<<< ဘယ်သူလဲဆိုတော.. >>> လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
04 June 2008

<<< Local Call ပါတဲ့ ခင်ဗျား.. >>>
တစ်ခါက အမေရိကန်သမ္မတ ဘုရ်ရယ်၊ ဗြိတိန်က ၀န်ကြီးချုပ် တိုနီဘလဲရယ်၊ မြန်မာပြည်က သန်းရွှေရယ်...(၃)ယောက်ဟာ သေပြီးနောက်ပိုင်း ငရဲပြည်ကိုရောက်လာကြတယ်။ ယမမင်းကြီးဆီမှာ ဆုံးဖြတ်ချက်ကိုစောင့်နေရင်း သူတို့ရဲ့ မိန်းမတွေဆီကို သတိရလို့ ဖုံးခေါ်ချင်လာတယ်တဲ့။ အဲဒါနဲ့ ဘုရ်ကစပြီးဖုံးခေါ်တာ မဒမ်ဘုရ်နဲ့ (၅)မိနစ်လောက် အလွမ်းသယ်လိုက်တယ်။(၅) မိနစ်ပြောပြီး ဖုံးချလိုက်တော့ ယမမင်းကြီးက ဖုံးပြောခ ဒေါ်လာ (၁၀၀၀)တောင်းလိုက်တယ်။ ဘုရ်က ဘာလို့ဖုံးခဈေကြီးတာ လဲလို့မေးတော့ လူပြည်ကိုခေါ်တာ Oversea Call မို့လို့ပါလိုပြောလိုက်တယ်။ နောက် တိုနီကဖုံးထက် ခေါ်တယ်..။ သူကတော့ (၁၀)မိနစ်ကြာတယ်တဲ့။ ယမမင်းကြီးက သူ့ဆီက ဒေါ်လာ (၁၀၀၀)ပဲတောင်းလိုက်တယ်။ ဘုရ်က သူ့တုံးက (၅)မိနစ်ကို ဒေါ် လာ (၁၀၀၀)၊ တိုနီကြတော့ (၁၀)မိနစ်ကို ဒေါ်လာ ( ၁၀၀၀)ဆိုတော့ မကျေနပ်ဘူးပေါ့။ ယမမင်းကြီးကို မေးတော့ ဗြိတိန်က အမေရိကန်ထက်ပိုနီးလို့ပါ လို့ပြန်ပြောတယ်။ နောက်ဆုံး သန်းရွှေအလှည့်ကြတော့ မဒမ်သန်းရွှေနဲ့ ဖုံးပြောလိုက်တာ (၅)မိနစ် လည်းမက..(၁၀)မိနစ်လည်းမက...(၁)နာရီကြာသွားတယ်တဲ့။ ယမမင်းကြီးက သန်းရွှေဆီက (၅)ဒေါ်လာပဲ ယူလိုက်တယ်တဲ့။ အဲဒီမှာဘုရ်ကော၊တိုနီကောက စိတ်တွေဆိုးပြီး ယမမင်းကြီးကို အပြစ်ဆိုတာပေါ့။ အဲဒီမှာ ယမမင်းကြီးက ဘာပြန်ပြောလည်း ဆိုတော့........သူ့မိန်းမဆီခေါ်တာ Oversea Call မဟုတ်ဘူး.. Local Call ပါတဲ့ခင်ဗျား....။

2 comments:

Welcome said...

တယ်လဲတတ်နိုင်သဗျာ.
ဒါမျိုးတွေ လုပ်ပါအုံး ရှိသေးရင်...
အကြောအချင်ပြေသွားသလိုပဲ.....

Anonymous said...

ငရဲမင်းနဲ့ ဆက်သွယ်ထားမှ ။