ကျွန်တော်အခုတလော ပိုစ့်တွေမတင်ဖြစ်ဘူး.. ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ ဘလော့ဂ်ကို Update လုပ်နေတာကတကြောင်း ... နောက်ကျွန်တော်ရဲ့သူငယ်ချင်းတွေကို Part Time အလုပ်လိုက်ရှာပေးနေတာက တကြောင်းနဲ့ ပိုစ့်တွေဘက်ကို မလှည့်နိုင် ဘူးဖြစ်သွားတယ်.. နောက်အားရင်အားသလို အမြဲမပြတ်တင်ပေးသွားပါမယ်.. အခုလို ကျွန်တော်ဘလော့ဂ်ကို လာရောက်ပေး တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်....
Posted by ဘိုဘို at 3:25 PM 0 comments
Labels: နေ့စဉ်လှုပ်ရှားမှု
အိပ်ရာကနေစောစောထဖြစ်တယ်.. မိုးကလည်းရွာနေတာနဲ့ ဘယ်မှသွားချင်စိတ်ကိုမရှိဘူး.. ပြီးတော့အိမ်သန့်ရှင်းရေး လုပ်ရ တယ်.. ဒါပေမယ့် ည(၈)နာရီမှာ သီတဂူဆရာတော်ကြီးရဲ့ တရားပွဲကို မဖြစ်မနေသွားမယ်လို့ ဆုံးဖြတ်ထားတယ်.. ကုသိုလ် လေး လည်း လုပ်ရမယ်လေ.. အပျော်နဲ့ကြီးပဲလုပ်နေလို့ မဖြစ်ဘူးလေ.. ဘယ်မှမသွားချင်တဲ့ အကြောင်းရှိတယ်.. ဘာလဲဆိုတော့ ပိုက် ဆံမရှိလို့.. ညနေ(၅)နာရီလောက်ကို အိမ်ကနေ အစ်ကိုတွေနဲ့ထွက်လာတယ်။ စောသေးတာနဲ့ အစ်ကိုက City Hall ကို ခဏ၀င် လိုက်တယ်။ Enous ဘုန်ကြီးကျောင်းကို ညနေ (၆)နာရီလောက်ရောက်တာတောင် နေရာမရတော့ဘူး။ ဒါနဲ့ပဲ အပေါ်ထပ်ကနေ ပဲ ဆရာတော်ကြီးရဲ့တရားကိုနာလိုက်ရတယ်.. ဆရာတော်ကြီးရဲ့တရားက ကောင်းလွန်းလို့ ဗိုက်ထဲဆာနေတာ တောင်မေ့သွား တယ်.. တရားပွဲက ည(၉း၃၀) မှာပြီးသွားတယ်။ အဲဒီမှ ဗိုက်ဆာနေတာကိုပြန်သတိရလာတယ်။ အိမ်ကိုအမြန်ပြန်ပြီး ဟင်းတွေ ၀ိုင်းချက်.. အားလုံစုပြီးစားကြတယ်.. ထမင်းစားပြီးခဏနေတော့ ရေချိုးပြီးအိပ်လိုက်တယ်.. မနက်စောစောထပြီး S-pass Card သွားထုတ်ရမှာကြောင့် စောစောစီးစီး အိပ်လိုက်တယ်။
Posted by ဘိုဘို at 10:51 AM 2 comments
Labels: နေ့စဉ်လှုပ်ရှားမှု
စနေနေ့က ရုံးပိတ်တော့ ဘယ်မှမသွားဘူး။ ညနေကျတော့ သူငယ်ချင်းကခေါ်လို့ City Hall ကိုရောက်သွားသေးတယ်။ အဲဒီက အပြန် Toa Pai Yo ကိုဝင်တယ်။ ဘုန်ကြီးကျောင်းမှာ ဓမ္မစကြာရွတ်ဖို့ချိန်းထားတာ.. အဲဒီသူငယ်ချင်းက နေမကောင်းလို့ မလာ ဖြစ်တာနဲ့ ပြန်လာခဲ့တယ်. ပြန်တော့ Amk Hub မှာ ရုပ်ရှင်ဝင်ကြည့်လိုက်သေးတယ်။ ရုပ်ရှင်ပြီးတော့ ဗိုက်အရမ်းဆာနေတာနဲ့ အိမ်မှာရှိတဲ့ဟာလေးကို ချက်ပြီးစားလိုက်ရတယ်.. ပြီးတော့ ခေါင်းတွေမူးလာတာနဲ့ Online တောင်မ၀င်ဖြစ်ပဲအိပ်ပျော်သွားတယ်
Posted by ဘိုဘို at 10:48 AM 1 comments
Labels: နေ့စဉ်လှုပ်ရှားမှု
ဒီနေ့မနက်နဲ့နေလည်တွေမှာ လုပ်စရာရှိတာတွေလုပ်ထားလိုက်တယ်။ ဘာလို့လဲဆိုတော ည(၂)နာရီခွဲမှာ ကျွန် တော် ထာဝရအားပေးတဲ့ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ရှိတယ်လေ.. ညရောက်ရင် ဗိုက်ဆာရင်စားဖို့ မုန့် တွေ အအေးတွေ အကုန်အဆင်သင့် ၀ယ်ထားတယ်.. ညကိုမအိပ်ပဲထိုင်စောင့်ပြီးကို အားပေးတာ.. ကျွန်တော်က မန်ယူအသင်းရဲ့ပွဲတွေအကုန်လုံးကိုကြည့်တယ်.. ည(၂)နာရီခွဲလောက်ရောက်တော့ အိမ်ရှေ့က Food Coast ကို သွားတယ်.. အအေးတဗူးမှာပြီးထိုင်ကြည့်တယ်.. ချန်ပီယံလိဂ်ဆိုတဲ့စကားနဲ့လိုက်အောင်ကို ကြည့်တဲ့လူတွေကို စိတ်လှုပ်ရှားမှုအပြည့်ပေးတယ်.. ပွဲစပြီး မိနစ်(၂၀)မှာ ရော်နယ်ဒိုလ်က ဂိုးစသွင်းလိုက်တော့ အရမ်းပျော်သွားတယ်နောက် လမ်းပတ်က ပြန်သွင်းတော့ စိတ်ပျက်သွားတယ်.. ထင်ထားတဲ့အတိုင်းပဲ ပယ်နယ်တီကန်ရတယ်.ဒါတောင် ပွဲချိန်မှာ ချယ်လ်ဆီးက ကန်တာ တိုင်(၂) ခါထိလို့ ကံကောင်းသွားတယ်။ ပယ်နယ်တီကိုမန်ယူက စကန်တယ်.. (၃)လုံးမြောက်မှာ ရော်နယ်ဒိုလ်ကန်တော့ မ၀င်ဘူး. သွားပြီပေါ့။ ချန်ပီယံလိဂ်မှာဗိုလ်စွဲစေမယ့် ချယ်လ်ဆီးရဲ့နောက်ဆုံးပယ်နယ်တီကို သူတို့အသင်းခေါင်းဆောင် တယ်ရီကန် တော့ ဘေးချော်ထွက်သွားတယ်. ပျော်လိုက်တာပြောမနေနဲ့... နောက်ဆုံးမှာ ကျွန်တော့်ရဲ့ မန်ယူက ပယ်နယ် တီအဆုံးအဖြတ်နဲ့ ဗိုလ်စွဲသွားတယ်. အဲဒီအချိန်က ဘောလုံပွဲကြည့်နေရတဲ့ အရသာ.. ဗိုလ်စွဲတော့ခံစားရတဲ့ အရသာဟာ ဘာနဲ့မှကိုလဲလို့ မရဘူး။ ဆုပေးတာကိုကြည့်ပြီးတော့ နာရီက(၆)နာရီရှိနေပြီ.. အလုပ်သွာဖို့ မနက် (ရ)နာရီထရမှာ.. ဘာပဲဖြစ်ဖြစ် အိပ်ရေးပျက်ခံ ကြည့်ရကြိုးနပ်ပါပြီ မန်ယူရေ..
Posted by ဘိုဘို at 9:59 PM 1 comments
Labels: နေ့စဉ်လှုပ်ရှားမှု
ဒီနေ့အိပ်ရာထနောက်ကျတယ်... ညတုန်းက မန်ယူပွဲကြည့်လိုက်တာ တော်တော်လေးကို ပင်ပန်းသွားတယ်.. ရုံး ကို (၉း၃၀) မှရောက်တယ်။ ရောက်တာနဲ့ စလုပ်ရတော့တာပဲ.. ထမင်းတောင်အမြန်စားရတယ်.. Project တစ်ခု ကို တနေ့တည်းအပြီးဆွဲခိုင်းတာ... ညကလည်းမအိပ်ရတာနဲ့ ကောင်းရော.. အိပ်ငိုက်မှာစိုးလို့ အချဉ်ထုပ်ကိုဝယ် ပြီး စားလိုက်ဆွဲလိုက်နဲ့ မနားပဲဆွဲတာတောင်.. ညနေ (၆း၂၀)မှပြီးတယ်... ရုံးကနေပြန်တော့ ဘယ်မှမ၀င်ဖြစ်ဘူး. အိမ်ပဲတခါတည်းပြန်လာတာ.. mrt ပေါ်မှာအိပ်ပျော်သွားတယ်။ အိမ်ရောက်တော့ ပင်လည်းပင်ပန်း၊ ဗိုက်ဆာနေ တာနဲ့ ထမင်းစားလိုက်တာ (၂)ပန်ကန်တောင်ကုန်တယ်။ ဒီညတော့ အိပ်လို့ကောင်းပြီ..ပင်ကလည်း ပင်ပန်းထား၊ မိုးကလည်းရွာထားတော့ အေးအေးနဲ့တော့ အိပ်လို့ကောင်းပြီ..
Posted by ဘိုဘို at 9:30 PM 1 comments
Labels: နေ့စဉ်လှုပ်ရှားမှု
ညအိပ်ပြီးတော့ တနင်္လာနေ့ နံနက်ကို အစ်မပြောတဲ့ ကျွန်းကိုသွားဖို့လုပ်ကြတယ်.. ကျွန်တော်စဉ်းစားလိုက်တာက ဟိုရောက်ရင်ဘာမှမလုပ်တော့ဘူး.. အေးအေးဆေးဆေးနေမယ်ပေါ့.. အဲဒါနဲ့ ရေးသွားချိုးလိုက်တယ်.. အားလုံးပြီးတော့ အဲဒီကိုသွားကြတယ်.. ကျွန်တော့်သူငယ်ချင်းလည်းပါလာတယ်... စုစုပေါင်း (၅)ယောက်ဖြစ်သွားတယ်.. ကျွန်းကိုရောက်တော့ အစ်ကိုကပြောတယ်.. စက်ဘီးနဲ့သွားမှ အဆင်ပြေမယ်ဆိုတာနဲ့ စက်ဘီး ငှားကြတော့ ကျွန်တော်သူငယ်ချင်းက စက်ဘီးမစီးတတ်ဘူးဖြစ်နေတယ်။ အဲဒါနဲ့သူကို ကျွန်တော်ကတင်နင်းရတယ်.. နောက်သွားတော့.. လမ်းတွေမှားပြီး ဘယ်တွေရောက်သွားမှန်းတောင် မသိဘူး.. သူငယ်ချင်းကို တင်နင်းရတာလည်း ဖတ်ဖတ်ကိုမောနေတာဘဲ.. အချိန်ကလည်း (၁၂)နာရီ.. သေတာပဲ.. အဲဒီမှာ... နေရာကိုသိတဲ့ အစ်ကိုကလည်း .. လမ်းတွေလည်.. စိတ်ထဲမှာ ရောက်နေတဲ့နေရာမှာပဲ ခြေပစ်လက်ပစ်လဲချင်စိတ်ကိုပေါက်နေတာဘဲ.. ညောင်းလိုက်တာ ပြောမနေနဲ့တော့၊ ဒါတောင်သူငယ်ချင်းက ပိန်လို့တော်သေးတယ်.. အစ်မလိုသာဝရင်.. သေသွားနိုင်တယ်.. ကျွန်တော်တို့လိုဘဲ လမ်းမသိတဲလူတွေ အများကြီးဘဲ.. နေ့လည် (၂)နာရီလောက်မှ ကမ်းစပ်ကိုမြင်ရတယ်.. အောက်လည်းဆင်းလို့မရ.. ရေလည်းကူးလို့မရနဲ့ ... ကမ်းခြေကို တံတားနဲ့ပဲ ပါတ်ပြီးကြည့်ရတာ.. အဲဒါလေးကို အပင်ပန်းခံ၊ အချိန်ကုန်ခံပြီးလာရတယ်.. သေသာသေလိုက်ချင်တယ်.. လာချင်အုံးဟဲ့.. အဲဒီကနေ ညနေ(၅)နာ
ရီလောက်ပြန်လာခဲ့တယ်... မနက်ကတည်းကနေ ဘာမှမစားရသေးတာနဲ့ ၀င်စားလိုက်တယ်.. အိမ်ကို ည(၁၁)
နာရီလောက်မှပြန်ရောက်တယ်... တော်တော်လေးကိုသေချင်စော်နံသွားတယ်.. နောက်တခါအဲဒီကို ဘယ် တော့မှမသွားတော့ဘူး... ကုန်ကျစရိတ်ကိုခံပေးပါမယ်ဆိုရင်တောင်.. မလိုက်ဘူး.. ဒါပေမယ့် ရည်းစားနဲ့ဆိုရင် တော့ တခါတည်းကိုလိုက်မှာ.. နှစ်ခွန်းမေးစရာကို မလိုဘူး...ဟားဟားဟား
Posted by ဘိုဘို at 12:38 PM 0 comments
Labels: နေ့စဉ်လှုပ်ရှားမှု
East Coast ကို ညနေ(၄)နာရီလောက်ရောက်သွားတယ်။ အရင်ကတော့ နေ့လည် (၁)နာရီသွားမလို့ပဲ.. ဒါ ပေမယ့် သူရည်းစားနဲ့ Coin တတ်နေတာ သူကိုစောင့်ရတာနဲ့ နောက်ကျသွားတာ..အဲဒီကိုရောက်တော့ ချိန်းထား တဲ့သူငယ်ချင်းရဲ့Camp နားမှာပဲ ကိုယ့်ရဲ့ Camp ကိုထိုးလိုက်တယ်... နောက်လုပ်စရာတွေရှိတာတွေလုပ်ပြီးတော့ ဖဲရိုက်တယ်.. နှုတ်ခမ်းနီသုတ်ကြေး... (၇)ပွဲလောက် အသုတ်ခံလိုက်ရတယ်။ ညရောက်တော့ မအိပ်ပဲ စကားထိုင် ပြောဖြစ်တယ်.. သူငယ်ချင်းကို အစ်ကိုက အလုပ်အကြောင်းပြောလိုက်တာ ငိုမဲ့မဲ့နဲ့ ဖြစ်သွားတယ်။ မနက် (၄)နာရီ လောက်မှအိပ်ဖြစ်တယ်.. ကောင်းကောင်းလည်းမအိပ်ရ ပါဘူး။ အစ်မနဲ့ အစ်ကို မအိပ်ဘဲသောင်းကျန်းနေကြတာ (၁)နာရီလောက်ပဲအိပ်ပျော်တယ်.. စိတ်ပိန်တယ်...
Posted by ဘိုဘို at 12:45 AM 1 comments
Labels: နေ့စဉ်လှုပ်ရှားမှု
စနေနေ့… ရုံးပိတ်တော့ ဘယ်မှထွေထွေထူးထူး သွားစရာမရှိဘူး။ တနေကုန် အိမ်မှာပဲ.. ညနေ ကျမှ အိမ်က အစ်ကိုက Bar သွာမယ်ဆိုလို့ လိုက်သွားဖြစ်တယ်။ Orchard က မလေးတွေရှိတဲ့ Lucky Plaza က Bar ကိုရောက် သွားတယ်။ Bar တဲမှာလည်း မနေဖြစ်ပါဘူး။ အစ်မတွေ အစ်ကိုတွေနဲ့ အဲဒီ Plaza မှာ စိန်ပြေးလိုက်တမ်း ကစားနေ ဖြစ်တယ်.. အဲဒီကနေ ည (၁၁)နာရီမှ အိမ်ကိုပြန်ရောက်တယ်။ နောက်နေ့ East Coast မှာ ညသွားအိပ်ဖို့ချိန်း လိုက်တယ်။ ဟဲဟဲ
Posted by ဘိုဘို at 12:37 AM 1 comments
Labels: နေ့စဉ်လှုပ်ရှားမှု
ဒီနေ့အရေးကြီးပါတယ်ဆိုမှ အိပ်ရာထနောက်ကျတယ်.. ရုံးမ၀င်ခင် Spass အတွက်လုပ်ထားတဲ့ Medical Ckeckup ကို ဆေးခန်းမှာဝင်ယူတယ်။ အဖြေက အိုကေတယ်.. အရမ်းပျော်သွားတယ်..ရုံးကို မနက် (၁၀)မှရောက်တယ်။ ကောင်းရော...ရုံးကနေ mom office ကိုသွားပြီး Spass လုပ်တာ အဆင်မပြေဘူး။ နောက်အင်္ဂါနေ့ ကိုချိန်း လိုက်တယ်။ စိတ်ပျက်ပျက်နဲ့ပဲ.. ရုံးကိုပြန်လာခဲ့ရတယ်..ရုံးကနေဆင်းတော့ ရေးကူးကန်သွားပြီး စိတ်အပန်းဖြေလိုက်တယ်။ အော်.. ဒီနေ့ ကံမကောင်းပါလား….
Posted by ဘိုဘို at 10:38 AM 0 comments
Labels: နေ့စဉ်လှုပ်ရှားမှု