<<< ဘယ်သူလဲဆိုတော.. >>> လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
09 June 2008

<<< ငါပဲပေါ့.. >>>

ငါပဲပေါ့
နယူတန်ရဲ့ သီအိုရီနဲ့
ကောင်မလေးရေ...
အဲဒီ သီအိုရီထဲမှာ
မင်းသာ ကမ္ဘာမြေကြီး
ဖြစ်နေမယ်ဆိုရင်...
မင်းရဲ့ဆွဲငင်အားကြောင့်
ပြုတ်ကျလာတဲ့
ပန်းသီးလေးဟာ
ငါပဲပေါ့...

6 comments:

Unknown said...

မှန်း... အဲဒီပန်းသီက အပုပ်ကြီးလား။
ကောင်းရင် မြေကြီးပေါ်က ကောက်စားမလို့ D;

ကိုသက်နောင်(phoeniz) said...

သူများစားသွားရင် မြေကြီးက ဘာမှမတတ်နိုင်ဘူးနော် ။
အပေါ်မှာတောင် စားချင်တဲ့သူတစ်ယောက်ရောက်နေပြီ

mgthonnya said...

ဟဟ..၀ိုင်းဆွဲမဲ့သူတွေချည်းပဲဗျ။ကဲအဲဒီတော့ဘယ်သူ့
လက်ထဲမှမရောက်ရလေအောင်အညှာကိုသာကိုင်ထား
ပေတော့ကိုဘိုဘိုရေ။မြန်မြန်ကိုင်နော်.အစ်ကိုမကိုင်ရင်
ကျနော်လက်ကသွက်တယ်ဗျ :P

RePublic said...

ဘိုဘိုရေ..သူကမဆွဲ ငင်လည်း ပြုတ်ကျမဲ့ ဟာကို..အဟီး..တည်းတည်းလေးဗျ :P

Anonymous said...

အားလုံးက စားမယ်ဆိုတဲ့လူတွေကြီးပါပဲလား

biggest said...

ကောင်မလေးက ကမာညမြေကြီး
မင်းကပြုတ်ကြလာတဲ့ ပန်းသီး
ငါက ကမ္ဘာကြီးပေါ်က ပြုတ်ကျလာတဲ့ ပန်းသီးကို အခွံနွှာမဲ့ကောင်
နောက်တာနော်
ဘွာတေး