<<< ဘယ်သူလဲဆိုတော.. >>> လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
06 June 2008

<<< Football of Clubs Mobile Phone Themes.. >>>
ဘောလုံးဝါသနာအိုးတွေအတွက် Mobile Phone Themes လေးတွေပါ... ဒီမှာ Download ချနိုင်ပါတယ်.. size ကတော့ (176x220)နော်..
ဒီပိုစ့်လေးက အနော့်အစ်ကို fido ဆီကနေယူထားတာပါ..

[+/-] ဆက်ဖတ်မယ်လေ...

04 June 2008

<<< သက်မဲ့ပစ္စည်းတွေလောက်တော့ ပျင်းတာပေါ့.. >>>

တခါက အာဆီယံညီလာခံအပြီးမှာ စင်္ကာပူဝန်ကြီးချူပ်ရယ်.. မလေးဝန်ကြီးချုပ်ရယ်.. ကျွန်တော်တို့မြန်မာဝန်ကြီးချုပ်ရယ် စင်္ကာပူမြစ်ပေါ်မှာ အပန်းဖြေရင်း..
စင်္ကာပူဝန်ကြီးချုပ်က မလေးဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကို ချောကလက်တွေကျွေး တယ်. ပြီးတော့ သူကမေးတယ်၊ ဘယ်လိုလဲ.. စားလို့ကောင်းလားတော့မေးတော့ မလေးဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကအရမ်းအရသာရှိတာပဲ.. စားလို့ ကောင်းတယ်လို့ပြန်ဖြေတယ်.. အဲဒီအချိန်မှာ စင်္ကာပူဝန်ကြီးချူပ်က ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီချောကလက်တွေကို မြစ်ထဲပစ်ချလိုက်တယ်.. အဲတော့ မလေးဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကပြောတာပေါ့.. နှမျောစရာကြီး..ဒီလောက်ကောင်း တာကို ဘာလို့လွှတ်ပစ်လိုက်တာလဲမေးတော့ စင်္ကာပူဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို ချောကလက်တွေမှ အများ ကြီးပဲလို့ပြန်ဖြေတယ်..

ဒါနဲ့မလေးဝန်ကြီးကလည်း အားကျမခံ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကို သူတို့နိုင်ငံက ဒိန်ခဲတွေကျွေးပြန်ကော.. ပြီးတော့ သူကမေးတယ်.. ဘယ်လိုလဲ. စားလို့ကောင်းလားတော့မေးတော့ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်က အရမ်း အရသာရှိတာပဲ.. စားလို့ကောင်းတယ်လို့ပြန်ဖြေတယ်.. အဲဒီအချိန်မှာ မလေးဝန်ကြီးချူပ်က ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီ ဒိန်ခဲတွေကို မြစ်ထဲပစ်ချလိုက်ပြန်ကော.. အဲတော့ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကပြောတာပေါ့.. နှမျောစရာကြီး.. ဒီလောက်ကောင်းတာကို ဘာလို့လွှတ်ပစ်လိုက်တာလဲမေးတော့ မလေးဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို ဒိန်ခဲတွေ မှ အများကြီးပဲလို့ပြန်ဖြေတယ်..

နောက်ဆုံး ကျွန်တော်တို့ မြန်မာဝန်ကြီးချုပ်ကလည်းအားကျမခံ လှမ်းပြောလိုက်တယ်။ "ဟေ့ စစ်ဗိုလ်တယောက်လောက် လာခဲ့စမ်း" တဲ့.. စစ်ဗိုလ်လဲရောက်လာရော ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီစစ်ဗိုလ်ရဲ့ဂုတ်ကကိုင်ပြီး ရေထဲပစ်ချလိုက်တယ်။ အဲတော့ မလေးဝန်ကြီးချုပ်နဲ့ စင်္ကာပူဝန်ကြီးချုပ်ကပြောတာပေါ့.. ဟာ ..ဘာလို့အဲလိုလုပ်တာလဲပေါ့.. လူ့အသက်တချောင်း နှမြှောစရာကြီးပေါ့လို့ပြောတော့ ကျွန်တော်တို့ မြန်မာဝန်ကြီးချုပ်က ပြန်ပြောတာပေါ့.. ဟာ..ခင်ဗျားတို့က ဘာသိလို့လဲ.. ခင်ဗျားတို့နိုင်ငံတွေမှာ ချောကလက်တွေ၊ ဒိန်ခဲတွေပေါသလို.. ကျွန်တော်တို့နိုင်ငံမှာလည်း စစ်ဗိုလ်တွေပေါပါတယ်လို့ ပြန်ဖြေလိုက်တယ်..

P.S .... ဒီဟာသလေးက London သင်္ကြန်အငြိမ့်ကြည့်တုန်းက မှတ်ထားတဲ့ဟာလေးပါ.. သတိရလို့ ရေးလိုက်တာပါ..

[+/-] ဆက်ဖတ်မယ်လေ...

<<< Local Call ပါတဲ့ ခင်ဗျား.. >>>
တစ်ခါက အမေရိကန်သမ္မတ ဘုရ်ရယ်၊ ဗြိတိန်က ၀န်ကြီးချုပ် တိုနီဘလဲရယ်၊ မြန်မာပြည်က သန်းရွှေရယ်...(၃)ယောက်ဟာ သေပြီးနောက်ပိုင်း ငရဲပြည်ကိုရောက်လာကြတယ်။ ယမမင်းကြီးဆီမှာ ဆုံးဖြတ်ချက်ကိုစောင့်နေရင်း သူတို့ရဲ့ မိန်းမတွေဆီကို သတိရလို့ ဖုံးခေါ်ချင်လာတယ်တဲ့။ အဲဒါနဲ့ ဘုရ်ကစပြီးဖုံးခေါ်တာ မဒမ်ဘုရ်နဲ့ (၅)မိနစ်လောက် အလွမ်းသယ်လိုက်တယ်။(၅) မိနစ်ပြောပြီး ဖုံးချလိုက်တော့ ယမမင်းကြီးက ဖုံးပြောခ ဒေါ်လာ (၁၀၀၀)တောင်းလိုက်တယ်။ ဘုရ်က ဘာလို့ဖုံးခဈေကြီးတာ လဲလို့မေးတော့ လူပြည်ကိုခေါ်တာ Oversea Call မို့လို့ပါလိုပြောလိုက်တယ်။ နောက် တိုနီကဖုံးထက် ခေါ်တယ်..။ သူကတော့ (၁၀)မိနစ်ကြာတယ်တဲ့။ ယမမင်းကြီးက သူ့ဆီက ဒေါ်လာ (၁၀၀၀)ပဲတောင်းလိုက်တယ်။ ဘုရ်က သူ့တုံးက (၅)မိနစ်ကို ဒေါ် လာ (၁၀၀၀)၊ တိုနီကြတော့ (၁၀)မိနစ်ကို ဒေါ်လာ ( ၁၀၀၀)ဆိုတော့ မကျေနပ်ဘူးပေါ့။ ယမမင်းကြီးကို မေးတော့ ဗြိတိန်က အမေရိကန်ထက်ပိုနီးလို့ပါ လို့ပြန်ပြောတယ်။ နောက်ဆုံး သန်းရွှေအလှည့်ကြတော့ မဒမ်သန်းရွှေနဲ့ ဖုံးပြောလိုက်တာ (၅)မိနစ် လည်းမက..(၁၀)မိနစ်လည်းမက...(၁)နာရီကြာသွားတယ်တဲ့။ ယမမင်းကြီးက သန်းရွှေဆီက (၅)ဒေါ်လာပဲ ယူလိုက်တယ်တဲ့။ အဲဒီမှာဘုရ်ကော၊တိုနီကောက စိတ်တွေဆိုးပြီး ယမမင်းကြီးကို အပြစ်ဆိုတာပေါ့။ အဲဒီမှာ ယမမင်းကြီးက ဘာပြန်ပြောလည်း ဆိုတော့........သူ့မိန်းမဆီခေါ်တာ Oversea Call မဟုတ်ဘူး.. Local Call ပါတဲ့ခင်ဗျား....။

[+/-] ဆက်ဖတ်မယ်လေ...

<<< အတွေးတွေထဲမှာ.. >>>
ဒီပုံလေးတွေကလည်း ကျွန်တော်အီးမေးလ်ထဲကို ကျွန်တော်ကို ပေါက်ကရပုံလေးတွေ အမြဲပို့ပေးနေတဲ့ သူငယ်ချင်းကပဲပို့ ပေး လိုက်တဲ့ ပုံလေးတွေပါ.. သူငယ်ချင်းတွေအတွက် တဆင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်....

..

[+/-] ဆက်ဖတ်မယ်လေ...

<<< ပေါက်တတ်ကရအတွေးများ.. >>>
အတော်ကိုလည်း ပေါက်တတ်ကရတွေ တွေးတတ်တယ်..




[+/-] ဆက်ဖတ်မယ်လေ...

<<< လန်ထွက်နေသော Graphic Design.. >>>
အပေါ်ဆုံပုံက မူရင်းပုံပါ.. အဲဒီပုံကို နောက်ဒီဇိုင်းအမျိုးမျိုးလုပ်သွားတာ... မိုက်တယ်နော် ...

..

[+/-] ဆက်ဖတ်မယ်လေ...

<<< ကမ္ဘာအသေးဆုံးအမျိုးသမီးလေး.. >>>

ဒီကောင်မလေးကိုဘယ်သူရည်းစားလုပ်ချင်လဲ...း)

[+/-] ဆက်ဖတ်မယ်လေ...

The ABCs of Marriage

<<< The ABCs of Marriage.. >>>

The ABCs of Marriage

Absolutely adore each other...
Be best of friend...
Compromise...
Discover new things
Encourage each other...
Forgive and forget...
Gaze into each other's eyes...
Hold hands and hug a lot...
Inspire & intrigue each other...
Joke & laugh & have fun...
Kiss, kiss, kiss...
Love with all your heart...
Marvel at each other's talent...
Nature each other's soul...
Overcome problems together...
Play games...
Quiet each other's fears...
Remember the little things...
Say ' I love you ' everyday...
Take time for tenderness...
Understand and care deeply...
Value everything you share...
Wish on stars together...
X-press your true feelings...
Yearn for each other's touch...
Zzzzz in each other's arms...

[+/-] ဆက်ဖတ်မယ်လေ...

<<< အရက်သောက်ပြီးနောက်ပိုင်း.. >>>
ဒီပုံလေးတွေကလည်း ကျွန်တော်အီးမေးလ်ထဲကို ကျွန်တော်ကို ပေါက်ကရပုံလေးတွေ အမြဲပို့ပေးနေတဲ့ သူငယ်ချင်းကပဲပို့ ပေး လိုက်တဲ့ ပုံလေးတွေပါ.. သူငယ်ချင်းတွေအတွက် တဆင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်....
ပုံ (၁) After 2 bottles of wine - Shared of course
ပုံ (၂) After 7 rum & cokes
ပုံ (၃) After too many margaritas
ပုံ (၄) After 2 glasses of wine
ပုံ (၅) After 3 Kamikazes
ပုံ (၆) After 3 martinis
ပုံ (၇) After 1 large purple haze
ပုံ (၈) After 6 beers
ပုံ (၉) After 1 bottle of tequila



[+/-] ဆက်ဖတ်မယ်လေ...

03 June 2008

<<< ဒီတရက်အတွက် အရယ်ရဆုံး သတင်းတပုဒ်.. >>>
ဒီစာလေးက ကျွန်တော်ကိုဓါတ်ပုံလေးတွေပို့ပေးတဲ့ သူငယ်ချင်းပဲပို့ပေးတာ.. ကျွန်တော်မေးလ်ထဲ ပို့ထားတာကြာပြီ.. အခုမှသတိရလို့တင်ပေးလိုက်တာ
ရေးသူ - အမည်မသိ

(ရေးသူက မနေ့က လုပ်ကြံခံရတဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုကိုတော့ အားနာပါရဲ့လို့ စကားပလ္လင် ခံထားလေရဲ့)

မနေ့က သတင်းစာ ဖတ်ဖြစ်လားလို့ တယောက်က စကားစတယ်။ ဘာလဲလို့ မေးတော့ ကျေးရွာတွေမှာ လျှပ်စစ်ထုတ်သုံးနိုင်ဖို့ လူတယောက်ရဲ့ တီထွင်မှုအကြောင်း ဆောင်းပါး ရေးထားတာတဲ့။ ဆောင်းပါးရေးသူက ရွှန်းရွှန်းဝေအောင် ချီးမွမ်းထားတာပဲတဲ့။ အဲဒီ တီထွင်သူ ဓာတ်ပုံလည်း ပါတယ်လို့ ပြောတယ်။ ၂၀၀၀ ခုနှစ် ကတည်းက စမ်းသပ်ခဲ့တာ အခု ၂၀၀၇ကုန်မှ အောင်မြင်တာတဲ့။ လျှပ်စစ် ဘယ်လိုထုတ်တာလဲလို့ မေးတော့ ဒိုင်နမိုမော်တာကို အလယ်မှာ ထောင်ထားပြီး ၀ါးလုံးတွေနဲ့ ပေ ၇၀လောက်ရှိတဲ့ လှည်းဘီးပုံကြီးလုပ်လို့ နွားတွေနဲ့ လှည့်ခိုင်းတာတဲ့။ နွား ၆ ကောင် ၆ နာရီ မနားတမ်းလှည့်ရင် မီးချောင်း အချောင်း ၂၀၀ လင်းတယ်တဲ့။ ၆နာရီလှည့်တာ ဘယ်နှစ်နာရီ လင်းသလဲလို့ ထပ်မေးတော့ ၆နာရီလင်းတာပေါ့လို့ ပြောပြတဲ့ လူက စိတ်မရှည်သလို ပြန်ဖြေတယ်။

ပြီးတော့ သူက ပြောသေးတယ်။ အဲဒီ လျှပ်စစ်ထုတ်တဲ့ ဒိုင်နမိုကို ကွန်ပြူတာနဲ့လည်း ချိတ်ဆက်ပြီး ထိန်းချုပ်ထားတာဆိုပဲ။ မီးအား အသုံး၊ အတက်အကျတွေကို ကွန်ပြူတာနဲ့ ထိန်းထားတာတဲ့။ အဲဒီ ကွန်ပြူတာကို ဘယ်မီးနဲ့ ဖွင့်သလဲဆိုတော့ ပြန်မဖြေဘူး။ ဘုကြည့် ပြန်ကြည့်တယ်။ ကျနော်လည်း ဆက်မမေးတော့ဘဲ စဉ်းစားကြည့်မိတယ်။ ၆နာရီ မီးလင်းဖို့ နွား ၆ကောင်က ၆နာရီလမ်းလျှောက်ရမယ်။ နွားလဲတယ်ဆိုရင်တော့ အနည်းဆုံး ၃ဆိုင်း လဲရမယ်။ ၆ ကောင်တွဲ ၃ဆိုင်းဆိုရင် ၁၈ကောင် လိုမယ်။ ပေ၇၀ လှည်းဘီးဆိုတော့ ပေရှစ်ဆယ် ပတ်လည်လောက် ကွင်းကျယ်ကျယ်တခု လိုမယ်။ မြေပြန့်လည်း ဖြစ်ရမယ်။ မီးကြိုးတွေ သွယ်ဖို့လည်း သိပ်မဝေးရဘူး။ အဲဒီ အလယ်ကောင်မှာ ဒိုင်နမိုကြီးချပြီး နွားတွေနဲ့ လှည့်တာ။ နွားတွေက တနေကုန် အိပ်နေတဲ့ ကောင်တွေ မဟုတ်ဘူး။ အလုပ်က လုပ်ထားရတာ။ လင်းမယ့် မီးက မီးချောင်း။ ပြီးတော့ မိုးရွာရင် အဲဒီ ပေ ၇၀ အကျယ်ကြီးကို အမိုး မိုးပေးရဦးမယ်။ လောင်စာကို ချွေတာတာတော့ ချွေတာတာပေါ့လေ။ ဒီ အရူးပရောဂျက်ကြီးကို စဉ်းစားတဲ့ လူက ၇နှစ် အကုန်ခံပြီး စဉ်းစားလုပ်တယ်။ ချီးမွမ်းတဲ့ လူက သတင်းစာကနေကို တိုင်းပြည် အခုချက်ချင်း တိုးတက်တော့မယ်လို့ ရေးပြီး ချီးမွမ်းတယ်။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်။ တီထွင်တဲ့ လူကြီး နောက်ဘ၀ နွားမဖြစ်ပါစေနဲ့ လို့တော့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်သေးရဲ့။ ။

မှတ်ချက် ။ ။ ကြက်ဆူပင်တွေတော့ လမ်းဘေး ၀ဲယာအနှံ့(တပြည်လုံး)မှာ စိုက်ပြီးပြီ။ ခုတော့ တပြည်လုံး နွားမွေးရမယ့် အခြေအနေ ရောက်လာပြီ။ အားလုံး မွေးပြီးတဲ့အခါ ကျနော်တို့တိုင်းပြည်ကြီးလည်း နွားတိုင်းပြည်ကြီးဖြစ်လို့ "နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ" ဆိုရတော့မယ်။ စကားမစပ် နေပြည်တော် ၀န်းကျင်ကို မြန်မာပြည်မှာ အကြီးကျယ်ဆုံး နွားမွေးမြူရေး ဧရိယာအဖြစ် သတ်မှတ်ဖေါ်ဆောင်နေတယ် သတင်းကြားရတယ်။ ဒီသတင်းမှန်ရင်/ တကယ် အကောင်အထည်ပေါ်ရင် နေပြည်တော်က အရင် နွားနေပြည်တော် ဖြစ်မှာ …။

[+/-] ဆက်ဖတ်မယ်လေ...

<<< လူမိုက်မှ လူကောင်းသို့.. >>>
ကျွန်တော်စင်္ကာပူရောက်တော့ သီတဂူဆရာတော်ကြီးရဲ့ တရားပွဲကိုရောက်သွားသေးတယ်.. အဲဒီမှာ ဆရာတော်ကြီးပြောတဲ့စာစုလေးကိုကြိုက်လို့ ကျွန်တော်မှတ်မိသလောက် ကျွန်တော်ဘလော့ဂ်မှာ ပြန်ရေးလိုက်တာပါ.. ကျန်ခဲ့တာရှိရင်ခွင့်လွှတ်ပေးပါ.. ဆရာတော်ကပြောတယ်..

လူမိုက်ကနေ လူကောင်းဖြစ်ချင်ရင်
အမှားကိုအမှားမှန်းသိရမယ်
ကိုယ်မှားတာကို ကိုယ်ဝန်ခံရမယ်
နောက်မလုပ်တော့ပါဘူးလို့ ကတိပေးရမယ်။

အဲဒီချိန်မှာ ကျွန်တော်စိတ်ထဲကနေ ဘုန်းဘုန်းကိုလျှောက်လိုက်မိတယ်.. တပည့်တော်တော့ မထင်ပါဘုရားလို့။

[+/-] ဆက်ဖတ်မယ်လေ...

<<< ကူကြစို့.. >>>



ကျွန်တော်အစ်ကို မုတ်သုန် ရဲ့ Wordpress ကနေ ကူထားတဲ့ ကဗျာလေးပါ..

[+/-] ဆက်ဖတ်မယ်လေ...

<<< ငါ့အနားမှာ ဘယ်သူမှမရှိတော့ဘူး.. >>>


ဒီနေ့ အိပ်ရာထနောက်ကျတယ်.. ရုံးကို (၉း၃၀)မှရောက်တယ်.. ရန်ကုန်ကနေ ကျွန်တော်နဲ့ အလုပ်အတူတူလာရှာတဲ့ သူငယ်ချင်းက Visa သက်တမ်းကုန်သွားလို့ ဒီနေ့ပဲ ရန်ကုန်ပြန်ရတော့မယ်.. စိတ်ထဲမှာ တမျိုးပဲ.. အတူတူလာပြီးတော့ အခုလို ပြန်သွားတော့ စိတ်ထဲမကောင်းဘူး.. ဆိုးတူကောင်းဘက်တွဲလာတဲ့ သူငယ်ချင်း.. စိတ်တူကိုယ်တူပေါင်းလာတဲ့သူငယ်ချင်း၊ အပြန်အလှန်နားလည်မှုရှိတဲ့သူငယ်ချင်းက တယောက်တည်း ပြန်သွားတော့ ကျွန်တော်အနားမှာ ဘယ်သူမှမရှိတော့ဘူး... အရေးကြုံရင်တိုင်ပင်စရာလူလည်း မရှိတော့ဘူး။ အခုတော့ ကျွန်တော်တယောက်တည်းဖြစ်သွားပြီ။

[+/-] ဆက်ဖတ်မယ်လေ...

02 June 2008

<<< သူငယ်ချင်းများသို့.. >>>
ကျွန်တော်အခုတလော ပိုစ့်တွေမတင်ဖြစ်ဘူး.. ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ ဘလော့ဂ်ကို Update လုပ်နေတာကတကြောင်း ... နောက်ကျွန်တော်ရဲ့သူငယ်ချင်းတွေကို Part Time အလုပ်လိုက်ရှာပေးနေတာက တကြောင်းနဲ့ ပိုစ့်တွေဘက်ကို မလှည့်နိုင် ဘူးဖြစ်သွားတယ်.. နောက်အားရင်အားသလို အမြဲမပြတ်တင်ပေးသွားပါမယ်.. အခုလို ကျွန်တော်ဘလော့ဂ်ကို လာရောက်ပေး တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်....

[+/-] ဆက်ဖတ်မယ်လေ...

<<< လက်မထပ်မီ နှင့် လက်ထပ်ပြီးနောက်ပိုင်း.. >>>
phoeniz ရဲ့ဘလော့ဂ်ကိုသွားကြည့်ရင်းဖတ်မိတော့ အရမ်းကြိုက်တာနဲ့ ကျွန်တော်ဆီမှာပြန်တင်လိုက်တာပါ.. ထပ်ဆင့်ဖြန့်ဝေခြင်းပေါ့ ...း)

လက်မထပ်မီကပေါ့ .........

ကောင်လေး^^^ အင်း...နောက်ဆုံးတော့ ဘယ်လိုမှကိုစောင့်နေဖို့ သည်းမခံနိုင်တော့ဘူး ။
ကောင်မလေး^^^ နင် ငါ့ကို ထွက်သွားစေချင်သလား ?
ကောင်လေး ^^^ ဟင့်အင်....အဲဒီအကြောင်းကို လုံးဝ မတွေးပါနဲ့ ။
ကောင်မလေး^^^ နင်ငါ့ကို ချစ်လားဟင် ?
ကောင်လေး^^^ အင်းပေါ့...အရမ်းအရမ်း ကိုလေ။
ကောင်မလေး^^^ နင်ငါ့ကို အနိုင်ယူ မှာလား ?
ကောင်လေး^^^ ဟင့်အင်း!!!ဘာလို့ အဲလိုမေးရတာလဲ။
ကောင်မလေး^^^ နင် ငါ့ကို နမ်းမှာလား ဟင် ?
ကောင်လေး^^^ အခွင့်အရေး ရတိုင်းပေါ့.....
ကောင်မလေး^^^ နင်ငါ့ကို ရိုက်မှာလား ?
ကောင်လေး^^^ ရူးနေလားကွယ်...ငါက အဲလို လူမျိုး မဟုတ်ပါဘူး ။
ကောင်မလေး^^^ နင့် ကိုငါ ယုံ လို့ ရမလားဟင် ?
ကောင်လေး^^^ အင်း........
ကောင်မလေး^^^ အချစ်ရယ်.....

လက်ထပ်ပြီးနောက်ပိုင်း .........
ကောင်မလေး^^^ အချစ်ရယ်.....
ကောင်လေး^^^ အင်း........
ကောင်မလေး^^^ နင့် ကိုငါ ယုံ လို့ ရမလားဟင် ?
ကောင်လေး^^^ ရူးနေလားကွယ်...ငါက အဲလို လူမျိုး မဟုတ်ပါဘူး ။
ကောင်မလေး^^^ နင်ငါ့ကို ရိုက်မှာလား ?
ကောင်လေး^^^ အခွင့်အရေး ရတိုင်းပေါ့.....
ကောင်မလေး^^^ နင် ငါ့ကို နမ်းမှာလား ဟင် ?
ကောင်လေး^^^ ဟင့်အင်း!!!ဘာလို့ အဲလိုမေးရတာလဲ။
ကောင်မလေး^^^ နင်ငါ့ကို အနိုင်ယူ မှာလား ?
ကောင်လေး^^^ အင်းပေါ့...အရမ်းအရမ်း ကိုလေ။
ကောင်မလေး^^^ နင်ငါ့ကို ချစ်လားဟင် ?
ကောင်လေး ^^^ ဟင့်အင်....အဲဒီအကြောင်းကို လုံးဝ မတွေးပါနဲ့ ။
ကောင်မလေး^^^ နင် ငါ့ကို ထွက်သွားစေချင်သလား ?
ကောင်လေး^^^ အင်း...နောက်ဆုံးတော့ ဘယ်လိုမှကိုစောင့်နေဖို့ သည်းမခံနိုင်တော့ဘူး ။
(
အပေါ်က လက်မထပ်မီကပေါ့ဆိုတဲ့ စာသားကို အောက်ကနေ အပေါ်ကို ပြောင်းပြန်ရေးလိုက်တော့ လက်ထပ်ပြီးနောက်ပိုင်း ဖြစ်သွားတာပေါ့.. ဟားဟား ... )

This comdy is copy from phoeniz
Thanks Q

[+/-] ဆက်ဖတ်မယ်လေ...

<<< "Burma Viral".. >>>
For MTV and the Burma Arts Board, Shilo and Ogilvy & Mather/Amsterdam created the "Burma Viral," which will air on MTV's Times Square Jumbotron and elsewhere around the world.

The film depicts war planes lifting off all over the world and meeting over Burma. I watched with a pinch of irritation as their hatches open, expecting bombs and the requisite sight of human suffering, but -- unexpectedly -- the planes rain a canopy of flowers over the cityscape.

As the blossoms drift quietly to the ground, the following words appear: "To the peace loving people of Burma, we support you in this time of crisis. From your friends around the world." Appended to the message is an invitation to donate at MTVBurmaAction.com -- whose website, unfortunately, lacks the elegance of the video.

In any case, the "Burma Viral" does a nice job of emitting the fragility of the Burmese situation, and of peace in general, without imploring for pity. It's more moving -- and infinitely more dignified -- than using anxious celebrities to plug for cash.

If inclined, join the Facebook group.


Find more videos like this on AdGabber

[+/-] ဆက်ဖတ်မယ်လေ...

29 May 2008

<<< ကျွန်တော် အကြိုက်ဆုံးပုံလေးတပုံ.. >>>


Title: AS Roma's forward Francesco Totti (L) an
AS Roma's forward Francesco Totti (L) and Christian Panucci wear a red arm band in support of Myanmar's monks and protests for democracy, before their Serie A football match against Inter Milan 29 September 2007 at Olympic stadium in Rome. AFP PHOTO / ANDREAS SOLARO (Photo credit should read ANDREAS SOLARO/AFP/Getty Images)


ဒီပုံလေးကိုကျွန်တော်ရှာနေတာကြာပြီ.. အရင်က အဲဒီပုံကျွန်တော်မှာရှိတယ်.. ဒါပေမယ့် အဲဒီပုံသိမ်းထားတဲ့ CD ကပျောက် သွားတယ်.. ကျွန်တော်ပြန်လိုက်ရှာနေတာကြာပြီ.. အခုမှတွေ့လို့ ကျွန်တော်သူငယ်ချင်းတွေ မြင်ရအောင်တင်ပေးလိုက်တာ.. အဲဒီပုံမှာ Totti နဲ့ ပါနူချီတို့ရဲ့ လက်မောင်းမှာ ပတ်ထားတဲ့ လက်ပတ်နီညို ရောင်လေးကိုတွေ့ရတယ်မဟုတ်လား.. အဲဒါဘာကြောင့် ပတ်ထားတာလည်းသိလား.. လွန်ခဲ့တဲ့ စက်တင်ဘာအရေးအခင်းတုန်းက ကိစ္စနဲ့ပတ်သက်ပြီးတော့ ပုပ်ရ ဟန်းမင်းကြီးက မြန်မာနိုင်ငံက ဘုန်းကြီးတွေကိုအတွက် ရည်စုးပြီးအဲဒီနေ့မှာကစားတဲ့ အီတလီစီးရီးအေ ဘောလုံးပွဲ တွေမှာ မြန်မာ ဘုန်ကြီး တွေရဲ့ သင်္ကန်းရောင်ဖြစ်တဲ့ နီညိုရောင်ကို လက်မှာပတ်ပြီး ကစားစေခိုင်းတာဖြစ်ပါတယ်. အရင်က ဆိုရင် ဘယ်နိုင်ငံက ဘော လုံးပွဲတွေမှာမဆို (အင်္ဂလန်၊ အီတလီ၊ စပိန်) ၀မ်းနည်းခြင်းအထိန်အမှတ်အဖြစ် လက်ပတ်အနက်ကိုသာ ၀တ်ပြီး ကစား ကြတာပါ။ ဒါပေမယ့် အနက်ရောင်အစား သင်္ကန်းရောင်ဖြစ်တဲ့ နီညိုရောင်ကို ပြောင်းလဲဝတ်ဆင်စေခဲ့တာဖြစ် ပါတယ်..

ကျွန်တော်ပြောတာမယုံရင်ဒီဝက်ဆိုက်ဒ်မှာ ၀င်ကြည့်လို့ရပါတယ်. စာမျက်နှာ (၆)မျက်နှာ ရှိတယ်.. စာမျက်နှာ (၅)ကို သွားကြည့်လိုက်ရင် အဲဒီပုံလေး (၂)ပုံနဲ့ ပုံရဲ့ခေါင်းစဉ်ကို တွေ့ရပါလိမ့်မယ်... See This Orginal Photo And Photo Title

[+/-] ဆက်ဖတ်မယ်လေ...

28 May 2008

<<< ကိုယ်ကိုတိုင် Video Editing လုပ်မယ်.. >>>
ကိုယ့်ရဲ့ဓါတ်ပုံတွေ၊ ကိုယ့်ရည်းစားရဲ့ဓါတ်ပုံလေးတွေ၊ သူငယ်ချင်တွေရဲ့ဓါတ်ပုံတွေကို ကိုယ်ကိုတိုင် Video Editing လုပ်လို့ရတဲ့ Software လေးပါ.. ကျွန်တော်သူငယ်ချင်းတွေအတွက် အသုံးဝင်မှာပါ.. အရမ်းကို လွယ်ကူပြီး ရိုးရှင်းတဲ့Software လေးပါ။

In Album 3.0
InAlbum is a fun and easy to use software to turn your digital photos and videos into stunning photo album slideshows or DVD movies. Start with ready to use templates or custom templates which let you mix and match background animations, buttons, photo frames and transition effects. Then you can decorate your show with videos, animations, text effects, speech bubbles, sounds, music and voices. Furthermore, you can also import Flash Mmovie, animated GIF, PNG and WMF, or make fun with your family and friend's face by transforming it into alien, monkey, and many more using new MORPH clip technology. InAlbum Deluxe Edition provides more features. You can create DVD video with a great looking menu that is playable on TV using standard DVD player. Save your show into HTML and Flash movie files or AVI Video. Write autorun CDs that automatically play when inserted into a PC. Build executable files, screensavers and wallpapers. Print photos in various size and format: standard, jumbo, full size, greeting card, label, CD cover, sticker in high quality. InAlbum gives you more output options than any other slideshow softwares. Share your show via email and host it online at inAlbum.com for free.

Download လုပ်ရမယ့် link ... Inalbum 3.0
Instrall လုပ်ပြီးရင် ထည့်ရမယ့်  Serial Keys

[+/-] ဆက်ဖတ်မယ်လေ...

26 May 2008

<<< ကုသိုလ်ကောင်းမှုလုပ်ခြင်း.. >>>
အိပ်ရာကနေစောစောထဖြစ်တယ်.. မိုးကလည်းရွာနေတာနဲ့ ဘယ်မှသွားချင်စိတ်ကိုမရှိဘူး.. ပြီးတော့အိမ်သန့်ရှင်းရေး လုပ်ရ တယ်.. ဒါပေမယ့် ည(၈)နာရီမှာ သီတဂူဆရာတော်ကြီးရဲ့ တရားပွဲကို မဖြစ်မနေသွားမယ်လို့ ဆုံးဖြတ်ထားတယ်.. ကုသိုလ် လေး လည်း လုပ်ရမယ်လေ.. အပျော်နဲ့ကြီးပဲလုပ်နေလို့ မဖြစ်ဘူးလေ.. ဘယ်မှမသွားချင်တဲ့ အကြောင်းရှိတယ်.. ဘာလဲဆိုတော့ ပိုက် ဆံမရှိလို့.. ညနေ(၅)နာရီလောက်ကို အိမ်ကနေ အစ်ကိုတွေနဲ့ထွက်လာတယ်။ စောသေးတာနဲ့ အစ်ကိုက City Hall ကို ခဏ၀င် လိုက်တယ်။ Enous ဘုန်ကြီးကျောင်းကို ညနေ (၆)နာရီလောက်ရောက်တာတောင် နေရာမရတော့ဘူး။ ဒါနဲ့ပဲ အပေါ်ထပ်ကနေ ပဲ ဆရာတော်ကြီးရဲ့တရားကိုနာလိုက်ရတယ်.. ဆရာတော်ကြီးရဲ့တရားက ကောင်းလွန်းလို့ ဗိုက်ထဲဆာနေတာ တောင်မေ့သွား တယ်.. တရားပွဲက ည(၉း၃၀) မှာပြီးသွားတယ်။ အဲဒီမှ ဗိုက်ဆာနေတာကိုပြန်သတိရလာတယ်။ အိမ်ကိုအမြန်ပြန်ပြီး ဟင်းတွေ ၀ိုင်းချက်.. အားလုံစုပြီးစားကြတယ်.. ထမင်းစားပြီးခဏနေတော့ ရေချိုးပြီးအိပ်လိုက်တယ်.. မနက်စောစောထပြီး S-pass Card သွားထုတ်ရမှာကြောင့် စောစောစီးစီး အိပ်လိုက်တယ်။

[+/-] ဆက်ဖတ်မယ်လေ...

<<< ရုပ်ရှင်ရုံသို့ နောက်တခေါက်.. >>>
စနေနေ့က ရုံးပိတ်တော့ ဘယ်မှမသွားဘူး။ ညနေကျတော့ သူငယ်ချင်းကခေါ်လို့ City Hall ကိုရောက်သွားသေးတယ်။ အဲဒီက အပြန် Toa Pai Yo ကိုဝင်တယ်။ ဘုန်ကြီးကျောင်းမှာ ဓမ္မစကြာရွတ်ဖို့ချိန်းထားတာ.. အဲဒီသူငယ်ချင်းက နေမကောင်းလို့ မလာ ဖြစ်တာနဲ့ ပြန်လာခဲ့တယ်. ပြန်တော့ Amk Hub မှာ ရုပ်ရှင်ဝင်ကြည့်လိုက်သေးတယ်။ ရုပ်ရှင်ပြီးတော့ ဗိုက်အရမ်းဆာနေတာနဲ့ အိမ်မှာရှိတဲ့ဟာလေးကို ချက်ပြီးစားလိုက်ရတယ်.. ပြီးတော့ ခေါင်းတွေမူးလာတာနဲ့ Online တောင်မ၀င်ဖြစ်ပဲအိပ်ပျော်သွားတယ်

[+/-] ဆက်ဖတ်မယ်လေ...

23 May 2008

<<< ပထမဆုံးလုပ်ငန်ခွင်သို့ဝင်ခြင်း.. >>>
ကျွန်တော်ဘွဲ့ရတော့ အားနေတာနဲ့ အလုပ်ဝင်လုပ်တယ်... ကျွန်တော်ပထမဆုံးလုပ်တဲ့ အလုပ်က ဓါတ်ပုံစတူဒီယိုမှာ.. နာမည်က Focus Daily တဲ့.. မြန်မာမှာတော့နာမည်ကြီးတယ်.. ဓါတ်ပုံဆရာကိုသိလား.. ပြောမယ်.. မပြဘူး။ ၀ဏ္ဏခွာနီးတဲ့.. သူနဲ့
ကျွန်တော်က ငယ်ငယ်လေးကတည်းကသိတာ.. သူဓါတ်ပုံဆရာမဖြစ်ခင်ကတည်းကဆိုပါတော့.. ကျွန်တော်တို့က လှည်းတန်း မှာ အတူတူနေတာ.. တလမ်းထဲပဲလေး။ နောက်သူဓါတ်ပုံဆရာဝင်လုပ်တယ်... အဲဒီအချိန်မှာ ကျွန်တော်က အထက်တန်း ကျောင်းမပြီးသေးဘူး.. ကျွန်တော် (၁၀)တန်ပြီးတော့ သူကနာမည်ကြီးနေပြီ.. ကျွန်တော်ကလည်း ဓါတ်ပုံရိုက်တာ.. ဒီဇိုင်း လုပ်ရတာကိုဝါသနာပါတော့ သူဆီမှာလုပ်မယ်လို့အမေကိုပြောတော့ အမေက ဘွဲ့ရမှအလုပ်လုပ်ရမယ်ဆိုတာနဲ့ ဘွဲ့ရပြီးမှဝင် လုပ်ဖြစ်တာ.. အလုပ်သင်ပေါ့.. တော်တော်တော့ ပညာရတယ်.. ဓါတ်ပုံရိုက်တာ.. ဓါတ်ပုံပြင်တာတွေ.. ဒီဇိုင်းလုပ်တာ.. Video Editing လုပ်တာလည်း တတ်သွားတယ်.. အဲမှာဝင်လုပ်လိုက်တာ.. ကိုဝဏ္ဏဆီမှာ ကျွန်တော်အလုပ်လုပ်တာ.. (၁)နှစ်လောက် ပဲကြာတယ်.. အဲဒီအချိန်အတွင်းမှာ မတွေ့ဘူးတဲ့လူမရှိဘူး။ ကျွန်တော်က Studio ထဲမှာပဲနေရတာမဟုတ်ဘူး။ ကိုဝဏ္ဏဘယ် သွားသွားလိုက်ရတယ်.. ဓါတ်ပုံရိုက်တာကိုလိုက်ကြည့်ရတယ်.. အရမ်းပျော်ဖို့ကောင်းတယ်.. ကျွန်တော်ကို ဓါတ်ပုံပြင်တာ တွေ ဒီဇိုင်းလုပ်တာတွေကိုသင်ပေးတာက သူယောက်ဖ သင်ပေးတာ.. နောက်ကျွန်တော်အမေလှေခါးပေါ်က နေပြုတ်ကျ တော့ ကျွန်တော်လုပ်ပေးနေတာနဲ့ မသွားဖြစ်တော့တာ.. ဒါကျွန်တော်ရဲ့ပထမဆုံးလုပ်တဲ့ အလုပ်ပဲ။

[+/-] ဆက်ဖတ်မယ်လေ...

<<< ကျွန်တော်၏၀ါသနာ.. >>>
ကျွန်တော်ကဘောလုံးကန်တာကို အကြိုက်ဆုံးပဲ.. ရန်ကုန်မှာဆိုရင် တပတ်ကို (၃)ရက်ကန်တယ်။ ကွင်းအကြီးမှာ တရက်ကန် တယ်.. ရပ်ကွက်ထဲမှာ သူငယ်ချင်းတွေနဲ့ Wကန်တယ်။ ကျွန်တော် ကျွမ်းကျင်တာ အဲဒါပဲရှိတယ်။ နောက်ဝါသနာပါတာ တခု က သီချင်းနားထောင်တယ်.. ကျွန်တော်က သီချင်နားထောင်ရင် Hip Hop ကလွဲရင် ကျန်တာတွေနားထောင်တယ်.. တချို့အ ရမ်းဆူညံတွေတာဆိုရင်လည်း မကြိုက်ဘူး... ကျွန်တော်အကြိုက်ဆုံး အဆိုတော်က ကျားပေါက်.. ဒုတိယက ကိုင်ဇာတင်မုံ.. နောက်ဟာတွေက နားထောင်လို့ကောင်းရင် ကြိုက်တယ်.. ကျွန်တော်အခွေဝယ်ရင် Big Bag အခွေ.. နောက်သူဝင်ဆိုထား တဲ့ Album ဆိုရင် မူရင်းဝယ်တယ်.. တခြားအခွေတွေကိုတော့ Copy ပဲဝယ်တယ်.. အရမ်းကြိုက်တယ်ဆိုရင်တော့ Orginal ၀ယ်တယ်.. ဥပမာ.. နော်နော်လိုပေါ့.. နောက်ဝါသနာပါတာတစ်ခုက ဂိမ်းဆော့တာ.. ကျွန်တော်အမြဲဆော့တဲ့ဂိမ်းက ဘောလုံး မန်နေဂျာ.. အဲဒါကိုအကြိုက်ဆုံးပဲ.. တခြားဟာတွေတော့ စိတ်မ၀င်စားဘူး။ ကောင်မလေးတွေကလွဲရင်ပေါ့.. ဟဟ

[+/-] ဆက်ဖတ်မယ်လေ...

<<< ကြက်ဥနဲ့ကြက်မဘယ်ကလာလဲ.. >>>
ကျွန်တော်အားနေရင် စဉ်စားမိတာတွေထဲက တစ်ခုကိုပြောပြမယ်.. သူငယ်ချင်းတို့လည်းစဉ်းစားကြည့်ပေါ့. အဲဒါကဘာလည်း ဆိုတော့ ကြက်ကိုဘယ်ကရလဲ.. ကြက်ဥကရတာပေါ့.. ဟုတ်တယ်မှလား။ ဒါဆိုရင် ကြက်ဥကိုရော ဘယ်ကရလဲ. ကြက်မကနေပဲ ရတာမဟုတ်ဘူးလား... အဲဒါဆိုရင်.. ကြက်ဥက ဘယ်ကနေရလဲ... ကြက်မကိုဘယ်ကရလဲ.. ကြက်မက အရင်ဖြစ်တာလား.. ဒါမှမဟုတ်.. ကြက်ဥက အရင်ဖြစ်တာလား.. နည်းနည်းစဉ်းစားပေးပါဦး။

[+/-] ဆက်ဖတ်မယ်လေ...