ဒီစာလေးက ကျွန်တော်ကိုဓါတ်ပုံလေးတွေပို့ပေးတဲ့ သူငယ်ချင်းပဲပို့ပေးတာ.. ကျွန်တော်မေးလ်ထဲ ပို့ထားတာကြာပြီ.. အခုမှသတိရလို့တင်ပေးလိုက်တာ
ရေးသူ - အမည်မသိ
(ရေးသူက မနေ့က လုပ်ကြံခံရတဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုကိုတော့ အားနာပါရဲ့လို့ စကားပလ္လင် ခံထားလေရဲ့)
မနေ့က သတင်းစာ ဖတ်ဖြစ်လားလို့ တယောက်က စကားစတယ်။ ဘာလဲလို့ မေးတော့ ကျေးရွာတွေမှာ လျှပ်စစ်ထုတ်သုံးနိုင်ဖို့ လူတယောက်ရဲ့ တီထွင်မှုအကြောင်း ဆောင်းပါး ရေးထားတာတဲ့။ ဆောင်းပါးရေးသူက ရွှန်းရွှန်းဝေအောင် ချီးမွမ်းထားတာပဲတဲ့။ အဲဒီ တီထွင်သူ ဓာတ်ပုံလည်း ပါတယ်လို့ ပြောတယ်။ ၂၀၀၀ ခုနှစ် ကတည်းက စမ်းသပ်ခဲ့တာ အခု ၂၀၀၇ကုန်မှ အောင်မြင်တာတဲ့။ လျှပ်စစ် ဘယ်လိုထုတ်တာလဲလို့ မေးတော့ ဒိုင်နမိုမော်တာကို အလယ်မှာ ထောင်ထားပြီး ၀ါးလုံးတွေနဲ့ ပေ ၇၀လောက်ရှိတဲ့ လှည်းဘီးပုံကြီးလုပ်လို့ နွားတွေနဲ့ လှည့်ခိုင်းတာတဲ့။ နွား ၆ ကောင် ၆ နာရီ မနားတမ်းလှည့်ရင် မီးချောင်း အချောင်း ၂၀၀ လင်းတယ်တဲ့။ ၆နာရီလှည့်တာ ဘယ်နှစ်နာရီ လင်းသလဲလို့ ထပ်မေးတော့ ၆နာရီလင်းတာပေါ့လို့ ပြောပြတဲ့ လူက စိတ်မရှည်သလို ပြန်ဖြေတယ်။
ပြီးတော့ သူက ပြောသေးတယ်။ အဲဒီ လျှပ်စစ်ထုတ်တဲ့ ဒိုင်နမိုကို ကွန်ပြူတာနဲ့လည်း ချိတ်ဆက်ပြီး ထိန်းချုပ်ထားတာဆိုပဲ။ မီးအား အသုံး၊ အတက်အကျတွေကို ကွန်ပြူတာနဲ့ ထိန်းထားတာတဲ့။ အဲဒီ ကွန်ပြူတာကို ဘယ်မီးနဲ့ ဖွင့်သလဲဆိုတော့ ပြန်မဖြေဘူး။ ဘုကြည့် ပြန်ကြည့်တယ်။ ကျနော်လည်း ဆက်မမေးတော့ဘဲ စဉ်းစားကြည့်မိတယ်။ ၆နာရီ မီးလင်းဖို့ နွား ၆ကောင်က ၆နာရီလမ်းလျှောက်ရမယ်။ နွားလဲတယ်ဆိုရင်တော့ အနည်းဆုံး ၃ဆိုင်း လဲရမယ်။ ၆ ကောင်တွဲ ၃ဆိုင်းဆိုရင် ၁၈ကောင် လိုမယ်။ ပေ၇၀ လှည်းဘီးဆိုတော့ ပေရှစ်ဆယ် ပတ်လည်လောက် ကွင်းကျယ်ကျယ်တခု လိုမယ်။ မြေပြန့်လည်း ဖြစ်ရမယ်။ မီးကြိုးတွေ သွယ်ဖို့လည်း သိပ်မဝေးရဘူး။ အဲဒီ အလယ်ကောင်မှာ ဒိုင်နမိုကြီးချပြီး နွားတွေနဲ့ လှည့်တာ။ နွားတွေက တနေကုန် အိပ်နေတဲ့ ကောင်တွေ မဟုတ်ဘူး။ အလုပ်က လုပ်ထားရတာ။ လင်းမယ့် မီးက မီးချောင်း။ ပြီးတော့ မိုးရွာရင် အဲဒီ ပေ ၇၀ အကျယ်ကြီးကို အမိုး မိုးပေးရဦးမယ်။ လောင်စာကို ချွေတာတာတော့ ချွေတာတာပေါ့လေ။ ဒီ အရူးပရောဂျက်ကြီးကို စဉ်းစားတဲ့ လူက ၇နှစ် အကုန်ခံပြီး စဉ်းစားလုပ်တယ်။ ချီးမွမ်းတဲ့ လူက သတင်းစာကနေကို တိုင်းပြည် အခုချက်ချင်း တိုးတက်တော့မယ်လို့ ရေးပြီး ချီးမွမ်းတယ်။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်။ တီထွင်တဲ့ လူကြီး နောက်ဘ၀ နွားမဖြစ်ပါစေနဲ့ လို့တော့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်သေးရဲ့။ ။
မှတ်ချက် ။ ။ ကြက်ဆူပင်တွေတော့ လမ်းဘေး ၀ဲယာအနှံ့(တပြည်လုံး)မှာ စိုက်ပြီးပြီ။ ခုတော့ တပြည်လုံး နွားမွေးရမယ့် အခြေအနေ ရောက်လာပြီ။ အားလုံး မွေးပြီးတဲ့အခါ ကျနော်တို့တိုင်းပြည်ကြီးလည်း နွားတိုင်းပြည်ကြီးဖြစ်လို့ "နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ" ဆိုရတော့မယ်။ စကားမစပ် နေပြည်တော် ၀န်းကျင်ကို မြန်မာပြည်မှာ အကြီးကျယ်ဆုံး နွားမွေးမြူရေး ဧရိယာအဖြစ် သတ်မှတ်ဖေါ်ဆောင်နေတယ် သတင်းကြားရတယ်။ ဒီသတင်းမှန်ရင်/ တကယ် အကောင်အထည်ပေါ်ရင် နေပြည်တော်က အရင် နွားနေပြည်တော် ဖြစ်မှာ …။
Posted by ဘိုဘို at 10:21 PM 0 comments
Labels: စိတ်ထဲမှာရှိတာလေးတွေ
ကျွန်တော်စင်္ကာပူရောက်တော့ သီတဂူဆရာတော်ကြီးရဲ့ တရားပွဲကိုရောက်သွားသေးတယ်.. အဲဒီမှာ ဆရာတော်ကြီးပြောတဲ့စာစုလေးကိုကြိုက်လို့ ကျွန်တော်မှတ်မိသလောက် ကျွန်တော်ဘလော့ဂ်မှာ ပြန်ရေးလိုက်တာပါ.. ကျန်ခဲ့တာရှိရင်ခွင့်လွှတ်ပေးပါ.. ဆရာတော်ကပြောတယ်..
အမှားကိုအမှားမှန်းသိရမယ်
ကိုယ်မှားတာကို ကိုယ်ဝန်ခံရမယ်
နောက်မလုပ်တော့ပါဘူးလို့ ကတိပေးရမယ်။
Posted by ဘိုဘို at 9:37 PM 1 comments
Labels: စိတ်ထဲမှာရှိတာလေးတွေ
Posted by ဘိုဘို at 9:12 PM 0 comments
Labels: စိတ်ထဲမှာရှိတာလေးတွေ
ဒီနေ့ အိပ်ရာထနောက်ကျတယ်.. ရုံးကို (၉း၃၀)မှရောက်တယ်.. ရန်ကုန်ကနေ ကျွန်တော်နဲ့ အလုပ်အတူတူလာရှာတဲ့ သူငယ်ချင်းက Visa သက်တမ်းကုန်သွားလို့ ဒီနေ့ပဲ ရန်ကုန်ပြန်ရတော့မယ်.. စိတ်ထဲမှာ တမျိုးပဲ.. အတူတူလာပြီးတော့ အခုလို ပြန်သွားတော့ စိတ်ထဲမကောင်းဘူး.. ဆိုးတူကောင်းဘက်တွဲလာတဲ့ သူငယ်ချင်း.. စိတ်တူကိုယ်တူပေါင်းလာတဲ့သူငယ်ချင်း၊ အပြန်အလှန်နားလည်မှုရှိတဲ့သူငယ်ချင်းက တယောက်တည်း ပြန်သွားတော့ ကျွန်တော်အနားမှာ ဘယ်သူမှမရှိတော့ဘူး... အရေးကြုံရင်တိုင်ပင်စရာလူလည်း မရှိတော့ဘူး။ အခုတော့ ကျွန်တော်တယောက်တည်းဖြစ်သွားပြီ။
Posted by ဘိုဘို at 3:24 PM 2 comments
Labels: ကျွန်တော့်ရဲ့ သူငယ်ချင်းများ