ့ သိလား ဆရာတော်ကတော့ ကျောင်းအောက်တောင် ဆင်းမလာတော့ဘူး။ ထမင်းကျွေးတဲ့ ဦးဦးတွေနဲ့ ပါလာတဲ့ မမကြီးတွေ ငါတို့ကို ကြည့်ပြီးငိုကြတယ်။ ပြီးတော့ ပြန်သွားကြတယ်။ နောက်နေ့မှ ရောက်အောင် လာခဲ့မယ်တဲ့။ ငါတို့ကို မုန့်လေးတွေ ပေးသွားသေးတယ် သိလား။ ဒါပေမယ့် အမရာ ပြန်မလာပါဘူးသိလား။ ဟိုလူကြီးတွေပဲလာတယ် ငါတို့ကိုဦးဦးတို့လို မုန့်လဲ မကောင်းကောင်းမကျွေးဘူး သိလား။ အော်ငေါက်နေတာပဲ ကျွေးတော့လဲနဲနဲလေး။ ဟိုဦးဦးတွေက အဲဒီ့လူကြီးတွေ ရိုက်မှာစိုးလို့ မလာတာထင်တယ်နော်။ ငါသာ လူကြီးဆိုသူတို့ကို ပြန်ရိုက်မှာ ဟုတ်တယ်လေ ထမင်းကျွေးတဲ့ ဒီလောက်စေတနာကောင်းတဲ့ ဦးဦးတို့ကို သူမို့နှင်ရက်တယ်။ ဦးခွေးကြီးကို သွားပြောတော့ သူလဲ ဘာမှ မတတ်နိုင်ဘူးတဲ့။ အမရာ နာဂစ်နဲ့ မနေနဲ့ဟာ ပြန်လာခေါ်တော့ ငါရေလဲဆာတယ် ဗိုက်လဲဆာတယ်။ ငါထိုင်ထိုင်ငိုနေတော့ လူကြီးတွေက မငိုပါနဲ့ ဂျာရစ်ရယ်ပဲပြောတယ်။ ငါဗိုက်ဆာပြီဟာ ပြန်လာခေါ်တော့ဟာနော်။ ဒါမှမဟုတ်လဲ နာဂစ်ကိုပြောလိုက်ပေါ့ ဂျာရစ်လေး သနားပါတယ်လို့ သူ့ကိုပါ ခေါ်ထားရအောင်လို့ ပြောလိုက်ပေါ့ဟာနော်။ ငါတစ်ယောက်ထဲ မနေချင်ဘူး အမရာ။ မြန်မြန်ပြန်လာခေါ်တော့နော်။ ဗိုက်လဲဆာတယ် ရေလဲဆာတယ် သိလား။

This article is copy from zerotrash21

[+/-] ဆက်ဖတ်မယ်လေ...

20 May 2008

<<< အဖွင့်မှာ ကံကောင်းခြင်းမျုားနှင့်.. >>>
ကျွန်တော့် ပထမဆုံးရည်းစားစရတဲ့ပုံက ဒီလိုဗျ... ကျွန်တော်နေတဲ့ လှည်းတန်းကပဲကောင်မလေးက.. ပြောရင်လည်းကြွားတယ် လို့မထင်နဲ့နော်.. ကောင်မလေးက ကျွန်တော်ကိုစပြီး ရည်းစားစာ အရင်စပေးတာ.. သူကိုကျွန်တော်ကလည်း စိတ်ဝင်စားနေတာ ဆိုတော့ ကွက်တိကိုဖြစ်သွားတာ.. ကိုယ်တောင်မပြောလိုက်ရဘူး.. ဟ ဟ... နောက်ရည်းစားဖြစ်သွားတော့ သူနဲ့တွေဖြစ်တယ်.. ကျွန်တော်က မနက်၊ နေ့လည်ချိန်တွေမှာဆိုရင် ဂိမ်းဆော့တော့ သူနဲ့က ည(၇)နာရီလောက်ဆိုရင်ပုံမှန်တွေ့တယ်.. နှစ်ယောက် တည်းတွေ့တာမဟုတ်ဘူး။ သူ့အစ်မအတွဲလည်းပါတယ်.. နောက်ကြာလာတော့ သူကတင်းလာတယ်.. ကျွန်တော်ကို.. ဘာလို့လဲ ဆိုတော့ သူနဲ့ကျွန်တော်သွားရင် ဘယ်တော့မှလက်တွဲပြီးမလျှောက်တော့ သူကတင်းတယ်.. ကျွန်တော်ကလည်း အဲဒီတုန်းက ဘာမှမသိဘူး။ သူကပြောတယ်.. သူ့အစ်မအတွဲဆိုရင် အမြဲလက်တွဲတယ်.. ဖက်ပြီးလျှောက်တယ်တဲ့.. သူကအဲဒီလိုနေချင်တာတဲ့ ကောင်းရော.. အဲဒီအချိန်မှာ ကျွန်တော်စိတ်ထဲမှာ ဂိမ်းဆော့ဖို့ပဲသိတယ်.. သူကအဲဒါကိုမကြိုက်ဘူး။ သူကိုဂရုစိုက်စေချင်တယ်.. ဒီလိုနဲ့တွဲလာတာ.. (၁)လကျော်သွားတယ်။ ကျော်လည်းကျော်ကော.. ပြတ်တော့တာဘဲ... ဘယ်လိုပြတ်သွားလည်းဆိုတော့ .. တ နေ့ သူနဲ့ကျွန်တော်တွေဖို့ချိန်ထားတယ်.. အချိန်က ည(၆)နာရီ.. ကျွန်တော်က တနေလုံး ဂိမ်းထိုင်ဆော့တယ်.. ညနေ (၄)နာရီ လောက်လည်းရောက်ရော.. ကျွန်တော်ဆော့နေတဲ့ ဂိမ်းဆိုင်ကို သူ့အစ်မဘဲ ၀င်လာတယ်.. ကျွန်တော့်ကိုလာပြောတယ်.. မင်း ကို မင်းရည်းစားအပြင်မှာစောင့်နေတယ်တဲ့.. ကျွန်တော်က ဂိမ်းဆော့တာလည်းမပြီးသေးဘူး.. သူနဲ့တွေ့ဖိုချိန်ထားတဲ့ အချိန် ကလည်းဝေးကြီးလိုသေးတော့ မအားသေးဘူး.. ဂိမ်းဆော့တာမပြီးသေးဘူး။ ချိန်ထားတဲ့အချိန်ရောက်မှလာမယ်လို့ပြောလိုက် တယ်.. သူ့အစ်မဘဲ ပြန်ထွက်သွားတယ်.. ခဏနေတော့ပြန်ဝင်လာတယ်.. မရဘူး... အခုလာခဲ့လိုပပြောတယ်တဲ့.. အဲဒါနဲ့ ကျွန်တော်က ဒါဆိုရင်ခဏစောင့်၊ နောက် (၅)မိနစ်နေရင် Memory Save ပြီးထွက်လာမယ်လို့ပြောလိုက်တယ်.. သူ့အစ်မဘဲ ပြန်ထွက်သွားပြန်ရော.. ပြီးတောပြန်ဝင်လာတယ်.. မရဘူး.. အခုလာခဲ့လိုပြောတယ်တဲ့.. ကျွန်တော်ကလည်း ဒီလောက် တောင်ဖြစ်နေလည်း မလာနိုင်ဘူးလို့ပြောလိုက်တယ်.. ပြန်ထွက်သွားတယ်.. ခဏနေတော့ သူကိုယ်တိုင်ဝင်လာတယ်.. ကျွန် တော်ကိုပြောတယ်.. အခုလိုက်မှာလား.. မလိုက်ဘူးလားတဲ့.. ကျွန်တော်က လိုက်မယ်.. (၅)မိနစ်ပဲစောင့်လို့.. ဘာလို့လည်းဆို တော့ အခုဆော့ထားတဲ့ ဂိမ်းက မနက်ကတည်းကဆော့လာတာ.. ပြီးခါနီးပြီ.. ဒါပေမယ့် အပြီးမဆော့ဘူး။ Memory Save ပြီး လိုက်ခဲ့မယ်.. (၅)မိနစ်ပဲစောင့်လို့ပြောတာ.. ပြောလို့ကိုမရဘူး.. အခုလိုက်မှာလား.. မလိုက်ဘူးလားတဲ့.. အခုမလိုက်ရင်တော့ နောက်ဘယ်တော့မှလာတွေ့နဲ့တဲ့... ကျွန်တော်လည်း ဒီလောက်ပြောနေတာကို လက်မခံတော့ .. တင်းတင်းနဲ့ ပြီးရောဟာ.. မတွေ့ဘူးလို့ပြောလိုက်တယ်.. သူလည်းတင်းပြီးထွက်သွားတယ်.. အဲဒီမှာပြတ်တာဘဲ... နောက်ပိုင်း ကျွန်တော်လည်း သူ့ကို အဆက်အသွယ်မလုပ်ဘူး။ သူလည်း ကျွန်တော်ကို မဆက်ဘူး။ နောက်သိပ်မကြာပါဘူး။ နောက်ဘဲတယောက်နဲ့တွဲရော.. ကျွန်တော်ရဲ့ ပထမဆုံး ရည်းစားသက်တမ်းက (၁)လ.. ဟားဟား။ အရမ်းကိုကြာတဲ့ ရည်းစားသက်တမ်းနော်... ကောင်မလေး နာမည်တော့ မရေးထားဘူးနော်.. ဘာလို့လဲ ဆိုတော့ သူသိက္ခာကိုစော်ကားသလိုဖြစ်မှာစိုးလို့ပါ...

[+/-] ဆက်ဖတ်မယ်လေ...

<<< ကျွန်တော်နှင့် အရှုပ်ဇတ်လမ်းများ.. >>>
ကျွန်တော်ရည်းစားစထားတာက (၁၀)တန်းပြီးတဲ့အချိန်မှာ စထားဖြစ်တယ်.. ကျွန်တော်နဲ့ ဇတ်လမ်းဖြစ်ခဲ့ဘူးတဲ့ ကောင်မလေးတွေနဲ့ ကျွန်တော်ရဲ့အကြောင်းကို ရေးပြမယ်... ဒီလိုရေးလို့ သူတို့တွေကို အရှက်ခွဲတာမဟုတ်ဘူး နော်.. အဲဒီလိုစိတ်လည်းမရှိပါဘူး။ တကယ်ပါ..

[+/-] ဆက်ဖတ်မယ်လေ...

<<< သေချင်စော်နံတဲ့နေ့.. >>>
ညအိပ်ပြီးတော့ တနင်္လာနေ့ နံနက်ကို အစ်မပြောတဲ့ ကျွန်းကိုသွားဖို့လုပ်ကြတယ်.. ကျွန်တော်စဉ်းစားလိုက်တာက ဟိုရောက်ရင်ဘာမှမလုပ်တော့ဘူး.. အေးအေးဆေးဆေးနေမယ်ပေါ့.. အဲဒါနဲ့ ရေးသွားချိုးလိုက်တယ်.. အားလုံးပြီးတော့ အဲဒီကိုသွားကြတယ်.. ကျွန်တော့်သူငယ်ချင်းလည်းပါလာတယ်... စုစုပေါင်း (၅)ယောက်ဖြစ်သွားတယ်.. ကျွန်းကိုရောက်တော့ အစ်ကိုကပြောတယ်.. စက်ဘီးနဲ့သွားမှ အဆင်ပြေမယ်ဆိုတာနဲ့ စက်ဘီး ငှားကြတော့ ကျွန်တော်သူငယ်ချင်းက စက်ဘီးမစီးတတ်ဘူးဖြစ်နေတယ်။ အဲဒါနဲ့သူကို ကျွန်တော်ကတင်နင်းရတယ်.. နောက်သွားတော့.. လမ်းတွေမှားပြီး ဘယ်တွေရောက်သွားမှန်းတောင် မသိဘူး.. သူငယ်ချင်းကို တင်နင်းရတာလည်း ဖတ်ဖတ်ကိုမောနေတာဘဲ.. အချိန်ကလည်း (၁၂)နာရီ.. သေတာပဲ.. အဲဒီမှာ... နေရာကိုသိတဲ့ အစ်ကိုကလည်း .. လမ်းတွေလည်.. စိတ်ထဲမှာ ရောက်နေတဲ့နေရာမှာပဲ ခြေပစ်လက်ပစ်လဲချင်စိတ်ကိုပေါက်နေတာဘဲ.. ညောင်းလိုက်တာ ပြောမနေနဲ့တော့၊ ဒါတောင်သူငယ်ချင်းက ပိန်လို့တော်သေးတယ်.. အစ်မလိုသာဝရင်.. သေသွားနိုင်တယ်.. ကျွန်တော်တို့လိုဘဲ လမ်းမသိတဲလူတွေ အများကြီးဘဲ.. နေ့လည် (၂)နာရီလောက်မှ ကမ်းစပ်ကိုမြင်ရတယ်.. အောက်လည်းဆင်းလို့မရ.. ရေလည်းကူးလို့မရနဲ့ ... ကမ်းခြေကို တံတားနဲ့ပဲ ပါတ်ပြီးကြည့်ရတာ.. အဲဒါလေးကို အပင်ပန်းခံ၊ အချိန်ကုန်ခံပြီးလာရတယ်.. သေသာသေလိုက်ချင်တယ်.. လာချင်အုံးဟဲ့.. အဲဒီကနေ ညနေ(၅)နာ
ရီလောက်ပြန်လာခဲ့တယ်... မနက်ကတည်းကနေ ဘာမှမစားရသေးတာနဲ့ ၀င်စားလိုက်တယ်.. အိမ်ကို ည(၁၁)
နာရီလောက်မှပြန်ရောက်တယ်... တော်တော်လေးကိုသေချင်စော်နံသွားတယ်.. နောက်တခါအဲဒီကို ဘယ် တော့မှမသွားတော့ဘူး... ကုန်ကျစရိတ်ကိုခံပေးပါမယ်ဆိုရင်တောင်.. မလိုက်ဘူး.. ဒါပေမယ့် ရည်းစားနဲ့ဆိုရင် တော့ တခါတည်းကိုလိုက်မှာ.. နှစ်ခွန်းမေးစရာကို မလိုဘူး...ဟားဟားဟား

[+/-] ဆက်ဖတ်မယ်လေ...

<<< စဉ်းစားပေးပါဦး.. >>>
ကျွန်တော်အစကပြောဖူတယ်.. ကျွန်တော် အားနေရင် တခုခုကို အမြဲစဉ်းစားနေတယ်ဆိုတာလေ.. အဲဒါဘာတွေစဉ်းစားလည်း သိလား? ကျွန်တော်စဉ်းစားမိတာတွေကို သူငယ်ချင်းတွေကို ပြန်ပြောပြရင်း သူတို့က ကျွန်တော့်ကို ရူးနေလားတဲ့.. ဟုတ်ပြီလေ.. ကျွန်တော်စဉ်းစားမိတာတွေကို ရေးသွားပေးမယ်။ မိတ်ဆွေတို့ကလည်း နည်းနည်းစဉ်းစားကြည့်ပေါ့.. ကျွန်တော်စဉ်းစားမိတာ တွေက ပြန်တွေးမိတာတွေက ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလားဆိုတာကို.. ဟုတ်ပြီနော်... တချို့တွေက ပြောကြတယ်... ကျွန် တော်ကို Physco ၀င်နေတာလားတဲ့.. ဟားဟား

[+/-] ဆက်ဖတ်မယ်လေ...

<<< လူ့လောကထဲ စတင်ဝင်ရောက်ခြင်း.. >>>
ကျွန်တော့်မှာ ညီအစ်ကို၊ မောင်နှမ မရှိဘူး။ တယောက်တည်းဆိုတော့ အရမ်းပြင်းဖို့ကောင်းတယ်။ အဲဒါကြောင့် အပေါင်းအသင်း အရမ်းမင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ (၈)တန်းအထိ သေသေချာချာပေါင်းတဲ့သူငယ်ချင်းဆိုလို့ တယောက်ပဲရှိတယ်။ ပြီး တော့ လူတွေနဲ့လည်း သိပ်မပေါင်းတတ်ဘူး။ တမျိုးပြောရရင် လူတောထဲ သိပ်မတိုးဘူးလို့ပြောနိုင်တာပေါ့။ နောက်ပိုင်းအိမ်သစ် ပြောင်းတော့မှ သူငယ်ချင်းတွေထပ်ရလာတာ.. အရင်အိမ်မှာဆိုရင် ဘယ်သူနဲ့မှမပေါင်းဖြစ်ဘူး.. ကိုယ်အိမ်မှာပဲ ကိုယ်နေတယ်.. အိမ်နားမှာလည်း ကိုယ့်အရွယ်မရှိတာလည်းပါတာပေါ့လေ.. အိမ်အသစ်မှာကျတော့ ဘေးပတ်ဝန်းကျင်မှာ ကစာဖော်၊ကစားဖက် သူငယ်ချင်းတွေ အများကြီးဘဲ... အဲဒီချိန်ကစပြီး လူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းတတ်လာတော့တာပဲ.. ကျွန်တော်လူလောက ထဲစရောက်တာ အဲဒီအချိန်ကလို့ပဲ ကျွန်တော်ထင်တယ်..

[+/-] ဆက်ဖတ်မယ်လေ...

<<< East Coast မှာညအိပ်တဲ့နေ့.. >>>
East Coast ကို ညနေ(၄)နာရီလောက်ရောက်သွားတယ်။ အရင်ကတော့ နေ့လည် (၁)နာရီသွားမလို့ပဲ.. ဒါ ပေမယ့် သူရည်းစားနဲ့ Coin တတ်နေတာ သူကိုစောင့်ရတာနဲ့ နောက်ကျသွားတာ..အဲဒီကိုရောက်တော့ ချိန်းထား တဲ့သူငယ်ချင်းရဲ့Camp နားမှာပဲ ကိုယ့်ရဲ့ Camp ကိုထိုးလိုက်တယ်... နောက်လုပ်စရာတွေရှိတာတွေလုပ်ပြီးတော့ ဖဲရိုက်တယ်.. နှုတ်ခမ်းနီသုတ်ကြေး... (၇)ပွဲလောက် အသုတ်ခံလိုက်ရတယ်။ ညရောက်တော့ မအိပ်ပဲ စကားထိုင် ပြောဖြစ်တယ်.. သူငယ်ချင်းကို အစ်ကိုက အလုပ်အကြောင်းပြောလိုက်တာ ငိုမဲ့မဲ့နဲ့ ဖြစ်သွားတယ်။ မနက် (၄)နာရီ လောက်မှအိပ်ဖြစ်တယ်.. ကောင်းကောင်းလည်းမအိပ်ရ ပါဘူး။ အစ်မနဲ့ အစ်ကို မအိပ်ဘဲသောင်းကျန်းနေကြတာ (၁)နာရီလောက်ပဲအိပ်ပျော်တယ်.. စိတ်ပိန်တယ်...

[+/-] ဆက်ဖတ်မယ်လေ...

<<< စနေနေ့ (At Orchard).. >>>

စနေနေ့… ရုံးပိတ်တော့ ဘယ်မှထွေထွေထူးထူး သွားစရာမရှိဘူး။ တနေကုန် အိမ်မှာပဲ.. ညနေ ကျမှ အိမ်က အစ်ကိုက Bar သွာမယ်ဆိုလို့ လိုက်သွားဖြစ်တယ်။ Orchard က မလေးတွေရှိတဲ့ Lucky Plaza က Bar ကိုရောက် သွားတယ်။ Bar တဲမှာလည်း မနေဖြစ်ပါဘူး။ အစ်မတွေ အစ်ကိုတွေနဲ့ အဲဒီ Plaza မှာ စိန်ပြေးလိုက်တမ်း ကစားနေ ဖြစ်တယ်.. အဲဒီကနေ ည (၁၁)နာရီမှ အိမ်ကိုပြန်ရောက်တယ်။ နောက်နေ့ East Coast မှာ ညသွားအိပ်ဖို့ချိန်း လိုက်တယ်။ ဟဲဟဲ


[+/-] ဆက်ဖတ်မယ်လေ...

16 May 2008

<<< ဘ၀အတွက်အရေးကြီးတဲ့ နေ့တနေ့.. >>>
ဒီနေ့အရေးကြီးပါတယ်ဆိုမှ အိပ်ရာထနောက်ကျတယ်.. ရုံးမ၀င်ခင် Spass အတွက်လုပ်ထားတဲ့ Medical Ckeckup ကို ဆေးခန်းမှာဝင်ယူတယ်။ အဖြေက အိုကေတယ်.. အရမ်းပျော်သွားတယ်..ရုံးကို မနက် (၁၀)မှရောက်တယ်။ ကောင်းရော...ရုံးကနေ mom office ကိုသွားပြီး Spass လုပ်တာ အဆင်မပြေဘူး။ နောက်အင်္ဂါနေ့ ကိုချိန်း လိုက်တယ်။ စိတ်ပျက်ပျက်နဲ့ပဲ.. ရုံးကိုပြန်လာခဲ့ရတယ်..ရုံးကနေဆင်းတော့ ရေးကူးကန်သွားပြီး စိတ်အပန်းဖြေလိုက်တယ်။ အော်.. ဒီနေ့ ကံမကောင်းပါလား….

[+/-] ဆက်ဖတ်မယ်လေ...

15 May 2008

<<< နိဒါန်း.. >>>
ူဒီမှာ.. ကျွန်တော့်ရဲ့တွေ့ကြုံခဲ့ရတဲ့ အကြောင်းလေးတွေ.. ဇတ်လမ်းတွေကိုရေးသွားမှာပါ... နေ့စဉ်နဲ့အမျှတွေကြုံ
နေတဲ့ လူတွေရဲ့စိတ်ဓါတ်တွေ .. လူတွေရဲ့အကြောင်းတွေကိုရေးသွားမှာပါ.. အဓိက.က ကျွန်တော်ကြုံခဲ့၊ဆုံခဲ့ဖူး
တဲ့ လူတွေ.. မိန်းကလေးတွေရဲ့အကြောင်းကို အဓိကထားရေးသွားမှာပါ.. အရူးဆန်တယ်လို့ပြောချင်လည်းပြော
ပါ.. ရပါတယ်.. ဘာပဲပြောပြောလေ... ကိုယ်စိတ်ထဲမှာရှိနေတာတွေ၊ မွန်းကျပ်နေတာတွေကို တယောက်ယောက်
ကိုပြောရင်ပြော.. မပြောရင် စာရွက်ပေါ်မှာချရေးလိုက်ရင်.. အဲဒီ
မွန်းကျပ်နေတာတွေ၊ စိတ်ရှုတ်နေတာတွေက နည်းနည်းသက်သာသွားတယ်လေ.. ဒါကြောင့်ဒီဘလော့စ်လေးကို လုပ်လိုက်တာပါ...

[+/-] ဆက်ဖတ်မယ်လေ...