<<< ဘယ်သူလဲဆိုတော.. >>> လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
07 June 2008

<<< ကျေးဇူးပြု၍ ကူညီပါ.. >>>
အခုတလော ကျွန်တော်အလုပ်ကိစ္စတခုနဲ့ ရှုပ်နေလို့ ကျွန်တော့် ဘ လော့ဂ်မှာ ပိုစ့်မရေးအားဘူးဖြစ်နေတယ်.. ဘာတွေနဲ့အလုပ်ရှုပ်နေလဲ ဆိုတော့ ရန်ကုန်ပြန်သွားတဲ့ ကျွန်တော်သူငယ်ချင်းက သူအခု လေဘေး ဒုက္ခသည် တွေကို ကူညီတဲ့အလုပ်ကိုလုပ်နေတယ်တဲ့.. သူတို့က ဒုက္ခ ရောက်တဲ့သူတွေဆီကို အပတ်တိုင်းသွားပြီး သူတို့ တွေရဲ့ နေရေးထိုင် ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေးကအစ ကူညီပေးနေတာဖြစ်ပါ တယ်.. ဒါကြောင့် သူက ဒီမှာရှိတဲ့ သူငယ်ချင်းတွေဆီကနေ ရသလောက် အကူအညီတောင်းပေးပါတဲ့.. ကျွန်တော်တို့အတွက်က (၁)ကျပ်၊ (၂)ကျပ် လောက်ဟာ ဘာမှမပြောလောက်ပေမယ့် ဒုက္ခသည်တွေအတွက်က တော့ ထမင်း(၂)နှပ် လောက်စားနိုင်သောက်နိုင်ပါတယ်... ဒုက္ခသည်တွေ ဘယ်လောက်များလည်းဆိုရင်... ကျွန်တော်တို့တွေဘယ် လောက်ပဲလှူ လှူ မလောက်ဘူးဖြစ်နေပါတယ်.. ဒါကြောင့် ကျွန်တော်ရဲ့သူငယ်ချင်း တွေအနေနဲ့ ဒုက္ခရောက် နေတဲ့လူတွေကို စာနာထောက်ထားပြီး စေတ နာရှိသလောက် လှူကြပါ... ဒီကလူတွေက လှူပြီးသားဖြစ်ပေ မယ့်လည်း နောက်ထပ် စေတနာရှိသလောက် ထပ်လှူပါလို့ ကျွန်တော်တိုက်တွန်း ချင်ပါတယ်.. ကျွန်တော်တို့ အလှူငွေတွေကို ဒီလနောက်ဆုံးထားပြီး ကောက်ခံသွားမှာပါ.. ရရှိလာတဲ့ အလှူငွေတွေကို.. နောက်လမှာပြန် မယ့် ကျွန်တော်တို့ သူငယ်ချင်းနဲ့ ထည့်ပေးလိုက်မှာဖြစ်ပါတယ်.. အလှူရှင်တွေရဲ့ စာရင်းကိုလည်း ကျွန်တော့် ရဲ့ဘလော့ဂ်မှာဖော်ပြပေး သွား မှာဖြစ်သလို.. ကျွန်တော်တို့ ရန်ကုန်ကအဖွဲ့သွားရောက် ကူညီပေး ထားတဲ့ ဓါတ်ပုံ တွေကိုလည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်.. လှူဒါန်းချင် တယ်ဆိုရင်.. ကျွန်တော်တိှု့ဆီကို ဆက်သွယ်နိုင်ပါတယ်..
daumen13@gmail.com , hhzbobo@gmail.com


"ဒီကလူတွေက လှူပြီးသားဖြစ်ပေမယ့်လည်း နောက်ထပ် စေတနာရှိသလောက် ထပ်လှူပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်..(၁)ကျပ်ထည့်သည်ဖြစ်စေ၊ (၂)ကျပ်ထည့်သည်ဖြစ်စေ ပါဝင်ကူညီပေးပါ... ဒီက ပိုက်ဆံ (၁)ကျပ်၊ (၂)ကျပ်ဟာ ဒုက္ခရောက်နေသော သွေးချင်းညီအစ်ကို၊ မောင်နှမများအတွက် လွန်စွာတန်ဖိုးရှိလှပါတယ်... ဒါကြောင့် မိမိတို့ စေတနာရှိသလောက် ပါဝင်ကူညီပေးပါ..."

ဒီလှုပ်ရှားမှုလေးကို ကျွန်တော်တို့ရဲ့ ရန်ကုန်မှာရှိတဲ့ စေတနာရှင်အဖွဲ့က အကူအညီလုံးဝမရရှိသေးသော ကျွန်း၊ရွာငယ်လေးများအထိ လိုက်လံကူညီပေးနေတာဖြစ်ပါတယ်.. ဒါကြောင့် ကျွန်တော်တို့ဒီမှာရှိတဲ့ သုငယ်ချင်းတွေက ၀ိုင်းဝန်းကူညီပေးကြပါလို့ တောင်းဆိုအပ်ပါတယ်.. သူငယ်ချင်းတို့ရဲ့ ကူညီမှုတွေ အမှန်တကယ်လိုအပ်နေပါတယ်.. သူငယ်ချင်းတို့ လှုတဲ့ငွေတွေကို ကျွန်တော်တို့ရဲ့ ဘလော့ဂ်များမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်..
ဘလော့လင့်စ်တွေကတော့
http://maunghanhtutzaw.blogspot.com/ (ကိုယ်တိုင်ရေးရာဇ၀င်)
http://bogyibo.blogspot.com/ (လေလွင့်ငှက်ငယ်၏ ခြေရာတစုံ)

အခုချိန်ထိရရှိတဲ့စေတနာအားတွေကတော့...(Our collected money,07 June 2008 -Updated-)
နာမည် SGD

  • HAN HTUT ZAW 50
  • BO BO KYAW 40
  • KHIN MAR THANT 50
  • KYAW ZAY YA 10
  • NANDA 20
  • SU HNIN WINT YEE 5
  • YE LAY (ITE) 10
  • NAN THU ZAR 10
  • HTUT KHAUNG 5
  • LINT LINT (TMIS) 10
  • KO MYO MIN WIN (TMIS) 10
  • EI MAW (TMIS) 5
  • WANG XLU LING (TMIS) 10
  • LI YE (TMIS) 10
  • PHYU PHYU CHO (TMIS) 10
  • THET AUNG 10
  • EI EI MYO @ PHYU PHYU THAW (TMIS) 10
  • KHWAOR NEO THAN (TMIS) 50
  • AYE NYEIN SOE (TMIS) 10
  • NANG NOON LAO KHAM (TMIS) 10
  • SHUHONG 5

[+/-] ဆက်ဖတ်မယ်လေ...