သူငယ်ချင်းတို့ အားနေရင် အပျင်းပြေဆော့ဖို့ Game Website လေးတခုကိုညွှန်ပေးလိုက်မယ်.. အဲဒါကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ၀က်ဆိုက်ဒ်မှာတင်ထားတာပါ.. အပျင်းပြေ ပယ်နယ်တီကန်လို့ရပါတယ်.. မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ဂစ်၊ ဆိုးလ်ရှား၊ ရော်နယ်ဒိုလ်၊ စမစ်၊ ရွန်နေ တို့ထဲက ကိုယ်ကြိုက်တဲ့ ကစားသမားကိုရွေးပြီး ကန်လို့ရ ပါတယ်.. ပထမ ပယ်နယ်တီ (၅)လုံးကိုဝင်ရင် ဆက်လက်ကန်ခွင့်ရမှာပါ.. ကိုယ်ကန်တဲ့ ပြင်းအားကို ကြည့်ပြီး အမှတ်ပေးသွားပါ တယ်.. သူငယ်ချင်းတွေ စိတ်ပြေလက်ပျောက် အပျင်းပြေ၀င်ရောက်ကစားနိုင်ပါတယ်...
Posted by ဘိုဘို at 4:39 PM 0 comments
Labels: အားလုံးအတွက်
ဒီ Website လေးက ကျွန်တော်တို့လို မြန်မာစာကိုသေသေချာချာမရိုက်တတ်တဲ့ လူတွေအတွက် အတော့်ကို အသုံးဝင်တဲ့ နေရာလေးတစ်ခုပါ.. အဲဒီမှာ မြန်မာအက္ခရာတွေအကုန်ပါပါတယ်.. အောက်စလုံးတွေက အစရေးပေးထားပါတယ်.. သူငယ်ချင်းတွေ ရေးချင်တယ်ဆိုရင် ပါဠိလိုတောင်ရေးလို့ရပါတယ်.. အရမ်းကို ပြည့်စုံတဲ့ Website လေးတစ်ခုပါ..
Posted by ဘိုဘို at 2:39 PM 1 comments
Labels: အားလုံးအတွက် နည်းပညာ
အခုကျွန်တော် ဘလော့ဂ်အသစ်တခုလုပ်ထားတယ်။ ဘောလုံးနဲ့ပတ်သက်တာတွေပေါ့.. ဂျာနယ်ပုံစံလေးလုပ်မှာ.. အခုတော့ အဲဒီဘလော့လေးမှာ အခုလတ်တလောပေါ်ပြူလာဖြစ်နေတဲ့ ဘောလုံးသမား အပြောင်းအရွှေ့၊ ယူရို (၂၀၀၈) ဘောလုံးပွဲ သတင်းတွေတင်ထားတယ်.. နောက်အချိန်ရရင် အခြားအားကစားနည်းလေးတွေကိုပါတင်ပေးသွားမှာပါ.. နောက်ထပ်အစီအစဉ်လေးတွေတိုးချဲ့ဖို့လည်းရှိပါတယ်.. အားကစားဗဟုသုတတွေပေါ့.. ဒါတွေအားလုံးကို ကျွန်တော်တယောက်တည်း မလုပ်နိုင်ဘူး.. ဒါကြောင့် ကျွန်တော်ကို ကူညီမယ့် သူငယ်ချင်းတွေကို ဖိတ်ခေါ်ပါတယ်.. ကျွန်တော့်ရဲ့ အားကစားဘလော့ဂ်လေးမှာ Member ၀င်ကြပေးပါ.. ကျွန်တော်က Member ၀င်တွေကို အပိုင်းပိုင်းလေးတွေနဲ့ တာဝန်လေးတွေခွဲပေးသွားမှာပါ.. Member တွေထဲမှာ တာဝန်ယူမယ်လူတွေကို ကျွန်တော်က Permissions ခွဲပေးပါမယ်.. ဘလော့ဂ်က သူငယ်ချင်းတွေစုပြီး ဘောလုံးဂျာနယ်ပုံစံလေး ဘလော့ဂ်တခုလောက် လုပ်ကြရအောင်.. ကျွန်တော်က အရင်က Eleven Sport Journal မှာ Junior Editor And Reporter လုပ်ဖူးပါတယ်.. အားလုံးက ကျွန်တော်နဲ့အတူ ပူပေါင်းပါဝင်ကူညီကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်.. နောက် ကျွန်တော်တို့အားတဲ့ တနွင်္ဂနွေနေ့တိုင်းမှာ ဘလော့ဂ်က သူငယ်ချင်းတွေစုပြီး ဘောလုံးကန်ရအောင်.. လူများရင် ကွင်းကြီးကန်မယ်၊ လူနည်းရင် W ကန်ကြမယ်လေ... ကျွန်တော်မှာ ကန်မယ့်သူငယ်ချင်း (၃)ယောက်ရှိတယ်.. သူငယ်ချင်းတို့လည်း ကန်ချင်တယ်ဆိုရင် .. Comments Box မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးရေးပေးခဲ့ပါ.. ကျွန်တော်လူစုပြီးဆက်သွယ်ပါ့မယ်.. အဲ.တခုတော့ရှိတယ်နော်.. ကျွန်တော်တို့ကန်မှာက စင်္ကာပူမှာနော်... ဟီးဟီး... အရမ်းကန်ချင်တယ်ဆိုလည်း Flight ငှားပြီးလာကန်ပေါ့..
ကျွန်တော်အခုလောလောဆယ်လုပ်ထားတာလေးတွေကိုကြည့်ချင်တယ်ဆိုရင်အဲဒီမှာဝင်ကြည့်လို့ရပါတယ်
Posted by ဘိုဘို at 12:09 PM 4 comments
Labels: အကူအညီ
Posted by ဘိုဘို at 10:57 AM 0 comments
Labels: အားလုံးအတွက်
နယူတန်ရဲ့ သီအိုရီနဲ့
ကောင်မလေးရေ...
အဲဒီ သီအိုရီထဲမှာ
မင်းသာ ကမ္ဘာမြေကြီး
ဖြစ်နေမယ်ဆိုရင်...
မင်းရဲ့ဆွဲငင်အားကြောင့်
ပြုတ်ကျလာတဲ့
ပန်းသီးလေးဟာ
ငါပဲပေါ့...
Posted by ဘိုဘို at 11:23 AM 6 comments
Labels: တွေးမိတွေးရာ
အခုတလော ကျွန်တော်အလုပ်ကိစ္စတခုနဲ့ ရှုပ်နေလို့ ကျွန်တော့် ဘ လော့ဂ်မှာ ပိုစ့်မရေးအားဘူးဖြစ်နေတယ်.. ဘာတွေနဲ့အလုပ်ရှုပ်နေလဲ ဆိုတော့ ရန်ကုန်ပြန်သွားတဲ့ ကျွန်တော်သူငယ်ချင်းက သူအခု လေဘေး ဒုက္ခသည် တွေကို ကူညီတဲ့အလုပ်ကိုလုပ်နေတယ်တဲ့.. သူတို့က ဒုက္ခ ရောက်တဲ့သူတွေဆီကို အပတ်တိုင်းသွားပြီး သူတို့ တွေရဲ့ နေရေးထိုင် ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေးကအစ ကူညီပေးနေတာဖြစ်ပါ တယ်.. ဒါကြောင့် သူက ဒီမှာရှိတဲ့ သူငယ်ချင်းတွေဆီကနေ ရသလောက် အကူအညီတောင်းပေးပါတဲ့.. ကျွန်တော်တို့အတွက်က (၁)ကျပ်၊ (၂)ကျပ် လောက်ဟာ ဘာမှမပြောလောက်ပေမယ့် ဒုက္ခသည်တွေအတွက်က တော့ ထမင်း(၂)နှပ် လောက်စားနိုင်သောက်နိုင်ပါတယ်... ဒုက္ခသည်တွေ ဘယ်လောက်များလည်းဆိုရင်... ကျွန်တော်တို့တွေဘယ် လောက်ပဲလှူ လှူ မလောက်ဘူးဖြစ်နေပါတယ်.. ဒါကြောင့် ကျွန်တော်ရဲ့သူငယ်ချင်း တွေအနေနဲ့ ဒုက္ခရောက် နေတဲ့လူတွေကို စာနာထောက်ထားပြီး စေတ နာရှိသလောက် လှူကြပါ... ဒီကလူတွေက လှူပြီးသားဖြစ်ပေ မယ့်လည်း နောက်ထပ် စေတနာရှိသလောက် ထပ်လှူပါလို့ ကျွန်တော်တိုက်တွန်း ချင်ပါတယ်.. ကျွန်တော်တို့ အလှူငွေတွေကို ဒီလနောက်ဆုံးထားပြီး ကောက်ခံသွားမှာပါ.. ရရှိလာတဲ့ အလှူငွေတွေကို.. နောက်လမှာပြန် မယ့် ကျွန်တော်တို့ သူငယ်ချင်းနဲ့ ထည့်ပေးလိုက်မှာဖြစ်ပါတယ်.. အလှူရှင်တွေရဲ့ စာရင်းကိုလည်း ကျွန်တော့် ရဲ့ဘလော့ဂ်မှာဖော်ပြပေး သွား မှာဖြစ်သလို.. ကျွန်တော်တို့ ရန်ကုန်ကအဖွဲ့သွားရောက် ကူညီပေး ထားတဲ့ ဓါတ်ပုံ တွေကိုလည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်.. လှူဒါန်းချင် တယ်ဆိုရင်.. ကျွန်တော်တိှု့ဆီကို ဆက်သွယ်နိုင်ပါတယ်..
daumen13@gmail.com , hhzbobo@gmail.com
"ဒီကလူတွေက လှူပြီးသားဖြစ်ပေမယ့်လည်း နောက်ထပ် စေတနာရှိသလောက် ထပ်လှူပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်..(၁)ကျပ်ထည့်သည်ဖြစ်စေ၊ (၂)ကျပ်ထည့်သည်ဖြစ်စေ ပါဝင်ကူညီပေးပါ... ဒီက ပိုက်ဆံ (၁)ကျပ်၊ (၂)ကျပ်ဟာ ဒုက္ခရောက်နေသော သွေးချင်းညီအစ်ကို၊ မောင်နှမများအတွက် လွန်စွာတန်ဖိုးရှိလှပါတယ်... ဒါကြောင့် မိမိတို့ စေတနာရှိသလောက် ပါဝင်ကူညီပေးပါ..."
ဘလော့လင့်စ်တွေကတော့
http://maunghanhtutzaw.blogspot.com/ (ကိုယ်တိုင်ရေးရာဇ၀င်)
http://bogyibo.blogspot.com/ (လေလွင့်ငှက်ငယ်၏ ခြေရာတစုံ)
နာမည် SGD
- HAN HTUT ZAW 50
- BO BO KYAW 40
- KHIN MAR THANT 50
- KYAW ZAY YA 10
- NANDA 20
- SU HNIN WINT YEE 5
- YE LAY (ITE) 10
- NAN THU ZAR 10
- HTUT KHAUNG 5
- LINT LINT (TMIS) 10
- KO MYO MIN WIN (TMIS) 10
- EI MAW (TMIS) 5
- WANG XLU LING (TMIS) 10
- LI YE (TMIS) 10
- PHYU PHYU CHO (TMIS) 10
- THET AUNG 10
- EI EI MYO @ PHYU PHYU THAW (TMIS) 10
- KHWAOR NEO THAN (TMIS) 50
- AYE NYEIN SOE (TMIS) 10
- NANG NOON LAO KHAM (TMIS) 10
- SHUHONG 5
Posted by ဘိုဘို at 10:50 AM 0 comments
Labels: အကူအညီ
ဘောလုံးဝါသနာအိုးတွေအတွက် Mobile Phone Themes လေးတွေပါ... ဒီမှာ Download ချနိုင်ပါတယ်.. size ကတော့ (176x220)နော်..
ဒီပိုစ့်လေးက အနော့်အစ်ကို fido ဆီကနေယူထားတာပါ..
Posted by ဘိုဘို at 10:26 AM 2 comments
Labels: အားလုံးအတွက် နည်းပညာ
ဒါနဲ့မလေးဝန်ကြီးကလည်း အားကျမခံ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကို သူတို့နိုင်ငံက ဒိန်ခဲတွေကျွေးပြန်ကော.. ပြီးတော့ သူကမေးတယ်.. ဘယ်လိုလဲ. စားလို့ကောင်းလားတော့မေးတော့ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်က အရမ်း အရသာရှိတာပဲ.. စားလို့ကောင်းတယ်လို့ပြန်ဖြေတယ်.. အဲဒီအချိန်မှာ မလေးဝန်ကြီးချူပ်က ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီ ဒိန်ခဲတွေကို မြစ်ထဲပစ်ချလိုက်ပြန်ကော.. အဲတော့ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကပြောတာပေါ့.. နှမျောစရာကြီး.. ဒီလောက်ကောင်းတာကို ဘာလို့လွှတ်ပစ်လိုက်တာလဲမေးတော့ မလေးဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို ဒိန်ခဲတွေ မှ အများကြီးပဲလို့ပြန်ဖြေတယ်..
နောက်ဆုံး ကျွန်တော်တို့ မြန်မာဝန်ကြီးချုပ်ကလည်းအားကျမခံ လှမ်းပြောလိုက်တယ်။ "ဟေ့ စစ်ဗိုလ်တယောက်လောက် လာခဲ့စမ်း" တဲ့.. စစ်ဗိုလ်လဲရောက်လာရော ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီစစ်ဗိုလ်ရဲ့ဂုတ်ကကိုင်ပြီး ရေထဲပစ်ချလိုက်တယ်။ အဲတော့ မလေးဝန်ကြီးချုပ်နဲ့ စင်္ကာပူဝန်ကြီးချုပ်ကပြောတာပေါ့.. ဟာ ..ဘာလို့အဲလိုလုပ်တာလဲပေါ့.. လူ့အသက်တချောင်း နှမြှောစရာကြီးပေါ့လို့ပြောတော့ ကျွန်တော်တို့ မြန်မာဝန်ကြီးချုပ်က ပြန်ပြောတာပေါ့.. ဟာ..ခင်ဗျားတို့က ဘာသိလို့လဲ.. ခင်ဗျားတို့နိုင်ငံတွေမှာ ချောကလက်တွေ၊ ဒိန်ခဲတွေပေါသလို.. ကျွန်တော်တို့နိုင်ငံမှာလည်း စစ်ဗိုလ်တွေပေါပါတယ်လို့ ပြန်ဖြေလိုက်တယ်..
P.S .... ဒီဟာသလေးက London သင်္ကြန်အငြိမ့်ကြည့်တုန်းက မှတ်ထားတဲ့ဟာလေးပါ.. သတိရလို့ ရေးလိုက်တာပါ..
Posted by ဘိုဘို at 3:01 PM 2 comments
Labels: ဟာသလေးများ
တစ်ခါက အမေရိကန်သမ္မတ ဘုရ်ရယ်၊ ဗြိတိန်က ၀န်ကြီးချုပ် တိုနီဘလဲရယ်၊ မြန်မာပြည်က သန်းရွှေရယ်...(၃)ယောက်ဟာ သေပြီးနောက်ပိုင်း ငရဲပြည်ကိုရောက်လာကြတယ်။ ယမမင်းကြီးဆီမှာ ဆုံးဖြတ်ချက်ကိုစောင့်နေရင်း သူတို့ရဲ့ မိန်းမတွေဆီကို သတိရလို့ ဖုံးခေါ်ချင်လာတယ်တဲ့။ အဲဒါနဲ့ ဘုရ်ကစပြီးဖုံးခေါ်တာ မဒမ်ဘုရ်နဲ့ (၅)မိနစ်လောက် အလွမ်းသယ်လိုက်တယ်။(၅) မိနစ်ပြောပြီး ဖုံးချလိုက်တော့ ယမမင်းကြီးက ဖုံးပြောခ ဒေါ်လာ (၁၀၀၀)တောင်းလိုက်တယ်။ ဘုရ်က ဘာလို့ဖုံးခဈေကြီးတာ လဲလို့မေးတော့ လူပြည်ကိုခေါ်တာ Oversea Call မို့လို့ပါလိုပြောလိုက်တယ်။ နောက် တိုနီကဖုံးထက် ခေါ်တယ်..။ သူကတော့ (၁၀)မိနစ်ကြာတယ်တဲ့။ ယမမင်းကြီးက သူ့ဆီက ဒေါ်လာ (၁၀၀၀)ပဲတောင်းလိုက်တယ်။ ဘုရ်က သူ့တုံးက (၅)မိနစ်ကို ဒေါ် လာ (၁၀၀၀)၊ တိုနီကြတော့ (၁၀)မိနစ်ကို ဒေါ်လာ ( ၁၀၀၀)ဆိုတော့ မကျေနပ်ဘူးပေါ့။ ယမမင်းကြီးကို မေးတော့ ဗြိတိန်က အမေရိကန်ထက်ပိုနီးလို့ပါ လို့ပြန်ပြောတယ်။ နောက်ဆုံး သန်းရွှေအလှည့်ကြတော့ မဒမ်သန်းရွှေနဲ့ ဖုံးပြောလိုက်တာ (၅)မိနစ် လည်းမက..(၁၀)မိနစ်လည်းမက...(၁)နာရီကြာသွားတယ်တဲ့။ ယမမင်းကြီးက သန်းရွှေဆီက (၅)ဒေါ်လာပဲ ယူလိုက်တယ်တဲ့။ အဲဒီမှာဘုရ်ကော၊တိုနီကောက စိတ်တွေဆိုးပြီး ယမမင်းကြီးကို အပြစ်ဆိုတာပေါ့။ အဲဒီမှာ ယမမင်းကြီးက ဘာပြန်ပြောလည်း ဆိုတော့........သူ့မိန်းမဆီခေါ်တာ Oversea Call မဟုတ်ဘူး.. Local Call ပါတဲ့ခင်ဗျား....။
Posted by ဘိုဘို at 11:40 AM 2 comments
Labels: ဟာသလေးများ
ဒီပုံလေးတွေကလည်း ကျွန်တော်အီးမေးလ်ထဲကို ကျွန်တော်ကို ပေါက်ကရပုံလေးတွေ အမြဲပို့ပေးနေတဲ့ သူငယ်ချင်းကပဲပို့ ပေး လိုက်တဲ့ ပုံလေးတွေပါ.. သူငယ်ချင်းတွေအတွက် တဆင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်....
Posted by ဘိုဘို at 11:35 AM 1 comments
Labels: ဟာသလေးများ
Posted by ဘိုဘို at 11:24 AM 0 comments
Labels: အကြိုက်ဆုံး ဓါတ်ပုံများ
အပေါ်ဆုံပုံက မူရင်းပုံပါ.. အဲဒီပုံကို နောက်ဒီဇိုင်းအမျိုးမျိုးလုပ်သွားတာ... မိုက်တယ်နော် ...
Posted by ဘိုဘို at 11:16 AM 0 comments
Labels: အကြိုက်ဆုံး ဓါတ်ပုံများ
Posted by ဘိုဘို at 10:48 AM 0 comments
Labels: အကြိုက်ဆုံး ဓါတ်ပုံများ
The ABCs of Marriage
Be best of friend...
Compromise...
Discover new things
Encourage each other...
Forgive and forget...
Gaze into each other's eyes...
Hold hands and hug a lot...
Inspire & intrigue each other...
Joke & laugh & have fun...
Kiss, kiss, kiss...
Love with all your heart...
Marvel at each other's talent...
Nature each other's soul...
Overcome problems together...
Play games...
Quiet each other's fears...
Remember the little things...
Say ' I love you ' everyday...
Take time for tenderness...
Understand and care deeply...
Value everything you share...
Wish on stars together...
X-press your true feelings...
Yearn for each other's touch...
Zzzzz in each other's arms...
Posted by ဘိုဘို at 10:41 AM 0 comments
Labels: ဟာသလေးများ
ဒီပုံလေးတွေကလည်း ကျွန်တော်အီးမေးလ်ထဲကို ကျွန်တော်ကို ပေါက်ကရပုံလေးတွေ အမြဲပို့ပေးနေတဲ့ သူငယ်ချင်းကပဲပို့ ပေး လိုက်တဲ့ ပုံလေးတွေပါ.. သူငယ်ချင်းတွေအတွက် တဆင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်....
ပုံ (၁) After 2 bottles of wine - Shared of course
ပုံ (၂) After 7 rum & cokes
ပုံ (၃) After too many margaritas
ပုံ (၄) After 2 glasses of wine
ပုံ (၅) After 3 Kamikazes
ပုံ (၆) After 3 martinis
ပုံ (၇) After 1 large purple haze
ပုံ (၈) After 6 beers
ပုံ (၉) After 1 bottle of tequila
Posted by ဘိုဘို at 10:28 AM 0 comments
Labels: အကြိုက်ဆုံး ဓါတ်ပုံများ
ဒီစာလေးက ကျွန်တော်ကိုဓါတ်ပုံလေးတွေပို့ပေးတဲ့ သူငယ်ချင်းပဲပို့ပေးတာ.. ကျွန်တော်မေးလ်ထဲ ပို့ထားတာကြာပြီ.. အခုမှသတိရလို့တင်ပေးလိုက်တာ
ရေးသူ - အမည်မသိ
(ရေးသူက မနေ့က လုပ်ကြံခံရတဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုကိုတော့ အားနာပါရဲ့လို့ စကားပလ္လင် ခံထားလေရဲ့)
မနေ့က သတင်းစာ ဖတ်ဖြစ်လားလို့ တယောက်က စကားစတယ်။ ဘာလဲလို့ မေးတော့ ကျေးရွာတွေမှာ လျှပ်စစ်ထုတ်သုံးနိုင်ဖို့ လူတယောက်ရဲ့ တီထွင်မှုအကြောင်း ဆောင်းပါး ရေးထားတာတဲ့။ ဆောင်းပါးရေးသူက ရွှန်းရွှန်းဝေအောင် ချီးမွမ်းထားတာပဲတဲ့။ အဲဒီ တီထွင်သူ ဓာတ်ပုံလည်း ပါတယ်လို့ ပြောတယ်။ ၂၀၀၀ ခုနှစ် ကတည်းက စမ်းသပ်ခဲ့တာ အခု ၂၀၀၇ကုန်မှ အောင်မြင်တာတဲ့။ လျှပ်စစ် ဘယ်လိုထုတ်တာလဲလို့ မေးတော့ ဒိုင်နမိုမော်တာကို အလယ်မှာ ထောင်ထားပြီး ၀ါးလုံးတွေနဲ့ ပေ ၇၀လောက်ရှိတဲ့ လှည်းဘီးပုံကြီးလုပ်လို့ နွားတွေနဲ့ လှည့်ခိုင်းတာတဲ့။ နွား ၆ ကောင် ၆ နာရီ မနားတမ်းလှည့်ရင် မီးချောင်း အချောင်း ၂၀၀ လင်းတယ်တဲ့။ ၆နာရီလှည့်တာ ဘယ်နှစ်နာရီ လင်းသလဲလို့ ထပ်မေးတော့ ၆နာရီလင်းတာပေါ့လို့ ပြောပြတဲ့ လူက စိတ်မရှည်သလို ပြန်ဖြေတယ်။
ပြီးတော့ သူက ပြောသေးတယ်။ အဲဒီ လျှပ်စစ်ထုတ်တဲ့ ဒိုင်နမိုကို ကွန်ပြူတာနဲ့လည်း ချိတ်ဆက်ပြီး ထိန်းချုပ်ထားတာဆိုပဲ။ မီးအား အသုံး၊ အတက်အကျတွေကို ကွန်ပြူတာနဲ့ ထိန်းထားတာတဲ့။ အဲဒီ ကွန်ပြူတာကို ဘယ်မီးနဲ့ ဖွင့်သလဲဆိုတော့ ပြန်မဖြေဘူး။ ဘုကြည့် ပြန်ကြည့်တယ်။ ကျနော်လည်း ဆက်မမေးတော့ဘဲ စဉ်းစားကြည့်မိတယ်။ ၆နာရီ မီးလင်းဖို့ နွား ၆ကောင်က ၆နာရီလမ်းလျှောက်ရမယ်။ နွားလဲတယ်ဆိုရင်တော့ အနည်းဆုံး ၃ဆိုင်း လဲရမယ်။ ၆ ကောင်တွဲ ၃ဆိုင်းဆိုရင် ၁၈ကောင် လိုမယ်။ ပေ၇၀ လှည်းဘီးဆိုတော့ ပေရှစ်ဆယ် ပတ်လည်လောက် ကွင်းကျယ်ကျယ်တခု လိုမယ်။ မြေပြန့်လည်း ဖြစ်ရမယ်။ မီးကြိုးတွေ သွယ်ဖို့လည်း သိပ်မဝေးရဘူး။ အဲဒီ အလယ်ကောင်မှာ ဒိုင်နမိုကြီးချပြီး နွားတွေနဲ့ လှည့်တာ။ နွားတွေက တနေကုန် အိပ်နေတဲ့ ကောင်တွေ မဟုတ်ဘူး။ အလုပ်က လုပ်ထားရတာ။ လင်းမယ့် မီးက မီးချောင်း။ ပြီးတော့ မိုးရွာရင် အဲဒီ ပေ ၇၀ အကျယ်ကြီးကို အမိုး မိုးပေးရဦးမယ်။ လောင်စာကို ချွေတာတာတော့ ချွေတာတာပေါ့လေ။ ဒီ အရူးပရောဂျက်ကြီးကို စဉ်းစားတဲ့ လူက ၇နှစ် အကုန်ခံပြီး စဉ်းစားလုပ်တယ်။ ချီးမွမ်းတဲ့ လူက သတင်းစာကနေကို တိုင်းပြည် အခုချက်ချင်း တိုးတက်တော့မယ်လို့ ရေးပြီး ချီးမွမ်းတယ်။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်။ တီထွင်တဲ့ လူကြီး နောက်ဘ၀ နွားမဖြစ်ပါစေနဲ့ လို့တော့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်သေးရဲ့။ ။
မှတ်ချက် ။ ။ ကြက်ဆူပင်တွေတော့ လမ်းဘေး ၀ဲယာအနှံ့(တပြည်လုံး)မှာ စိုက်ပြီးပြီ။ ခုတော့ တပြည်လုံး နွားမွေးရမယ့် အခြေအနေ ရောက်လာပြီ။ အားလုံး မွေးပြီးတဲ့အခါ ကျနော်တို့တိုင်းပြည်ကြီးလည်း နွားတိုင်းပြည်ကြီးဖြစ်လို့ "နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ" ဆိုရတော့မယ်။ စကားမစပ် နေပြည်တော် ၀န်းကျင်ကို မြန်မာပြည်မှာ အကြီးကျယ်ဆုံး နွားမွေးမြူရေး ဧရိယာအဖြစ် သတ်မှတ်ဖေါ်ဆောင်နေတယ် သတင်းကြားရတယ်။ ဒီသတင်းမှန်ရင်/ တကယ် အကောင်အထည်ပေါ်ရင် နေပြည်တော်က အရင် နွားနေပြည်တော် ဖြစ်မှာ …။
Posted by ဘိုဘို at 10:21 PM 0 comments
Labels: စိတ်ထဲမှာရှိတာလေးတွေ
ကျွန်တော်စင်္ကာပူရောက်တော့ သီတဂူဆရာတော်ကြီးရဲ့ တရားပွဲကိုရောက်သွားသေးတယ်.. အဲဒီမှာ ဆရာတော်ကြီးပြောတဲ့စာစုလေးကိုကြိုက်လို့ ကျွန်တော်မှတ်မိသလောက် ကျွန်တော်ဘလော့ဂ်မှာ ပြန်ရေးလိုက်တာပါ.. ကျန်ခဲ့တာရှိရင်ခွင့်လွှတ်ပေးပါ.. ဆရာတော်ကပြောတယ်..
အမှားကိုအမှားမှန်းသိရမယ်
ကိုယ်မှားတာကို ကိုယ်ဝန်ခံရမယ်
နောက်မလုပ်တော့ပါဘူးလို့ ကတိပေးရမယ်။
Posted by ဘိုဘို at 9:37 PM 1 comments
Labels: စိတ်ထဲမှာရှိတာလေးတွေ
Posted by ဘိုဘို at 9:12 PM 0 comments
Labels: စိတ်ထဲမှာရှိတာလေးတွေ


ဒီနေ့ အိပ်ရာထနောက်ကျတယ်.. ရုံးကို (၉း၃၀)မှရောက်တယ်.. ရန်ကုန်ကနေ ကျွန်တော်နဲ့ အလုပ်အတူတူလာရှာတဲ့ သူငယ်ချင်းက Visa သက်တမ်းကုန်သွားလို့ ဒီနေ့ပဲ ရန်ကုန်ပြန်ရတော့မယ်.. စိတ်ထဲမှာ တမျိုးပဲ.. အတူတူလာပြီးတော့ အခုလို ပြန်သွားတော့ စိတ်ထဲမကောင်းဘူး.. ဆိုးတူကောင်းဘက်တွဲလာတဲ့ သူငယ်ချင်း.. စိတ်တူကိုယ်တူပေါင်းလာတဲ့သူငယ်ချင်း၊ အပြန်အလှန်နားလည်မှုရှိတဲ့သူငယ်ချင်းက တယောက်တည်း ပြန်သွားတော့ ကျွန်တော်အနားမှာ ဘယ်သူမှမရှိတော့ဘူး... အရေးကြုံရင်တိုင်ပင်စရာလူလည်း မရှိတော့ဘူး။ အခုတော့ ကျွန်တော်တယောက်တည်းဖြစ်သွားပြီ။
Posted by ဘိုဘို at 3:24 PM 2 comments
Labels: ကျွန်တော့်ရဲ့ သူငယ်ချင်းများ
ကျွန်တော်အခုတလော ပိုစ့်တွေမတင်ဖြစ်ဘူး.. ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ ဘလော့ဂ်ကို Update လုပ်နေတာကတကြောင်း ... နောက်ကျွန်တော်ရဲ့သူငယ်ချင်းတွေကို Part Time အလုပ်လိုက်ရှာပေးနေတာက တကြောင်းနဲ့ ပိုစ့်တွေဘက်ကို မလှည့်နိုင် ဘူးဖြစ်သွားတယ်.. နောက်အားရင်အားသလို အမြဲမပြတ်တင်ပေးသွားပါမယ်.. အခုလို ကျွန်တော်ဘလော့ဂ်ကို လာရောက်ပေး တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်....
Posted by ဘိုဘို at 3:25 PM 0 comments
Labels: နေ့စဉ်လှုပ်ရှားမှု
phoeniz ရဲ့ဘလော့ဂ်ကိုသွားကြည့်ရင်းဖတ်မိတော့ အရမ်းကြိုက်တာနဲ့ ကျွန်တော်ဆီမှာပြန်တင်လိုက်တာပါ.. ထပ်ဆင့်ဖြန့်ဝေခြင်းပေါ့ ...း)
လက်မထပ်မီကပေါ့ .........
ကောင်လေး^^^ အင်း...နောက်ဆုံးတော့ ဘယ်လိုမှကိုစောင့်နေဖို့ သည်းမခံနိုင်တော့ဘူး ။
ကောင်မလေး^^^ နင် ငါ့ကို ထွက်သွားစေချင်သလား ?
ကောင်လေး ^^^ ဟင့်အင်....အဲဒီအကြောင်းကို လုံးဝ မတွေးပါနဲ့ ။
ကောင်မလေး^^^ နင်ငါ့ကို ချစ်လားဟင် ?
ကောင်လေး^^^ အင်းပေါ့...အရမ်းအရမ်း ကိုလေ။
ကောင်မလေး^^^ နင်ငါ့ကို အနိုင်ယူ မှာလား ?
ကောင်လေး^^^ ဟင့်အင်း!!!ဘာလို့ အဲလိုမေးရတာလဲ။
ကောင်မလေး^^^ နင် ငါ့ကို နမ်းမှာလား ဟင် ?
ကောင်လေး^^^ အခွင့်အရေး ရတိုင်းပေါ့.....
ကောင်မလေး^^^ နင်ငါ့ကို ရိုက်မှာလား ?
ကောင်လေး^^^ ရူးနေလားကွယ်...ငါက အဲလို လူမျိုး မဟုတ်ပါဘူး ။
ကောင်မလေး^^^ နင့် ကိုငါ ယုံ လို့ ရမလားဟင် ?
ကောင်လေး^^^ အင်း........
ကောင်မလေး^^^ အချစ်ရယ်.....
လက်ထပ်ပြီးနောက်ပိုင်း .........
ကောင်မလေး^^^ အချစ်ရယ်.....
ကောင်လေး^^^ အင်း........
ကောင်မလေး^^^ နင့် ကိုငါ ယုံ လို့ ရမလားဟင် ?
ကောင်လေး^^^ ရူးနေလားကွယ်...ငါက အဲလို လူမျိုး မဟုတ်ပါဘူး ။
ကောင်မလေး^^^ နင်ငါ့ကို ရိုက်မှာလား ?
ကောင်လေး^^^ အခွင့်အရေး ရတိုင်းပေါ့.....
ကောင်မလေး^^^ နင် ငါ့ကို နမ်းမှာလား ဟင် ?
ကောင်လေး^^^ ဟင့်အင်း!!!ဘာလို့ အဲလိုမေးရတာလဲ။
ကောင်မလေး^^^ နင်ငါ့ကို အနိုင်ယူ မှာလား ?
ကောင်လေး^^^ အင်းပေါ့...အရမ်းအရမ်း ကိုလေ။
ကောင်မလေး^^^ နင်ငါ့ကို ချစ်လားဟင် ?
ကောင်လေး ^^^ ဟင့်အင်....အဲဒီအကြောင်းကို လုံးဝ မတွေးပါနဲ့ ။
ကောင်မလေး^^^ နင် ငါ့ကို ထွက်သွားစေချင်သလား ?
ကောင်လေး^^^ အင်း...နောက်ဆုံးတော့ ဘယ်လိုမှကိုစောင့်နေဖို့ သည်းမခံနိုင်တော့ဘူး ။
( အပေါ်က လက်မထပ်မီကပေါ့ဆိုတဲ့ စာသားကို အောက်ကနေ အပေါ်ကို ပြောင်းပြန်ရေးလိုက်တော့ လက်ထပ်ပြီးနောက်ပိုင်း ဖြစ်သွားတာပေါ့.. ဟားဟား ... )
This comdy is copy from phoeniz
Thanks Q
Posted by ဘိုဘို at 3:09 PM 1 comments
Labels: ဟာသလေးများ
For MTV and the Burma Arts Board, Shilo and Ogilvy & Mather/Amsterdam created the "Burma Viral," which will air on MTV's Times Square Jumbotron and elsewhere around the world.
The film depicts war planes lifting off all over the world and meeting over Burma. I watched with a pinch of irritation as their hatches open, expecting bombs and the requisite sight of human suffering, but -- unexpectedly -- the planes rain a canopy of flowers over the cityscape.
As the blossoms drift quietly to the ground, the following words appear: "To the peace loving people of Burma, we support you in this time of crisis. From your friends around the world." Appended to the message is an invitation to donate at MTVBurmaAction.com -- whose website, unfortunately, lacks the elegance of the video.
In any case, the "Burma Viral" does a nice job of emitting the fragility of the Burmese situation, and of peace in general, without imploring for pity. It's more moving -- and infinitely more dignified -- than using anxious celebrities to plug for cash.
If inclined, join the Facebook group.
Find more videos like this on AdGabber
Posted by ဘိုဘို at 9:20 AM 0 comments
Labels: ကြည့်ရှုစရာ


Title: AS Roma's forward Francesco Totti (L) an
AS Roma's forward Francesco Totti (L) and Christian Panucci wear a red arm band in support of Myanmar's monks and protests for democracy, before their Serie A football match against Inter Milan 29 September 2007 at Olympic stadium in Rome. AFP PHOTO / ANDREAS SOLARO (Photo credit should read ANDREAS SOLARO/AFP/Getty Images)
ဒီပုံလေးကိုကျွန်တော်ရှာနေတာကြာပြီ.. အရင်က အဲဒီပုံကျွန်တော်မှာရှိတယ်.. ဒါပေမယ့် အဲဒီပုံသိမ်းထားတဲ့ CD ကပျောက် သွားတယ်.. ကျွန်တော်ပြန်လိုက်ရှာနေတာကြာပြီ.. အခုမှတွေ့လို့ ကျွန်တော်သူငယ်ချင်းတွေ မြင်ရအောင်တင်ပေးလိုက်တာ.. အဲဒီပုံမှာ Totti နဲ့ ပါနူချီတို့ရဲ့ လက်မောင်းမှာ ပတ်ထားတဲ့ လက်ပတ်နီညို ရောင်လေးကိုတွေ့ရတယ်မဟုတ်လား.. အဲဒါဘာကြောင့် ပတ်ထားတာလည်းသိလား.. လွန်ခဲ့တဲ့ စက်တင်ဘာအရေးအခင်းတုန်းက ကိစ္စနဲ့ပတ်သက်ပြီးတော့ ပုပ်ရ ဟန်းမင်းကြီးက မြန်မာနိုင်ငံက ဘုန်းကြီးတွေကိုအတွက် ရည်စုးပြီးအဲဒီနေ့မှာကစားတဲ့ အီတလီစီးရီးအေ ဘောလုံးပွဲ တွေမှာ မြန်မာ ဘုန်ကြီး တွေရဲ့ သင်္ကန်းရောင်ဖြစ်တဲ့ နီညိုရောင်ကို လက်မှာပတ်ပြီး ကစားစေခိုင်းတာဖြစ်ပါတယ်. အရင်က ဆိုရင် ဘယ်နိုင်ငံက ဘော လုံးပွဲတွေမှာမဆို (အင်္ဂလန်၊ အီတလီ၊ စပိန်) ၀မ်းနည်းခြင်းအထိန်အမှတ်အဖြစ် လက်ပတ်အနက်ကိုသာ ၀တ်ပြီး ကစား ကြတာပါ။ ဒါပေမယ့် အနက်ရောင်အစား သင်္ကန်းရောင်ဖြစ်တဲ့ နီညိုရောင်ကို ပြောင်းလဲဝတ်ဆင်စေခဲ့တာဖြစ် ပါတယ်..
ကျွန်တော်ပြောတာမယုံရင်ဒီဝက်ဆိုက်ဒ်မှာ ၀င်ကြည့်လို့ရပါတယ်. စာမျက်နှာ (၆)မျက်နှာ ရှိတယ်.. စာမျက်နှာ (၅)ကို သွားကြည့်လိုက်ရင် အဲဒီပုံလေး (၂)ပုံနဲ့ ပုံရဲ့ခေါင်းစဉ်ကို တွေ့ရပါလိမ့်မယ်... See This Orginal Photo And Photo Title
Posted by ဘိုဘို at 11:46 AM 1 comments
Labels: အကြိုက်ဆုံး ဓါတ်ပုံများ







































